ကလေးတွေ YouTube ကြည့်သင့်လားဆရာတဲ့။ 🙂 ခေတ်က သူတို့ခေတ်။ ကိုယ်တွေလို တီဗီကြီးရှေ့ထိုင်းပြီး အသံလွင့်တဲ့သူတွေက သူတို့ ပြောချင်ရာ ပြချင်ရာ ထိုင်စောင့်ကြည့်ရတဲ့ ခေတ်မှ မဟုတ်တာ။ ကလေးမပြောနဲ့ လူကြီးပါ ကြည့်သင့်တယ်။ တချိန်လုံး ဆိုရှယ်မီဒီယာပေါ်မှာ အချိန်ကုန်တာထက် စာရင် YouTube ထဲက စိတ်ဝင်စားစရာတွေ ဝင်ရှာပြီး လေ့လာသင့်တယ်။ ဘာသာစကားပြော, ဟင်းချက်နည်း, မုန့်လုပ်နည်း, စက်ပြင်နည်းကအစ နိုင်ငံတွေအကြောင်း, ကမ္ဘာ့မြို့ကြီးတွေအကြောင်း, နိုင်ငံရေး, စီးပွါးရေး စုံလို့။ သိပ်စိတ်ဝင်စားစရာတွေ အများကြီး။ ကလေးတွေကို ကြည့်ခိုင်းတဲ့ အခါ ကလေးနဲ့ဆိုင်တဲ့ င်္အဂလိပ်သီးချင်းလေးတွေ, တချို့ YouTuber လေးတွေက အိမ်ထဲမှာ အရုပ်ဆော့ရင်း စကားပြောတာလေးတွေက ကလေးတွေကို ဘာသာစကား အတွက် အလွန်အထောက်ပံ့ဖြစ်စေသလို သူတို့နေ့စဉ်ဘဝတွေလေးအတွက်လည်း အတုယူစရာလေးတွေ ပါကြတယ်။ ဇာတ်လမ်းလေးတွေထဲက ဖြစ်ဖြစ်, ကလေး YouTuber တွေက ဖြစ်ဖြစ် ခေတ်မီပစ္စည်းအသုံးဆောင်တွေနဲ့ ပတ်ဝန်းကျင် အသစ်တွေ က ဗဟုသုတတွေ အမြောက်အများ ရနိုင်တယ်လေ။ ဒါတွေကို သူ့တို့ဘာသာ ကြည့်ရင်း သင်ယူကြတယ်။ YouTube ထဲက အသစ်သစ် စိတ်ဝင်စားစရာ ပုံပြင်လေးတွေကလည်း မရိုးနိုင်။ ကိုယ်တွေ ညအိမ်ယာဝင် ပုံပြင်ပြောရင်တောင် သူတို့က စိတ်မဝင်စားတော့။ သီချင်းကြိုက်တဲ့သူက သီးချင်း၊ ဟာသကြိုက်တဲ့သူက ဟာသ၊ သတင်းစိတ်ဝင်စားတဲ့သူက သီတင်း ကြည့်မကုန်။ တကယ်တော့ သူ့ခေတ်နဲ့သူ၊ နည်းပညာခေတ်မှာ နည်းပညာ နဲ့ပါတ်သက်တာတွေ မသိ, မရင်းနှိးရင် ကိုယ်တွေပါ ခေတ်ရေစီးကြောင်းထဲကနေ ပြုတ်ကျကျန်ခဲ့မှာပါ။ ဒါကို ရှေးရိုးစွဲတဲ့ အယူအဆနဲ့ ကလေးကို ဖုန်းပေးမကြည့်ဘူး၊ ဘာဘူးတို့ ဆိုရင် ကိုယ်တင်မဟုတ်ဘူး၊ ကိုယ့်မျိုးဆက်ပါ ဆွဲချနေသလို ဖြစ်နေမှာပါ။