မနေ့ကပြောသလိုပဲ ဖင်လန်(Finland) နိုင်ငံရဲ့ ပညာရေးက တစ်နေ့တာ ရဲ့စာသင်ချိန်တွေကို လျှော့နိုင်သလောက် လျှော့တယ်။ မနက်ပိုင်း(၈)နာရီစတဲ့ ကျောင်းက နေ့ခင်း(၁)နာရိဆိုကျောင်းဆင်းပြီ။ ကလေးတွေက လောကကြီးကို လေ့လာဖို့ လွတ်လွတ်လပ်လပ် အချိန်ပေးနိုင်တယ်။ မြန်မာပြည်က ကလေးတွေကတော့ ည(၈)နာရီအထိတောင် မပြီးချင်သေးဘူး။ သားသမီးကို (၆)နှစ်အသက်ပြည့်တာနဲ့ ကျောင်းထားလိုက်တာ မိဘနဲ့ ညဘက်အိပ်ချိန်လေးပဲ ပြန်တွေ့ရတာ ဘယ်နှစ်နှစ်ကြာတယ်ထင်သလဲ။ သင်တော့လည်း ဘုန်းကြီး ပိဋကတ်နဲ့ မှားနေလား မပြောတတ်။ အာဂုံဆောင်ရင်း ဘွဲ့ရသွားတာ ဘာမှ မသိလိုက်ဘူး။ ပညာရေး ဝန်ကြီးက အသက်(၃၀)ကျော်။ ဝန်ကြီးချုပ်ကလည်း (၃၀)ကျော်။ လူငယ်ဝန်ကြီးတွေမိုလို့လားမသိ။ ဝန်ကြီးချုပ်က တစ်နေ့တာ ရဲ့ အလုပ်ချိန်တွေကို လျှော့မလား၊ ဒါမှ မဟုတ် working days ကို တစ်ပတ်ကို (၄)ရက်ပဲ ထားမလား လုပ်နေတဲ့ သူ။ ဖင်လန်နိုင်ငံရဲ့ ပညာရေးက ကျောင်းပညာရေး တင် သင်တာမဟုတ်ဘူး။ လူအဖွဲ့စည်း၊ လူမှုရေး အကြောင်းပါ သင်တယ်။ ဒါကြောင့် ကျောင်းတွေဟာ the Center of the Community လို့ပြောကြတယ်။ စာသင်ခန်းတွေဟာ ကျောင်းစာလျှော့သင်တယ်။ ပြင်ပ အပိုဆောင်း extra-curricula ပိုင်းကို ဦးစားပေးတယ်။ အရေးပါတဲ့ သင်ယူခြင်းဆိုတာ စာသင်ခန်းတွေရဲ့ အပြင်မှာပဲ ရှိတယ်လို့ ယုံကြည်ကြတယ်။ ဖင်လန်နိုင်ငံက ဆရာတွေက စာသင်ချိန် တစ်နှစ်ကို နာရီ ၆၀၀ ပဲ ရှိတယ်။ ကြားပိတ်ရက်မတွက်ဘဲ နွေကျောင်းပိတ်ရက်(Summer Break) (၂)လ ပဲ ထားအုံး။ ဆရာတစ်ယောက်ရဲ့ တစ်နေ့စာသင်ချိန်ဟာ အများဆုံး (၂)နာရီ ခွဲ ထက်မပိုဘူး။ ဒီအတိုင်းတာကို ကြည့်ရင် အမေရိကားက ဆရာတွေထက် ဖင်လန်နိုင်ငံက ဆရာတွေရဲ့ စာသင်ချိန်က တစ်ဝက်ပဲ ရှိတယ်။ ဒီလိုစာသင်ချိန်နည်းပြီး အချိန်ပိုရတဲ့ အတွက် Finland က ဆရာတွေဟာ သူတို့အားတဲ့ အချိန်တွေမှာ သူတို့ အတွက် Professional Development ပိုင်း အချိန်ပိုပေးနိုင်သလို၊ ကျောင်းသား၊ မိဘတွေနဲ့ အချိန်ပေးပြီး Feedback တွေ သုံးသပ်ချိန်ပိုရတယ်။ ဖင်လန်နိုင်ငံရဲ့ ဆရာတွေက ကမ္ဘာမှာ သင်ကြားမှု အကောင်းဆုံးလို့ ဆိုကြတယ်။ ဘာလို့လဲ ဆိုတော့ ကမ္ဘာ့အဆင့်မီ ပညာရေးစနစ်တွေကို သုတေသန အစဉ်အမြဲလုပ်နေသလို၊ ဆရာတွေကို ခေတ်နဲ့လိုက်လျောညီထွေ ဖြစ်အောင် အမြဲတမ်း Training လုပ်ပေးနေကြတယ်။ ဆရာဖြစ်ဖို့ကလည်း ခက်တယ်။ primary နဲ့ secondary အတွက် သင်တဲ့ ဆရာက မာစတာပြီးမှ တဲ့။ ဒါတောင် ဆရာဖြစ်ဖို့က ဝင်ပြိုင်ရသေးတယ်။ သူတို့ဆီမှာ ဆရာဆိုတာ လူတိုင်းလေးစားတဲ့ Professional သမား။ အလုပ်လျှောက်တဲ့ (၁၀၀)မှာ (၁၀)ယောက် ဆရာဖြစ်ဖို့မလွယ်တဲ့နိုင်ငံ။ ဒါကြောင့်လဲ PISA နဲ့ တခြား နိုင်ငံတကာ ပညာရေးစစ်တမ်းတွေ၊ စာမေးပွဲတွေ နဲ့ OECD နိုင်ငံတွေမှာ ထိပ်ဆုံးက ရပ်တည်နေတယ်။ နှစ်ပေါင်း (၅၀)ကြာ စနစ်ကောင်းကောင်း သုတေသနကောင်းကောင်း လုပ်လာခဲ့တဲ့ ပညာရေးကြောင့်လည်း နိုင်ငံကို ထိပ်ဆုံးကို တွန်းပို့ပေးနိုင်ခဲ့တယ်။ စာတတ်မြောက်နှုန်းကိုလည်းကြည့် ၉၅.၅% တဲ့။ ၁၉၈၀ ပြည်နှစ်များကတည်းက စတင်ခဲ့တဲ့ ပညာရေးဟာ ဆယ်စုနှစ်တိုင်း ဆယ်စုနှစ်တိုင်း မတူ ထူးခြားတဲ့ တိုးတက်ပြောင်းလဲမှုတွေဖြစ်လာတာဟာ Digitalization လို့ခေါ်တဲ့ ဒစ်ဂျစ်တယ် ခေတ်ပြောင်းပညာရေး အတိုင်း ဆရာတွေနဲ့ သင်ကြားမှုစနစ်တွေကို ထပ်ပေါင်း ဖြည့်ဆီး လေ့ကျင့်ခဲ့လို့သာ အကျိုးရလာဒ်ကောင်းတွေ ရခဲ့တယ်လို့ ဆိုပါတယ်။ Traditional အတိုင်းသင်ခဲ့တဲ့ ဘာသာရပ်တွေနဲ့ သင်နည်းစနစ် ကို စွန့်ပစ်ခဲ့ကြတယ်။ ကျောင်းသားတွေကို learning skills ကောင်းအောင် သင်ကြားရေးမှာလည်း ဒစ်ဂျစ်တယ်နည်းပညာ အကူအညီတွေ နဲ့ ကလေးတွေရဲ learning environment ကို ပြောင်းပစ်ကြတယ်။ ဖင်လန်ရဲ့ ပညာရေး စနစ်ဟာ အတိတ်ပုံစံအတိုင်း စွဲကိုင်ထားတာမဟုတ်သလို၊ ပစ္စုပ္ပန်ရဲ့ ပုံစံကိုလည်း စံထားတဲ့ ပညာရေး မဟုတ်ဘဲ ခေတ်နဲ့ လိုက်လျောညီထွေတဲ့ သင်ကြားမှုစနစ်တွေကို ဆက်တိုက် လုပ်နေ၊ ပြောင်းလဲနေတဲ့ ကမ္ဘာပေါ်မှာ အကောင်းဆုံးပညာရေး တစ်ခုလို့ ဆိုရမှာဖြစ်ပါတယ်။ Pre-school ပြီးရင် အသက်(၇)နှစ်ကနေ (၁၆)နှစ်အထိ Comprehensive School ဆိုပြီးပဲ ထားတယ်။ ဒီနိုင်ငံကလို မူလတန်း၊ အလယ်တန်း မထားဘူး။ ဒီအကြောင်းဆက်ပါအုံးမယ်။ လွန်ခဲ့တဲ့ (၂)နှစ် က ရေးခဲ့တာ စာပါ။ ပထမပိုင်းပြန်တင်ပေးပါမယ်။ တစ်စုတစ်စည်းတည်း ဖတ်လို့ရအောင် Website လေးလည်းလုပ်နေပါတယ်