ဒေါ်လာဈေးတွေ အပြင်ပေါက်ဈေးက ကြောက်စရာကောင်းလောက်အောင် ထိုးတက်နေတယ်။ နောက်ထပ် စိတ်မကောင်းစရာသတင်းက ဈေးကွက်ထဲမှာ ငွေတုတွေ ပါ အရောင်းအဝယ်ဖြစ်နေကြတယ်တဲ့။ ဒေါ်လာ လှယ်ဖို့ အပြင်မှာ Cash ပဲ လက်ခံကြတော့ Cash ကိုကြံဖန် ဖန်တီးလာကြပုံရတယ်။ ကြားနေရတဲ့သတင်းတွေက တကယ်အဟုတ် ဆိုရင်၊ နိုင်ငံတကာ သုံးသပ်ချက်တွေ မှန်လာတော့မယ့်ထင်ပါရဲ့။ ငွေကြေးစီးဆင်းမှု ဟာ နိုင်ငံတစ်ခုအတွက် နှခေါင်းကနေ အောက်ဆီဂျင် အသွင်းအထုတ်လုပ်သလို သေရေးရှင်ရေးတမျ အရေးကြီးပါတယ်။ ခုအခြေအနေက တလောက ကိုဗစ်ရောဂါသည်တွေလို အောက်ဆီဂျင် ကူရမယ့်အနေအထားဖြစ်နေပြီ။ အောက်ဆီဂျင်ဗူး မရလို့ အသက်ပြင်းပြင်း ရှုနေတဲ့ မိဘကို ထိုင်ကြည့်နေရသလို ခံစားမိတယ်။ တကယ်တော့ ငွေးကြေးဖေါင်းပွတာဟာ တနည်းပြောရရင် နိုင်ငံ့အတွင်းလည်ပတ်နေတဲ့ စီးပွါးရေးကြီးတွေ ကျဆုံး ပျက်စီးနေခြင်းလက္ခဏာ ပါပဲ။ တစ်ဒေါ်လာ ၁၃၀၀ ကျပ်ကနေ အစိုးရကိုယ်တိုင်က ၁၈၅၉ ကျပ် ဆိုပြီး တရားဝင် တိုးသတ်မှတ်ရတယ်။ ပြည်သူက ငွေသား လိုရင် အပြင်မှာ percentage နဲ့ ထုတ်နေကြရတုန်း။ ပြည်ပသွားမယ့် ထွက်မယ့်သူတွေက ဒေါ်လာကို အပြင်ရရာ ဈေးကွက်ကနေ ၂၅၀၀ ကနေ တချို့ဆို ၃၀၀၀ နီးနီးအထိ ဝယ်ကြရသတဲ့။ အင်း… ဘာတွေ ဘယ်လို ဖြစ်လာကြအုံးမလဲ မသိ။ ကမ္ဘာ့ဘဏ်ရဲ့ ညွှန်းကိန်းတွေအရဆိုရင် မိသားစု ၁၀ စုမှာ ၄ စုက အကြပ်အတည်းတွေနဲ့ရင်ဆိုင်နေရသတဲ့။ သီရိ လ င်္ကာ မှာ မိသားစု ဆယ်စုမှာ (၇) စုက ဒုက္ခရောက်တော့ တိုင်းပြည် ဒေဝါလီ ခံသွားရတယ်။ အောက်ဆီဂျင်ဗူးအမြန်တွေ့ပြီး ဆေးကောင်းတွေ အမြန်ရနိုင်စေလို့ပဲ ဆုတောင်းရုံမှ တပါး။ ကိုယ့် မိသားစုကို ကိုယ်ကိုယ်တိုင်ပဲ စစ်စစ်စီစီ နဲ့ ပြင်ဆင်ထားဖို့ပဲ ကြိုးစားကြပါ။ မုန်တိုင်း ကြေညာထားရက်နဲ့ ဖြစ်သလို မနေ မိပါစေနဲ့။ လာခဲ့သည်ရှိသော် လို့ တွေးပြီး သတိ၊ ဝိရိယ နဲ့ မမေ့လျော့ မပေ့ါဆဖို့ပဲ သတိပေးချင်ပါတယ်။ Be strong! အားလုံး အဆင်ပြေပြေ ကျော်ဖြတ်နိုင်ကြပါစေ။
20
Feb
Related Posts
ညီညွတ်ခြင်းက ဘယ်လောက် ပါဝါကြီးကြီး အနိုင်ယူနိုင်တယ် တဲ့။
February 20, 2024
Emotional skills
February 20, 2024
ဒီနေ့ခေတ်ကမ္ဘာကြီး က
February 20, 2024