တကယ့်မိတ်ဆွေကောင်းသူငယ်ချင်းကောင်းဆိုတာ တကယ်လိုအပ်တဲ့ အခါတိုင်း အတူရှိနေပေးတဲ့သူတွေပါ။ သူတို့ဟာ အောင်မြင်ချမ်းသာတာ, ဆင်းရဲတာကို ခွဲခြားမပေါင်း။ သူတို့ကိုယ်တိုင်ကလည်း ချမ်းသာလို့ အထင်မကြီးတတ်သလို, ဆင်းရဲလို့ အထင်မသေးတတ်တဲ့သူတွေ။ တကယ်တော့ ပစ္စည်းဥစ္စာဆင်းရဲ ချမ်းသာထက်, စိတ်ချမ်းသာပြီး စိတ်ထားလေးမြင့်မြတ်နေဖို့က ပိုအရေးကြီးတာပါ။ မြင့်မြတ်တဲ့စိတ်လေး နဲ့ လောကမှာ အသက်ရှင်သန်ရခြင်းက ပိုပြီးတန်ဘိုးရှိပါတယ်။ တကယ်လိုအပ်နေတဲ့သူတွေကို လိုအပ်တဲ့ ဥစ္စာပစ္စည်းဖြစ်ဖြစ်, ဥာဏအကူညီလေးဖြစ်ဖြစ် ကူညီနိုင်ခြင်းဟာ အလွန်မွန်မြတ်လှသလို, အားနည်းနေတဲ့သူကို အားပေးတွဲခေါ်တာ, ချို့တဲ့နေတဲ့သူကို ပေးကမ်းစွန့်ကြဲတာဟာ သူတော်ကောင်းတို့ရဲ့ အကျင့်ပါပဲ။ မိတ်ဆွေကောင်း, သူငယ်ချင်းကောင်းကို ရှာနေတာထက် ကိုယ်ကိုယ်တိုင်လည်း အဲလို ဖြစ်အောင် ကြိုးစားအားထုတ်ကြရပါလိမ့်မယ်။ ကိုယ့်က မြင့်လာရင် ကိုယ့်ဝန်းကျင်လည်း မြင့်လာမှာပါ။ တောင်ပေါ်တက်လို့ရတဲ့ လှေကားထစ် တွေလိုပါပဲ။ အမြင့်ဆုံးကို ရောက်လာရင် အမြင့်ဆုံးကလူတွေနဲ့ တွေ့ရပါလိမ့်မယ်။ မေတ္တာဖြင့် soenaing@s