ဒီနေ့ခေတ်ကမ္ဘာကြီး က တကယ့်ရွာကြီး။ ရွာတောင်ဘက်ပိုင်းကနေ မြောက်ဘက်ပိုင်းကို လှမ်း အော်ပြီး ကိုယ့်အိမ်ကို ရေနွေးကြမ်းသောက်ဖို့ ခေါ်လို့ရသလို, အရှေ့အနောက် ဘယ်ကနေ ဖြစ်ဖြစ် ဟဲလို လို့ ခေါ်လိုက်တာနဲ့ ချိတ်ဆက်သွားတယ်။ ကိုဗစ်ဖြစ်တော့ လည်း ကူးသွား, ချိတ်သွားလိုက်တာ မြန်သလားမမေးနဲ့ အင်တာနက်ကြနေတာပဲ, တစ်ကမ္ဘာလုံး 😀 ဟောကြည့် ! ရုရှားကြီးက ယူကရိန်းလေးကို အနိုင်ကျင့်တော့လည်း Breaking news တွေ အပြင် သူတို့ပြည်သူတွေ တင်နေတဲ့ ရပ်ကွက်ထဲက ပုံတွေက တောင် ပို ပြီး သတင်းတိကျနေ သလို မြန်လိုက်တဲ့သတင်းတွေ တိုက်ရိုက်ကြည့်နေရတဲ့ ခေတ်။ အာရှာထဲကမြန်မာ ဘာဖြစ်ပြီဟေ့ဆိုလည်း သူတို့ ချက်ချင်းသိ။ သိရက်နဲ့ ဘာမှ မလုပ်ပေးနိုင်တာက ယူအန် 😢 ရုရှားကို ငွေလမ်းကြောင်းတွေ ဖြတ်တောက်တော့လည်း ထိကြတဲ့သူတွေ မနည်း။ ကမ္ဘာ့နိုင်ငံအချင်းချင်း ချိတ်ဆက် စီးဆင်းနေတဲ့ Swift Code ဆိုတာကြီးကို ဖယ်ရှားပစ်လိုက်တာဆိုတော့ အသက်ဆက်နေတဲ့ ဆေးပိုက်ကြီး ဖြုတ်ချလိုက်သလိုပေါ့, ရုရှားကြီး ရှေ့တိုးရမလို, ရှက်ရှက်နဲ့ နောက်ပြန်လှည့်ဖို့ကလည်း အခက်ဆိုတော့။ စစ်အင်အားကိုကြည့်ရင် ယူအက်စ်ကို ယှဉ်ဖို့ဆိုတာ အရေးကြိးတာက စစ်သုံးစရိတ် ဘတ်ဂျက်ပဲ။ အမေရိကန်ကြီးက ဒေါ််လာ ဘီလီယံ ၇၀၀ ကျော်သုံးတဲ့အချိန်မှာ ရုရှားက ၆၀ ဘီလီယံပဲ သုံးနိုင်တာဆိုတော့ စဉ်းစားကြည့်ပေါ့။ တကယ်တော့ ဒုတိယ စစ်အင်အားအကြီးဆုံး တရုတ်ကြီးတောင် ၂၅၀ ဘီလီယံပဲ သုံးနိုင်သေးတယ်။ ဘယ်လိုဖြစ်ဖြစ် ဘိုင်ဒန် က စစ်ကို ရှောင်လို့ရမယ့်နည်းလမ်းကို ရှာတယ်။ ရုရှားကို ကမ္ဘာကြီးနဲ့ အဆက်သွယ်ဖြတ်ပစ်တယ်။ အဓိက ကတော့ ငွေကြေးဆိုင်ရာ စီးဆင်းမှုအားလုံးကို ပိတ်ဆို့ ဖြတ်တောက်တယ်။ ချက်ချင်းဆိုသလို, ရုရှားကြီး အထိနာသွားတယ်။ ဘယ်လိုဖြစ်ဖြစ် အနည်းနဲ့အများ ကမ္ဘာက ရွာကြိးဖြစ်နေလို့ ရွာအရှေ့ပိုင်းဖြစ်ဖြစ်, အနောက်ပိုင်းဖြစ်ဖြစ် အနည်းနဲ့ အများတော့ ရွာကြိးကို ထိခိုက်စေတာအမှန်ပါ။ ရွာလည်ပိုင်းက ဖိုးထောင် မူးပြီးသောင်းကျန်းတာကိုယ်နဲ့မဆိုင်ဘူးဆိုလည်း ကိုယ့်ရွာကိုယ့်ကမ္ဘာ မငြိမ်းချမ်းတာတော့ အမှန်.။ ခုပဲ ကြည့် , ရုရှား သွားမယ့်, ရောက်နေတဲ့ လေယာဉ်တွေ အကုန် ရပ်ဆိုင်းကုန်ပြီ။ ရုရှားကနေ စီးဆင်းနေတဲ့ စတော့ဈေးကွက်ကြီးလည်း အေးခဲသွားပြီ။ ရင်းနှီးမြုပ်နှံ, ပူးပေါင်းလုပ်တဲ့သူတွေ နနစ်ကြရသလို, ဖွင့်ဖြိုးနေတဲ့ ယူကရိန်းလည်း ဖရိုယရဲ ဖြစ်ကုန်ပြီ။ တစ်တိုက်, တစ်နိုင်ငံ, တစ်နေရာ, သမုဒ္ဒရာတွေခြားပေမယ့် ကိုယ့်ရွာကြီးထဲက ကမ္ဘာသူ, ကမ္ဘာသားတွေ အဆင်မပြေဖြစ်တိုင်း ကိုယ့်အပူထက် သူ့အပူကို တွေးပူပြီး စိတ်မကောင်းဖြစ်ကြရတယ်။ ကိုယ့်အလှည့်မရောက်သေးပေမယ့်ကိုဗစ်လိုပဲ ခြံစည်းရိုး ပိတ်ကာထားလို့မှ မရတာ။
20
Feb
ဒီနေ့ခေတ်ကမ္ဘာကြီး က
February 20, 2024
One Min Read
188
Views
0
Comments
Related Posts
ညီညွတ်ခြင်းက ဘယ်လောက် ပါဝါကြီးကြီး အနိုင်ယူနိုင်တယ် တဲ့။
February 20, 2024
Emotional skills
February 20, 2024
အကောင်းနဲ့အဆိုး
February 20, 2024