ကျောင်းတွေ ဘယ်လိုရွေးရမလဲ ဆိုတဲ့ မေးခွန်းမျိုး ခဏခဏ မေးလေ့ရှိကြတယ်။ အကြိမ်ကြိမ်လည်း ရေးခဲ့ဖူးပါတယ်။ ခုလည်း ပြည့်ပြည့်စုံစုံလေး ထပ်ဖြေပေးပါမယ်။ ကျောင်းတွေ မရွေးခင် ကိုယ်ကိုယ်တိုင် သိထားဖို့လိုတာက ပညာရေးမှာ ဘယ်က ဘယ်လို အသိမှတ်ပြုတာလည်းဆိုတာထက် ဘာတွေ ဘယ်လိုသင်လဲ ဆိုတာကလည်း အရေးကြီးတယ်။ နောက်တစ်ခု က ကြော်ငြာချည့်မကြည့်ပါနဲ့၊ တကယ်တက်နေတဲ့ မိဘတွေရဲ့ Feedback တွေလည်း နားထောင်ဖို့လိုပါတယ်။ ပညာရေးကို နှစ်မျိုး ပိုင်းကြည့်မယ်။ ၁) နိုင်ငံတကာ ပညာရေး ၂) ပြည်တွင်းပညာရေး (အစိုးရ) ၁) နိုင်ငံတကာ ပညာရေးကို တချို့က ကုန်ကျစရိတ်များတယ်ဆိုပြီး မစဉ်းစားတာလည်း ရှိတယ်။ တချို့က ပြည်တွင်းတက္ကသိုလ်က အသိမှတ်မပြုမှာ စိုးတာလည်းပါတယ်။ အမှန်တော့ နှစ်ချက်လုံးက ဒီခေတ်မှာ မှားနေတဲ့ အယူဆလို့ အရင်ပြောချင်တယ်။ ပထမတစ်ချက် ဖြစ်တဲ့ ကုန်ကျစရိတ်များတယ်ဆိုတာ မှန်သင့်သလောက် မှန်ပေမယ့် ဒီနေ့ခေတ်မှာ ယှဉ်ပြိုင်မှုတွေ များလာကြတယ်။ နိုင်ငံတကာသင်ရိုးနဲ့ နိုင်ငံတကာ ဆရာတွေ ခေါ်ရတဲ့ စရိတ်စက ကြီးမားလို့ ကျောင်းစရိတ် ကြိးနေကြတဲ့ ကျောင်းတွေလည်း ရှိကြသလို, ပြည်တွင်း ပုဂ္ဂလိက အစိုးရသင်ရိုးနဲ့သင်တဲ့ ကျောင်းတွေ သာသာလောက်လေး နဲ့ သွားနေကြတဲ့ ကျောင်းတွေလည်း ပေါ်လာတယ်။ အများအားဖြင့် သူတို့က ပြည်တွင်း နိုင်ငံတကာ ပညာရေး ဘွဲ့ရ မြန်မာဆရာတွေကိုယ်တိုင် ခန့်ထားကြတယ်။ စာသင်တာတော့ အတူတူပါပဲ။ ပွင့်ပွင့်လင်းလင်း ပြောရရင် တချို့ အဖြူတွေက စာကောင်းကောင်းမသင်တတ်တဲ့သူတွေ အများကြီး။ ဘာသာစကား တတ်တာနဲ့ စာသင်တတ်ကြေးဆိုရင် င်္အဂလန်နိုင်ငံက အဖြူတွေအကုန်လုံး ကျောင်းဆရာတွေချည့်ဖြစ်တော့မပေါ့။ တကယ်တော့ ပြည်တွင်းက င်္အဂလိပ်လို သင်နိုင်တဲ့ အရည်အချင်းရှိတဲ့ဆရာတွေ အများကြီး။ သင့်တင့်ပြီး ကျောင်းစရိတ်မပင်ပန်းတဲ့ နိုင်ငံတကာ ကျောင်းမျိုးဆိုရင် ရွေးသာရွေးပါ။ သင်ရိုးညွှန်းတမ်း(Curriculum)ဆိုတာ ဘယ်ကပြဌာန်းပြဌာန်း ကလေး က ရောက်တဲ့ အရွယ်မှာ သတ်မှတ်ထားတဲ့ Level မီဖို့ပဲ အရေးကြီးတာပဲ မိုလား။ ပြည်တွင်းမှာပဲ တက်တက် နိုင်ငံတကာကိုပဲ သွားသွား အဓိက က သင်ကြားထားတဲ့ ဘာသာရပ်တွေပေါ်မှာ တကယ်ကျွမ်းကျင် တတ်မြောက်ပြီး အသုံးချတတ်ဖို့လိုတာပါ။ ၂) ပြည်တွင်း(အစိုးရ) သင်ရိုးတွေနဲ့ သင်ကြရတဲ့ကျောင်းတွေ က တော့ တစ်ကျောင်းနဲ့တစ်ကျောင်း