မိဘ(၁) အမေး−၂ ။ ။ ဆယ်တန်းမပြီးဘဲ ဒီပလိုမာသင်တန်းတွေက တက်လို့ရတာလား၊ အဖြေ ။ ။ ရပါတယ်။ ဒီပလိုမာဆိုတာ အသက်မွေးပညာတစ်ခုဖြစ်တဲ့အတွက် ဆယ်တန်းမပြီးထားတဲ့သူတွေအနေနဲ့ ဘွဲ့ယူလို့မရတာကလွဲရင် တက်လို့ရပါတယ်။ ဘယ်လိုဟာမျိုးတွေလည်းဆိုတော့ ဥပမာ ICM က ပေးတဲ့ Single Subject Diploma (Accounting, Business, Management) လိုမျိုးတွေ ယူလို့ရပါတယ်။ ဘွဲ့အထိ ယူချင်ရင်တော့ အစောကပြောတဲ့ GED သို့မဟုတ် ဆယ်တန်းပြီးမှ ရပါလိမ့်မယ်။ ပရော်ဖက်ရှင်နယ် ဒီပလိုတွေကတော့ အိုင်တီပဲဖြစ်ဖြစ်၊ ဘိစနက် ပဲဖြစ်ဖြစ် လုပ်ငန်းခွင်အတွက် တကယ့် skilled (အရည်အချင်းပြည့်) ဖြစ်နေရင် ဘွဲ့ရမှ မဟုတ်ပါဘူး အလုပ်ကပေါပါတယ်။ ဒါပေမယ့် ဆယ်တန်းပြီး(အထက်တန်းပြီးထား)ကြောင်းပြနိုင်တဲ့သူ နဲ့ မပြနိုင်တဲ့သူ ဘာကွာလဲဆိုရင် အထက်တန်းပြီးတဲ့သူက ပထမနှစ်၊ ဒုတိယ နှစ် လိုမျိုး ဘွဲ့ရတဲ့အထိ ဆက်တက်သွားလို့ရပြီး၊ မပြီးထားတဲ့သူက တော့ အလုပ်လုပ်ဖို့ ကျွမ်းကျင်စေမယ့် Certificate (or) Diploma တွေ တက်ရုံသက်သက်ပဲ ရမှာပါ။ သေချာတာကတော့ အလုပ်လုပ်ဖို့အတွက် ပဲ စဉ်းစားတယ်ဆိုရင် တော့ ကျွမ်းကျင်ဖို့ ကြိုးစားပါ။ အိုင်တီပဲဖြစ်ဖြစ် ဘိစနက်ပဲဖြစ်ဖြစ် စာရင်းကိုင်ပဲဖြစ်ဖြစ် ကျွမ်းကျင်နေရင် ပြည်တွင်းရော၊ ပြည်ပရော အလုပ်ပေါပါတယ်။ လက်မှတ် တွေ တစ်သီကြီးပြနိုင်တာထက် ကျွမ်းကျင်တာ တစ်ခုပဲ ရှိရင် ကမ္ဘာပတ်ပြီး အလုပ်လုပ်မလား ရတယ်လို့ပြောပါရစေ။ ဆက်ပါအုံးမယ် (မေးခွန်းများ ဆက်လက်ဖြေပေးသွားပါမယ်) ကျေးဇူးတင်ပါတယ်။