ကျောင်းသားဗီဇာ ကိစ္စ ခဏ ခဏ Reject ထိတာလေးတွေ ကြားရလို့ ကိုယ်သိသလောက်လေး အကြံပြုချင်ပါတယ်။ ဒီကာလ မှာ အရမ်းခက်ခဲပါတယ်။ ကိုယ့်နိုင်ငံက ပိုဆိုးပါတယ်။ ပုံမှန်အတိုင်း ဆိုရင်တောင် ကိုဗစ်ကာလမှာ နိုင်ငံတော်တော်များ များ ဗီဇာ ကန့်သတ်မှုတွေ, အချိန်ယူတာတွေ ရှိနေကြတာပါ။ နိုင်ငံကြီးလေ ဆိုးလေပါ။ တစ်ခု ပိုဆိုးတာက ကိုယ်ကိုယ်တိုင်က Financial (ဘဏ္ဌာရေး) မတောင့်တင်တာမျိုး, ကျောင်းဝင်ခွင့်ရဖို့ သတ်မှတ်ထားတဲ့ Requirement တွေ ပြည့်မမီတာမျိုးဆို အတော် ခက်ပါတယ်။ ဒီကာလမှာ အကောင်းဆုံးက ကျောင်းတွေ လျှောက်တဲ့ အခါ ငွေကြေး တတ်နိုင်တဲ့သူအတွက် ယူအက်စ် ဖြစ်ဖြစ်, ယူကေ ဖြစ်ဖြစ် နံတ်ပတ် (၁) ဘတ်ဂျက်တောင့်တဲ့ (Ranking) ကောင်းတဲ့ ကျောင်း ဖြစ်ဖို့ အရင် စဉ်းစားပါ။ နံပါတ်(၂) IELTS, အနည်းဆုံး 6.5 (OR) 7.0 ဆိုပိုကောင်းပါတယ်။ နံပါတ်(၃) ကိုယ်တိုင်လျှောက်နိုင်ရင် ကိုယ်တိုင်လျှောက်ပါ။ မဟုတ်ရင် Consultancy ကောင်းတဲ့ သဘာ ရှိတဲ့သူတွေနဲ့ တိုင်ပင်ပါ။ ——- ဒုတိယ အချက်က ငွေကြေး မတောင့်တင်းဘူး, ပြည်ပ (နိုင်ငံ)ကြီးတွေကို လျှောက်ချင်တယ်ဆိုရင် ၁) စကော်လာကို ဦးစားပေးပါ။ ၂) IELTS 7.0 အနည်းဆုံး ရဖို့ လိုပါတယ်။ ၃) IGCSE grading ကောင်းဖို့လိုပါတယ်။ ——- တစ်ခုပဲ ရှိပါတယ်။ သွားချင်စောနဲ့ တွေ့တဲ့ အေးဂျင့် စကား မယုံပါနဲ့။ ပွင့်ပွင့်လင်းလင်းပြောရရင် ကိုယ်က ဘတ်ဂျက်သုံးနိုင်တယ်, ကလေးက IELTS အမှတ်ကောင်း, GCSE grading ကောင်းရင် ဘာမှ ယူအက်စ် မကလို့ ဘယ်နိုင်ငံလျှောက်လျှောက်လွယ်ပါတယ်။ လျှောက်နည်းမှန်ဖို့လိုပါတယ်။ မသိရင် နားလည်တဲ့ နိုင်ငံတကာကျောင်း လျှောက်ပေးတဲ့ အတွေ့အကြုံရှိတဲ့သူတွေနဲ့ တိုင်ပင်ပါ။ ဆန္ဒမစောပါနဲ့။ တစ်လ နှစ်လအတွင်း မရနိုင်သလို, လိုအပ်တာတွေ အချိန်ယူပြင်ဆင်ထားသင့်ပါတယ်။ ငွေ, ဘတ်ဂျက်အင်းအားနည်းရင် (ဥပမာ တစ်နှစ်မှ သိန်း ၂၀၀ လောက်ပဲ သုံးနိုင်ရင် ဒီကာလမှာ နိုင်ငံကြိးတွေ ကျောင်းကောင်းတွေ ရဖို့ သိပ်ခက်ပါတယ်။ ခဏခဏ Visa Reject ထိရင် အရမ်းခက်ပါတယ်။ ကိုယ့်လမ်းကို ကိုယ်ပိတ်ပစ်သလို ဖြစ်သွားတတ်ပါတယ်။ ——- ကလေးအရွယ်က စပြီး, နိုင်ငံတကာမှာကျောင်းထားချင်တဲ့ မိဘတွေ အတွက်လည်း လိုအပ်ချက်တွေနဲ့ ပြင်ဆင်ထားရမယ့် အရာတွေကို သီးခြားရေးပေးပါမယ်။