ကျောင်းတက်ဖို့ ကုန်ကျစရိတ်နဲ့ ရနိုင်တဲ့ လစာဝင်ငွေ
US ဘက်မှာ အိုင်တီ သို့မဟုတ် Computing Science နဲ့ ကျောင်းတက်မယ်ဆိုရင် ..
ပုံမှန် ဈေးသက်သာပြီး၊ နိုင်ငံတကာ ကျောင်းသားတွေ အလျှောက်များကြတဲ့ State Universities (ပြည်နယ်တက္ကသိုလ်) တွေက
University of Illinois at Urbana-Champaign
University of Washington
Georgia Institute of Technology
တို့ပဲဖြစ်ပါတယ်။
ဒါပေမယ့် in-state students (ပြည်နယ်ခံကျောင်းသား) ဆိုရင် ဒေါ်လာ ၁၀၀၀၀ ကနေ ၁၅၀၀၀ လောက်ပဲ ရှိပေမယ့် Out-of-State (ပြည်နယ်ခံမဟုတ်သော ကျောင်းသား)နဲ့ နိုင်ငံတကာ ကျောင်းသားအတွက်တော့ အကြမ်းဖျင်းအနေနဲ့ ဒေါ်လာ ၂၀၀၀၀ ကနေ ၄၀၀၀၀ ဝန်းကျင်အထိ ရှိနိုင်ပါတယ်။
Private (ပုဂ္ဂလိက)တက္ကသိုလ်တွေဆိုရင် ဒီထက် ဒေါ်လာ ၁၀၀၀၀ သိုမ့ဟုတ် ၂၀၀၀၀ အထက်ပိုများပါလိမ့်မယ်။
ဘတ်ဂျက်အားနည်းတဲ့ မြန်မာကျောင်းသားတွေ အများစုကတော့ Community College တွေ အရွေးများကြပါတယ်။ နိုင်ငံတကာ ကျောင်းသားအတွက်ဆိုရင် $5000 ကနေ $10000 လောက်ပဲရှိပါတယ်။ community college တွေ ဘယ်ကျောင်းတွေ ကောင်းလဲဆိုတာထက် ကိုယ်နေမယ့် ပြည်နယ်၊ မြို့နဲ့ ရေရှည်နေလို့ကောင်း၊ အလုပ်ကောင်းမယ့် ပတ်ဝန်းကျင်စဉ်းစားသင့်ပါတယ်။ (အထက်က ပြောခဲ့တဲ့ ကုန်ကျစရိတ်တွေဟာ ကျောင်းကျူရှင်စရိတ်ပဲ ဖြစ်ပါတယ်။ တခြား နေစရိတ်၊ စားစရိတ်, စာအုပ်စာတမ်းကြေးများမပါပါ။ ဒီအကြောင်းတွေသီးခြားရေးထားတာရှိပါတယ်။ ရှာဖတ်ပေးပါ )
အိုင်တီ သို့မဟုတ် computer science နဲ့ ပြီးရင် ရနိုင်တဲ့ ဝင်ငွေ
စစဝင်ဝင် ခြင်း( position အနိမ့်)ဆိုရင် ဒေါ်လာ ၆၀,၀၀၀ ကနေ တစ်သိန်း ဝန်းကျင် ရနိုင်ပါတယ်။ မြန်မာဝင်ငွေနဲ့ သိချင် ရင် 1$=3400 ks နဲ့တွက်ပါ။
အလယ်အလတ်(Mid-level position) ဆိုရင် $80,000 ~ $120,000
စီနီယာ အဆင့် ဆိုရင် $100,000 ကနေ 150,000 အထိရနိုင်ပါတယ်။
ဒါက တစ်နှစ်ကို လစာအနေနဲ့ရနိုင်တဲ့ ဝင်ငွေပါ။
အကယ်၍ ခုနောက်ပိုင်းမှာ ကိုယ်ပိုင်သော်လည်းကောင်း၊ ကိုယ်တိုင် လွတ်လပ်တဲ့ Developer အနေနဲ့သော်လည်းကောင်းရပ်တည်မယ်ဆိုရင်လည်း ဒီထက် ဝင်ငွေကောင်းတဲ့ အလုပ်တွေ ဖန်တီးနိုင်ပါတယ်။ ဒီနေ့ခေတ်မှာ ဒီလို developer တွေ၊ ဆော့ဖ်ဝဲ အင်ဂျင်နီယာ တွေ ကို နာရီပိုင်း အချိန်ပိုင်းနဲ့ ငှားသုံးလို့ရတဲ့ ဈေးကွက်တွေ လည်း အများကြီးရှိနေပါပြီ။
ဒီနေ့ခတ်ေမှာ ပြည်ပနိုင်ငံဈေးကွက်တွေမှာ Graphic Designer, UI/UX designer, Video Editor, App Developer, Web Developer လိုမျိုးတွေ က လစဉ် ကိုယ်ပိုင်ဝင်ငွေတွေဖန်တီးလို့ရတဲ့ ဈေးကွက်တွေ အများပြား ပေါ်လာသလို၊ လုပ်ငန်းရှင်တွေကလည်း ကိုယ်လိုချင်တဲ့ application သို့ဟုတ် Design, ဗီဒီယို လေးက အစ ကိုယ်စိတ်ကြိုက် ပေးဝယ်လို့ရတဲ့ ခေတ်ဖြစ်နေပါပြီ။
ဆက်ပါအုံးမယ်။
ကျေးဇူးတင်ပါတယ်။