ငယ်ငယ်က အဘိုး ပြောခဲ့တဲ့ စကားတွေကို ပုံပြင်လို့ ထင်ခဲ့မိတယ်။ ဖက်ဆစ်ဂျပန်နဲ့ အ င်္ဂလိပ် နယ်ချဲ့အောက်မှာ ကျင်လည်ခဲ့ရတဲ့ အဘိုးတို့ခေတ်က ရွာတွေ မြို့တွေ စွန့်ပြေးကြ, တချို့က ဖက်ဆစ်နယ်ချဲ့တွေကို တော်လှန်ဖို့ တောခိုကြနဲ့ပေ့ါ။ အမေ့ဘက်က အဘွားဖြစ်သူဆိုရင် အိမ်ထောင်သုံးဆက်ကျခဲ့သတဲ့။ ဓါးမြက သတ်တာခံရလိုက်, ဖက်ဆစ်က သတ်လိုက်နဲ့ အိမ်ထောင်ဆက်တွေ များခဲ့ကြရတယ်။ မိုးလေးချုပ်တာနဲ့ မီးခိုးတိတ်, အိမ်ကနေ တိတ်တိတ်လေး တောလျှိုတောင်ကြားထဲ ပြေးလွှားပုန်းခဲ့ကြရတယ် တဲ့။ ဗီဒီယိုလောက တော်လှန်ရေးမင်းသားကြီး သီဟတင်စိုးဇာတ်ကားထဲက ထက် ကြမ်းတမ်းခဲ့ကြတာပေါ့။ ဒါတွေ နောက်တစ်ကြိမ်ပြန်ဖြစ်လာမယ်လို့ ဘယ်တုန်းကမှ မတွေးခဲ့မိသလို, ဇာတ်လမ်းတွေဟာ တကယ်မဟုတ်ဘူးလို့ ထင်ခဲ့မိတယ်။ အဘိုးပြောပြခဲ့ဖူးတဲ့ သမိုင်းတွေကိုလည်း ပုံပြင်လိုပဲ အိပ်ယာမဝင်ခင် နားထောင်လို့ကောင်းခဲ့တယ်။ ခုတော့ .. ကိုယ်တွေခေတ်မှာ အဘိုးမဖြစ်ခင် သံသရာ တစ်ပတ်လည်ခဲ့ပြီထင်တယ်။ လူငယ်မျိုးဆက်တွေက မြို့ရော, တောပါမကျန် တိုင်းပြည်ကို ပြန်လည်တိုက်ယူရင်း တော်လှန်နေကြတယ်။ ပြည်သူတွေက အိုးအိမ်တွေကို စွန့်ခွါပြိး ပြေးပုန်း နေကြရပြီ။ ပြေးရင်းလွှားရင်း မိသားစုတွေ ကွဲကွာကုန်ကြပြီ။ တချို့က ပြန်မလာနိုင်တော့တဲ့ဆီပေါ့။ မျက်ရည်တွေနဲ့ ဆိုပေမယ့် တို့တိုင်းပြည်အတွက်ဆိုပြီး အားတင်းရင်း အာဇာနည်တွေကို တစ်ဘက်က ဦးညွတ်နေကြရသလို၊ တစ်ဘက်ကလည်း အချင်းချင်းဘယ်လို ကူညီနိုင်ကြမလဲ ကြိုးစားနေကြရတယ်။ ကိုယ့်နေရာလေး မထိခင်အထိ နေလို့ရလို့ နေနေကြရပေမယ့်, အားလုံးကတော့ စိတ်က တစ်ညီတည်းတစ်သားတည်းပါ။ တိုက်ပွဲတွေ အမြန်ပြီးဆုံးသွားဖို့နဲ့၊ တိုင်းပြည်ကြီး ပြန်လည် ကျန်းမာလာပြီး လွတ်မြောက်ငြိမ်းချမ်းလာဖို့ ဆုတောင်းနေခြင်းထက် အားလုံးပါဝင်နိုင်တဲ့ဘက်က ပါဝင်ကြမယ်ဆိုရင် ညီညွတ်ခြင်းရဲ့ ရလာဒ်ဟာ ရလာဒ်ကောင်းပဲ ဖြစ်လာမှာ သေချာပါတယ်။ အတိတ်က သ င်္ခန်း စာတွေယူပြီး ဒီတခါ တိုင်းပြည်ကို ခိုင်မာတဲ့ ဘယ်တော့မှ နောက်တစ်ခါ ပြိုမလဲနိုင်တဲ့ အုတ်မြစ် ခိုင်ခိုင်မာမာ ချနိုင်ဖို့ လူတိုင်းလူတိုင်း ပြည်သူတစ်ဦးချင်စီ သတိနဲ့ တွဲလက်ညီညီ ရှေ့ဆက်နိုင်ကြဖို့လိုပါလိမ့်မယ်။ တချိန်က အာရှအချမ်းသားဆုံးထဲမှာပါတဲ့ နိုင်ငံဟာ တစ်ဦးတစ်ယောက်အတွက် ကြည့်ခဲ့ကြတဲ့ မင်းအဆက်ဆက် ရဲ့ အမှားတွေ, အတ္တတွေက သိပ်ချစ်စရာ ကောင်းတဲ့ သယံဇာတ ပေါကြွယ်ဝတဲ့ မြန်မာနိုင်ငံဆိုတာဟာ ခုတော့ ကမ္ဘာ့အဆင်းရဲ့ဆုံး, ဒုက္ခိတ ဘဝရောက်နေရပြီ။ အားလုံး ညီညွတ်ခြင်းနဲ့ တိုင်းပြည်ကြိးကို ပြန်ကယ်ချိန်ရောက်ပါပြီ။
20
Feb
ငယ်ငယ်က အဘိုး ပြောခဲ့တဲ့ စကားတွေ
February 20, 2024
One Min Read
141
Views
0
Comments
Related Posts
ညီညွတ်ခြင်းက ဘယ်လောက် ပါဝါကြီးကြီး အနိုင်ယူနိုင်တယ် တဲ့။
February 20, 2024
Emotional skills
February 20, 2024
ဒီနေ့ခေတ်ကမ္ဘာကြီး က
February 20, 2024