သင်ကြားမှုပုံစကွာတာကလွဲရင် ကျန်တာကတော့ အတူတူပါပဲ။ တစ်နှစ်လုံးသင်ထားတဲ့ကျောင်းစာတွေကို နှစ်ကုန်ရင် စာမေးပွဲ ဖြေပြီး, အတန်းတင်ပေးတယ်။ တစ်ခုပဲ ရွေးစရာရှိတယ်။ အပိုဆောင်း ဘာသင်ပေးလဲ၊ ဥပမာ ဘာသာစကား, အိုင်တီ ပေါ့ ၊ ပုဂ္ဂလိက တက်တက် အစိုးရတက်တက် စာမေးပွဲအောင်ဖို့ အဓိကမထားဘဲ ဘာသာစကားနဲ့ အိုင်တီတွေ သေချာ သင်ယူပေးနိုင်ရင် အဲဒီကျောင်းကောင်းတယ်လို့ပဲ မှတ်ချက်ပေးချင်ပါတယ်။ ကုန်ကျစရိတ်သက်သာမယ်၊ ပတ်ဝန်းကျင်ကောင်းမယ်။ extra-skills တွေလုပ်ပေးနိုင်ရင် တက်သာတက်ပါ။ အစိုးရ(ပုဂ္ဂလိက)ကျောင်း၊ အင်တာနေရှင်နယ်စကူးလ် ဘာပဲ တက်တက် အဓိက ကတော့ ကလေး တကယ်အရည်ချင်းပြည့်ဝဖို့ပါပဲ။ ဆယ်တန်းပြီး, IGCSE ပြီးလို့ သတ်မှတ်ထားတဲ့ အရည်အချင်းပြည့်နေရင်, ပြည်တွင်းတက္ကသိုလ်, ပြည်ပတက္ကသိုလ် ကြိုက်ရာရွေးတက်နိုင်ပါတယ်။ ——— တချို့ကလည်း ပြည်တွင်းလည်း လွတ်မှာကြောက်တယ်။ နိုင်ငံတကာကျောင်းလည်း အဆင်ပြေရင် Join မယ် စသဖြင့် ခွ ပြီး (မြန်မာကျောင်းရော, င်္အဂလိပ်ကျောင်းရော) စဉ်းစားတဲ့ မိဘတွေလည်း ရှိတယ်။ ဒါအရမ်းမှားတဲ့ အတွေးအခေါ်ပါ။ မိဘက ဇဝေဇဝါဖြစ်ရင် သားသမီးကို သွားထိပါတယ်။ (ဒီအကြောင်းကို အသေးစိတ်ထပ်ရေးပါမယ်) တကယ်ဆိုရင် အတန်းပညာရေး မှာ နိုင်ငံတကာ က ပညာရှင်တွေရော, ပြည်တွင်းသင်ရိုးပြုစုကြတဲ့ ပညာရှင်တွေရော တူတာက ကလေးရဲ့ အရွယ်နဲ့ လိုက်ညှိပြိး သင်ရိုးညွှန်းတမ်းစာအုပ်တွေ ပြုစုကြရတာပါ။ ပြည်တွင်းကဆရာတွေကလည်း နိုင်ငံတကာ က သင်ရိုးတွေကို Resources (ရင်းမြစ်) တွေ, References (အညွှန်း) တွေ ယူကြရပြီး ကိုယ့်နိုင်ငံကိုယ့်ကလေးတွေနဲ့ အဆင်ပြေတာလေးတွေ ရွေးချယ်ပြဌာန်းကြတာပါ။ င်္သချာ, သိပ္ပံ အခြေခံသဘောအရ အတူတူ သတ်မှတ်ပြဌန်းကြရတယ်။ Cambridge မိုလို့ Pearson မိုလို့ မတူတာ, ကောင်းတာ မဟုတ်ပါဘူး။ သင်နည်းစနစ်ကပဲ အရေးကြီးတာပါ။ assessmentအကဲဖြတ်နည်း ဘယ်လိုလုပ်သလဲ။ Student-centred approach လား, Assignment-based လား, Project-based Learning လား၊ အတန်းဘယ်လိုတင်ပေးလဲ ဒါတွေက အရေးကြီးပါတယ်။ တချို့ဆို ပုံလေးတွေနဲ့ ဖေါ်ပြချက်တွေ ပဲ ကွဲကြတယ်။ နားလည်လွယ်အောင် ပြောရရင် အဖြေကတော့ အတူတူပါပဲ တွက်နည်းလေးတွေ မတူကြတာမျိုးပေါ့။ အရေးကြီးတာ ကဘာလဲ ဆိုတာလေး သေချာစဉ်းစားတတ်ဖို့ အရေးကြိးပါတယ်။ ဆက်ပါအုံးမယ်။