ခုကာလမှာ အများစု မေးတဲ့မေးခွန်းက ပြည်ပ ကျောင်းသွားတက်သင့်သလား ဆိုတဲ့ မေးခွန်းပဲ။
ကျောင်းတက် ပညာသင်တယ်ဆိုတာ၊ ဘွဲ့ရရင်၊ ကျောင်းပြီးရင် အသက်မွေးဖို့၊ ဘဝတစ်ခု ရပ်တည်နိုင်ဖို့ထက် ပိုတဲ့ ကောင်းမွန်တဲ့လိုက်ဖ်စတိုင် တစ်ခု ရွေးကြတာမဟုတ်လား။
ဒါပေမယ့် ကိုယ့်ဆီ အခြေနေက..
နိုင်ငံတစ်ခုမတည်ငြိမ်ရင် ပညာရေး၊ စီးပွါးရေး ဟာ ကင်ဆာလိုပဲ တစ်စတစ်စ ယိုယွင်း ပျက်စီးသွားနိုင်တယ် တဲ့။
မိတ်ဆွေသူငယ်ချင်းတစ်ယောက်က ပြောတယ်၊ တို့ကတော့ အသက်ကြီးပါပြီ၊ သူတို့လေးတွေ အတွက် ရေကြည်ရာ မြက်နုရာ သွားခိုင်းလိုက်တော့မယ်တဲ့။ အရွယ်ရောက်တဲ့သားတွေသမိးတွေရှိတဲ့ မိဘတိုင်း စိတ်ပူကြတဲ့ သူထဲကပေါ့။
နောက်တစ်ယောက် အမြင်က ကျတော့ – “ကျနော်တို့ကတော့ ပြည်တွင်းမှာပဲ ပြိုကျနေတာတွေ ပြန်ပြင်နိုင်အောင် ကျန်တဲ့ သူတွေနဲ့ ထူထောင်မယ်” တဲ့။ ကိုယ်ယုံကြည်ရာ၊ ကိုယ်လုပ်နိုင်တာ မတူညီတဲ့ အမြင်တွေနဲ့ အားလုံး ကတော့ ကိုယ့် အတွေးနဲ့ ကိုယ် ကောင်းတဲ့ အမြင်တွေနဲ့ မှန်ကြတာပါပဲ။
ဘယ်သူဖြစ်ဖြစ် ကိုယ့်နိုင်ငံ ကိုယ်ချစ်ကြတာပါပဲ။ ကိုယ်နိုင်ရာ၊ အပြုသဘောနဲ့ တိုင်းပြည် ကို ကယ်တင်နေကြတဲ့သူအားလုံးကို လည်း ဂုဏ်ပြု ဦးညွတ်လျက်ပါ။
—–
မေးထားတဲ့မေးခွန်းတွေ ဖြေရရင်၊ ပျံသန်းနိုင်သူတွေ အတွက်တော့ အဝေးဆုံးအထိ ပျံသာပျံပါ။ တချိန်မှာတော့ ပြန်လည်ထူထောင်ချိန်တွေရောက်ရင် ကိုယ်တတ်တဲ့ပညာတွေနဲ့ ကူညီကြပါလို့ အရင်ဆုံးပြောချင်ပါတယ်။
တိုင်းပြည်ကို ပြန်တည်ဆောက်ရတဲ့ အချိန်မှာ ဆိုင်ရာ ဆိုင်ရာတိုင်းမှာ ပညာတတ်တွေ မရှိလို့ မဖြစ်ဘူးဆို တာ သိပ်သေချာပါတယ်။
ပွင့်ပွင့်လင်းလင်းပြောရရင် တည်ငြိမ်သွားရင်တောင်၊ ပြိုကျနေတဲ့ နိုင်ငံကြီးကို ပြန်ထူထောင်ဖို့ အချိန်တွေ အများကြီးယူရအုံးမယ်။
စစ်မက်တွေကြားထဲမှာ လုံခြုံစွာ ပညာသင်ဖို့ဆိုတာ ပြိုကျနေမှန်းသိတဲ့ တိုက်အိမ်ကြီးထဲ နေ နေ ရသလိုပါပဲ။ မတတ်နိုင်တဲ့သူတွေ အားနာပေမယ့် သင့်တင့် တတ်နိုင်တဲ့သူမှန်သမျှ အနာဂတ် လူ့အရစ်မြစ်ကောင်း အတွက် ဖြစ်လာဖို့ အားပေးပါတယ်။
အနိမ့်ဆုံးထိုင်းကနေ, ဂျပန်၊ ကိုးရီးယား၊ ထိုင်ဝမ် ကအစ၊ ဩဇီ အလယ်၊ အနောက် ဥရောပ၊ အင်္ဂလန်၊ ကနေဒါ၊ ယူက်အစ် အထိ ပျံနိုင်သလောက် ပျံ ကြစမ်းပါ။
သူတို့တွေ အများကြီးပျံနိုင်လေလေ တချိန်မှာ ကျနော်တို့နိုင်ငံအတွက် အားရှိလေလေပါ။ ပြည်တွင်းမှာ ရုန်းကန်လှုပ်ရှားနေတဲ့ နောင်တော်၊ အမတော်တွေ နဲ့ ဖေဖေမေမေတွေက က သားတို့သမီးတို့အတွက် ဆိုတာ ဘယ်တော့မှ မမေ့ပါနဲ့လို့….
ဆက်ပါအုံးမယ်
ကျေးဇူးတင်ပါတယ်။