ကံမကောင်းတာတွေများနေရင် ကုသိုလ် များများလုပ်ပါတဲ့။ ရေများရေနိုင်, မီးများမီးနိုင်ဆိုတဲ့စကားလို ကုသိုလ်က များလာရင် အကုသိုလ်အကျိုးက အားပျော့သွားပြီး ကံကောင်းတာလေးတွေ ပြန်ရလာတတ်တယ် ဆိုတဲ့သဘောပါပဲ။ ယတျာချေတာကို လက်မခံလို့မဟုတ်ပေမယ့် အကျိုးပေးမယ့်ဘုရားမှာ ပန်းလေး ကပ်ဆီမီးလေး ပူဇော်တာလောက်နဲ့ တချို့ မကောင်းကံတွေက လွယ်လွယ်ပျောက်သွားနိုင်တာမှ မဟုတ်တာ။ ဘာနဲ့တူသလဲဆိုတော့ ထင်းမီးတောက်ကြီးကို ပါးစပ်ထဲက ငုံထားတဲ့ရေလောက်နဲ့ ဖူးမှုတ်ပြီး ငြိမ်းသတ်သလို ဖြစ်နေမှာပါ။ အကုသိုလ်ကြီးလေ, မကောင်းကံအကျိုးပေးတာတွေကို ကျော်လွှားဖို့ခက်လေပါပဲ။ ကံဆိုးတာဖြစ်ဖြစ်, ကံကောင်းတာဖြစ်ဖြစ် အမြဲတမ်း ဖြစ်မနေတတ်ပါဘူး။ မပြေတာတွေ များလာလေလေ, စိတ်ကို ပိုငြိမ်အောင် ကောင်းစိတ်တွေ ကိန်းအောင်လာအောင် တရားထိုင်တာမျိုး, ကုသိုလ် စိတ်တစ်ခုခု ကို ပြုနေသင့်ပါတယ်။ လိုချင်တာ, ဖြစ်ချင်တာ များနေရင် လည်းကိုယ့်စိတ်ကို ကိုယ် ပြန်ချုပ်နိုင်ဖို့ သတိထားရပါမယ်။ လိုချင်လွန်း ဖြစ်ချင်လွန်းအားကြီးနေရင်လည်း ဒေါသ, လောဘတွေ က မြူနှင်းတွေလို ဖုံးပြီး ကိုယ်သွားရမယ့်လမ်းကို ရှင်းရှင်းလင်းလင်း မြင်ဖို့ ခက်သွားတတ်ပါတယ်။ ဒါကို က မကောင်းကံတွေ ကို ကိုယ်တိုင်ဖန်တီးလိုက်သလိုဖြစ်နေတတ်တယ်။ လောဘနည်းလေ, ဒေါသ နည်းလေ လူကို ပေ့ါပါးစေသလို၊ စိတ်ကို ပိုကြည်လင်စေလို့ ကြည်နေတဲ့မှန်လို မြင်ကွင်းကျယ်ကြီးကို ရှင်းလင်းစွာ မြင်စေနိုင်တယ်။ စိတ်လေးရှင်းလင်းကြည်လင်နေရင် ဘာလေးလုပ်လုပ် အမှန်တိုင်းမြင်နိုင် လို့ အမှားနည်းစေပါတယ်။ အမှားနည်းရင် လုပ်ရတဲ့ အလုပ်တိုင်း ၈၀ ရာခိုင်နှုန်း ထိရောက်သလို၊ ရလာဒ်လည်း အကောင်းဘက်များလာပါလိမ့်မယ်။ ကုသိုလ်စိတ်တွေ များများ ထားနိုင်ရင် ကြည်လင်တဲ့ စိတ်တွေလည်း များများရလာလိမ့်မယ်။ စိတ်ကြည်လင်လာတာများရင် ကောင်းကံတွေကလည်း အလိုလို ရောက်လာနိုင်လို့၊ မှန်လေး ကြည်လင်နေရင် လူတိုင်း လာကြည့်ချင်ကြသလို မိတ်ဆွေလည်းတိုး, လူချစ်လူခင်လည်းပေါများပြီး၊ လောဘကို သတ်ပြီး, ဒေါသကို လျှော့နိုင်ဖို့ ကြိုးစားနိုင်ကြရင် ကောင်းကံတွေ တန်းစီပြီး ဝင်လာမှာ ပါ။ လိုချင်တာ ဖြစ်ချင်တာတွေ မေ့ထားပြီး လုပ်စရာရှိတာ သာ လုပ်ပါ၊ ကောင်းစိတ်လေးနဲ့သာ အဆက်မပြတ်လုပ်သွားပါ။ ကုသိုလ်က များလာရင် မကောင်းကံတွေက နောက်ဆုတ်သွားပါလိ့မ်မယ်။ ကုသိုလ်ဆိုတာ အလှူကြီးတွေပေးမှ ရယ် မဟုတ်ပါဘူး။ နေ့စဉ်ပြုနိုင်သမျှ၊ ခြေကုသိုလ်, လက်ကုသိုလ်, နှုတ်ကုသိုလ်, ဝစီကံကုသိုလ်တွေ နဲ့ ကိုယ် တတ်နိုင်တာလေး နဲ့ စုဆောင်း ကုသိုလ်ပြုပါ။ ကောင်းကံတွေ ဆိုတာ တကယ်တော့ စိတ်တစ်ခုတည်းက ပဲ ရှေ့ဆောင်နေတာပါ။ ဆက်ပါအုံးမယ်။
20
Feb
ကံမကောင်းတာတွေများနေရင် ကုသိုလ် များများလုပ်ပါ
February 20, 2024
One Min Read
238
Views
0
Comments
Related Posts
ညီညွတ်ခြင်းက ဘယ်လောက် ပါဝါကြီးကြီး အနိုင်ယူနိုင်တယ် တဲ့။
February 20, 2024
Emotional skills
February 20, 2024
ဒီနေ့ခေတ်ကမ္ဘာကြီး က
February 20, 2024