ကိုဗစ်တွေကတည်းက အတန်းတွေ အောက်ပြီး အသက်အရွယ်လွန်သွားတဲ့ သားတွေသမီးတွေအတွက် စိတ်ပူနေကြတဲ့ မိဘတွေ ကို နည်းလမ်းပြောပါမယ်။
အသက်ရွယ်လွန်သွားပေမယ့်လည်း လက်ရှိတက်နေတဲ့ကျောင်းသား ဖြစ်ကြောင်းပြနိုင်ရမယ်။ ပြည်တွင်းကောလိပ် သို့မဟုတ် ပြည်ပ ကျောင်း တက်နေပါတယ်ဆိုတဲ့ အထောက်အထား ပြနိုင်ရင် ဘာမှ စိတ်ပူစရာမရှိပါဘူး။ ယာယီဆိုင်းငံ့တာမျိုးနဲ့ ပညာကို ဆက်သင်ပါ။ မနေ့ကပြောသလို တည်တည်ငြိမ်ငြိမ် နဲ့ လုပ်စရာရှိတာလုပ်ကြပါ။
ဘယ်ကျောင်းဖြစ်ဖြစ် ကျောင်းတွေ လျှောက်ပါ။ ရတဲ့(သင့်တဲ့) ကျောင်းတက်ပါ။ ပြည်ပဖြစ်ဖြစ်၊ ပြည်တွင်းဖြစ်ဖြစ် ပညာရေးကိုပဲ အာရုံစိုက်စေချင်ပါတယ်။
ပြည်ပကျောင်းတွေကိုလျှောက်တဲ့အခါမှာလည်း တစ်နိုင်ငံ၊ တစ်ကျောင်းတည်းကို ဦးတည်ပြီး မလျှောက်ပါနဲ့။ အကုန် ကြိုးစားကြည့်ပါ။ လိုအပ်တာတွေ အကုန်ပြင်ပါ။ လူငယ်တွေ၊ သားတွေသမီးတွေကို ပြောချင်တာက အင်အားရှိသလောက် အဝေးဆုံး အမြင့်ဆုံးအထိ ပျံသာပျံပါ။ တချိန်မှာ အမေ(အဖေ)နဲ့ ကိုယ့်နိုင်ငံအတွက် ပြန်အကျိုးရှိစေရမယ်ဆိုတာကို ဘယ်တော့မှ မမေ့ပါနဲ့ လို့ ပြောပါရစေ …
ဆက်ပါအုံးမယ်
ကျေးဇူးတင်ပါတယ်။