နိုင်ငံတကာ တက္ကသိုလ် တွေကို သွားနိုင်ဖို့ ခုကတည်းက ဘာပြင်ထားရမလဲ တဲ့။ဘယ်သူတက်မှာလဲ လို့မေးတော့ ကျွန်မကလေးအတွက်ပါ တဲ့။ ကလေး က ဘယ်အတန်း တက်နေတာလဲ ဆိုတော့ “ခုမှ ကျောင်းစအပ်မှာ လေးနှစ်ခွဲ” တဲ့ 🙂အတော်နောက်တယ် 😀 လောလောဆယ် ကိုယ်အရင်ကျောင်းတက်လိုက်ပါ လို့ စလိုက်တယ်။ 😀တို့မိဘတွေလည်း ပညာရေးကို အားပါလွန်းတယ်။ တော်သေးတာပေါ့ ဗိုက်ထဲရှိနေတဲ့ ကလေးအတွက် မမေးတာဘဲ။နိုင်ငံတကာ ကျောင်းတွေ သွားတက်ဖို့ ဆိုတာထက် ကလေးရောက်နေတဲ့ အရွယ်မှာ ရှိသင့်ရှိထိုက်တဲ့ အရည်အချင်းလေးတွေသာ ရအောင်ဖြည့်ထားပေးပါ။ ကျောင်းစာတွေ ထက် အပြင်စာတွေပါ ဖတ်ခိုင်းလေ့လာခိုင်းပါ။ အားရင် ကလေးကို စာဖတ်ကူပေးပါ။ မဟုတ်ရင်လည်း ကလေး ဖတ်နိုင်တဲ့ စာအုပ်လေးတွေ သူ့အနီးနာ ချပေးပါ။ မြန်မာပြည်မှာ စာကြည့်တိုက်တွေ ရှားတဲ့အတွက် ရနိုင်တဲ့ စာအုပ်ဆိုင်တွေကနေ ရုပ်ပြလေးတွေပါတဲ့ စာအုပ်လေး တွေ စုပေးပါ။YOUTUBE ကြည့်တာ မပိတ်ပင်ပါနဲ့, အချိန်လေးပဲ ကန့်သတ်ပေးပါ။ ဂိမ်းကစားတာကို မငေါက်ပါနဲ့ နာရီသတ်မှတ်ပေးလိုက်ပါ။တကယ်တော့ ကျောင်းစာတွေလိုပဲ တချို့ YouTube တွေနဲ့ ဂိမ်းတွေက ကလေးတွေကို ဥာဏ်ရည်နဲ့ ဗဟုသုတတွေကို ပေးပါတယ်။ (* ဒီအကြောင်းတွေ သီးသန့်ထပ်ရေးပါမယ်)ဆရာဝန်ကြီးလုပ်ခိုင်းမယ်, ဘာကြီးဖြစ်ရမယ်ဆိုပြီး, ကလေးကို pressure မပေးပါနဲ့။ သူ့စိတ်နဲ့သူ လွတ်လပ်အောင် ထားပေးပါ။ လမ်းကြောင်းလေးပဲ ပေးထားလိုက်ပါ။ တကယ် ဇ ရှိ, ပါရမီရှိတဲ့ကလေး က ကိုယ် ထင်တာထက် ထွန်းပေါက်နေတတ်ပါတယ်။မိဘက သိပ်ဆန္ဒပြင်းလွန်းပြီး ဇွတ် အဓမ္မ မောင်းနေလည်း ကလေးက မလိုက်နိုင်ရင် ကလေးလည်း မော, လူကြီးလည်း ပန်းတတ်ပါတယ်။ တကယ်အောင်မြင်တဲ့ဘဝတွေ ဖြစ်လာဖို့ဆိုတာ ပတ်ဝန်းကျင်ကောင်းက အရေးကြိးပါတယ်။ အဲဒီပါတ်ဝန်းကျင်ကောင်းက ကိုယ် ကိုယ်တိုင်ရွေးချယ်ကြရတာပါ။နောက်ဆုံးပြောချင်တာက ကိုယ်ကိုယ်တိုင်ကလည်း သိပ်အကြီးကြီး မမျှော်လင့်ပါနဲ့။ ပြိးတော့ ကလေးကိုလည်း ကိုယ့်ဖြစ်ချင်တဲ့ စိတ်ကူးအိပ်မက်တွေ ဇွတ်အတင်းမထည့်ပေးပါနဲ့။တကယ့် အောင်မြင်မှုအစစ်ဆိုတာ စိတ်ချမ်းသာပြီး ကိုယ်ကိုယ်တိုင် ကျေနပ်နေတဲ့ အလုပ်ဖြစ်သလို, ပတ်ဝန်းကျင်ကို ကောင်းကျိုးဖြစ်ထွန်းစေတာမျိုးပါ။ဆက်ပါအုံးမယ်။