ဒီအချိန်မှာ စာအုပ်ကြီးတိုင်း မလုပ်ကြဖို့နဲ့ အခြေနေ အချိန်ခါ ကို ချင့်ချိန်ပြီး၊ ပါးပါးနပ်နပ် စီစဉ်ဆောင်ရွက်ကြပါလို့ အရင်ဦးဆုံး အကြံပြုပါရစေ။
အထူးသဖြင့် ကျောင်းတွေ လျှောက်တဲ့အခါ သတင်းအင်ဖေါ်မေးရှင်း ကောင်းကောင်းမရှာဘဲ၊ ကမူးရှုးထိုး နဲ့ ဆန္ဒစောပြီး မလုပ်မိကြဖို့ အရေးကြီးပါတယ်။
နောက်တစ်ခု က ဟိုဟာ မရဘူး၊ ဒါနဲ့ မရဘူးဆိုပြီးလည်း စွတ်မယုံပါနဲ့။
လက်တွေ့ အပြင်မှာ တကယ်ကျောင်းတက်နေတဲ့သူတွေ စကားနဲ့ အတွေ့အကြုံရှိတဲ့သူတွေ စကား သေချာ ယှဉ်ထိုးပြီးမှ ဆုံးဖြတ်ကြပါ။
ပြည်ပ ကောလိပ်၊ တက္ကသိုလ်တွေက IGCSE O’ level နဲ့ မရဘူး၊ ဆယ်တန်းအောင်မရဘူးဆိုရင် အဲလိုပြောတဲ့သူတွေဆိုရင် သတိသာထားပါ။
တိုတိုပဲ ပြောပါမယ်။
၁) IGCSE, GED, မြန်မာဆယ်တန်း ပြီးရင် ဘယ်နိုင်ငံဖြစ်ဖြစ် အကုန်လိုက်လျှောက်ပါ။ IELTS (6.5 အနည်းဆုံး)လိုပါတယ်။
(အမေရိကန်ဆိုရင် ကျောင်းအများစုက သူ့အဆင့်နဲ့သူ ခေါ်ပြီးသားပါ။ Ivy League လို top 100 တွေ ဘာတွေတော့သွားမလျှောက် ပါနဲ့။ Grading နည်းရင် ငွေကြေးမတတ်နိုင်ရင် Community College တွေ လျှောက်ပါ။ ဒေါ်လာ ၅၀၀၀-၆၀၀၀ လောက်နဲ့ ရတဲ့ကျေင်းတွေရှိပါတယ်၊ )
၂) ဗီဇာ approved ဖြစ်ဖို့ပဲ အရေးကြီးပါတယ်။ အမေရိကန်ဆိုရင် လူကိုယ်တိုင် Interview ဖြေရတဲ့အတွက် မထစ်မငေါ့ နဲ့ တည်တည်ငြိမ်ငြိမ် ယုံယုံကြည်ကြည်ဖြေဆိုနိုင်ဖို့သိပ်အရေးကြီးပါတယ်။
၃) ဩဇီ၊ ယူကေ၊ ကနေဒါ တို့လို နိုင်ငံအများစုက (ပုံမှန်အားဖြင့်) သံရုံး အင်တာဗျူး မလိုအပ်ပါဘူး။ (လိုအပ်ရင်တော့) ခေါ်တွေ့တာမျိုးရှိပါတယ်။ နည်းပါတယ်။ အများအားဖြင့် ဗီဇာ အက်ပလီကေးရှင်းတင်တဲ့ အခါ requirements တွေ ပြည့်ပြည့်စုံစုံတင်နိုင်ဖို့ပဲ အရေးကြီးပါတယ်။
၄) အချိန်ရရင် နိုင်ငံကြီးတွေကို ဦးစားပေးလျှောက်ပါ။ တစ်ခုတည်း တစ်နိုင်ငံတည်းမလျှောက်ပါနဲ့။ ဂူဂဲလ် များများခေါက်ပါ။ ခုခေတ်လူငယ်တွေ နည်းပညာ ကျွမ်းပြီးသားမို့ Facebook ထဲကစကားတွေနဲ့တင် လမ်းမဆုံးစေပါနဲ့။
အားလုံးအဆင်ပြေချောမွေ့ကြပါစေ။
ဆက်ပါအုံးမယ်။