ပြည်ပကျောင်းလျှောက်မယ့်သားတွေသမီးတွေ သေချာလေး လေ့လာပြင်ဆင်ပြီးမှ လျှောက်ကြပါ။ ရန်ကုန် အမေရိကန် သံရုံးဖွင့်ပြီဆိုပြီး အတင်း တိုးကြိတ်, အလောတကြီး မလုပ်စေချင်ပါဘူး။ ကိုယ်ကိုယ်တိုင်က အမှန်အကန် တက်ချင်ဖို့ လိုသလို, အမှန်တကယ်ပဲ မိဘဘက်က ကိုယ်ထားမယ့်ကျောင်း ကို တတ်နိုင်မယ့် ဘတ်ဂျက် ပိုင်း ငွေဝင်ပြ လမ်းကြောင်း (Source of Funds)တွေ မှန်မှန်ကန်ကန်ပြနိုင်ဖို့ လိုပါတယ်။ ကျောင်းတွေ လျှောက်ရင် ကိုယ်တက်မယ့်ကျောင်းရဲ့ အနေအထား နဲ့ အဆင့် သေချာ စုံစမ်း လေ့လာပြီးမှ လျှောက်သင့်သလို ခုလို အချိန်မှာ ဈေးပေါပြီး အဆင့်သိပ်မရှိတဲ့ Community College လိုမျိုးက Form i-20 လေးရတာနဲ့ သေချာပြီဆိုပြီး မဝင်သင့်ပါဘူး။ နားလည်တတ်ကျွမ်းတဲ့သူတွေနဲ့ တိုင်ပင်ပြီး လိုအပ်ချက် Requirements တွေကို စနစ်တကျ စေ့စေ့ငုငု သေချာ ပြင်ဆင်ပြီးမှ ဝင်တိုးတာ စိတ်ချရမှာပါ။ ဘာလို့ လဲ ဆိုတော့ တလောက ကိုယ့်ဆီမှာ မရတော့ တချို့က ထိုင်း, တချို့က အိိန္ဒိယဘက်ထက် သွားပြီး အုတ်အော်သောင်နင်းဖြစ်သွားခဲ့တာကို ကြည့်ရင် ခုတစ်ကြိမ် မြန်မာပြည်မှ ပြန်ရတယ်ဆိုပြီး၊ ဝမ်းသာအားရနဲ့ မသေမချာ မလုပ်သင့်သလို၊ တကယ် အမှန်တကယ် ကျောင်းသွားတတ်ချင်တဲ့သားတွေသမီးတွေ အတွက် လည်း အခက်အခဲ ဖြစ်သွားနိုင်ပြီး, ကိုယ်ကိုယ်တိုင်အတွက်လည်း အပယ်ခံထိရင် နောက်တစ်ကြိမ်အတွက် အဟန့်အတား ဖြစ်သွားနိုင်တယ်။ တကယ် တက်ချင်တဲ့သူ, မိဘကလည်း ကောင်းကောင်းထောက်ပံ့နိုင်မယ့်သူတွေအတွက်တော့ ဗီဇာ မရနိုင်စရာ မရှိပါဘူး။ နည်းလမ်းလေး မှန်နေဖို့ပဲလိုတာပါ။ အမေရိကားကို သွားလည်ချင်တာ တစ်ခုတည်းအတွက်တော့ မလျှောက်ကြပါနဲ့။ မိသားစုနဲ့ သွားချင်တဲ့သူတွေအတွက် တချို့ ခရီးသွာား အေးဂျင့်တွေက ဒီနှစ်ကုန်ပိုင်းမှာ သွားဖို့ စီစဉ်နေကြတာတွေ့နေရပါတယ်။ စိတ်ချရတဲ့ အတွေ့အကြုံရှိမယ့် ခရီးသွားဖူးတဲ့ အေးဂျင့်ကို အပ်ပြီး မိသားစုလိုက် သွားဖို့ပဲ ကြိုးစားကြပါ။ အားလုံး အဆင်ပြေချောမွေ့စွာ ကျော်လွှားနိုင်ကြပါစေ