ဒီလိုကာလမှာ ပြည်ပကလည်းထွက်ချင် ကိုယ့်နိုင်ငံကို ဘယ်နိုင်ငံကြီးတွေကမှ ဗီဇာမပေး။ Passport Rankingမှာ မြန်မာက မြောက်ကိုးရီးယားနဲ့ အာဖဂန်အောက်ရောက်နေတော့ ဘယ်နိုင်ငံက မှ အဖက်မလုပ်ချင်ကြ။ စဉ်းစားကြည့်ရင် ရင်နာဖို့ကောင်သလို, ဆင်းရဲစုတ်ပြတ်နေတဲ့ဘဝတွေလိုပဲ တွေ့တဲ့လူတွေက ရှောင်ထွက်သွားကြသလိုဖြစ်နေတယ်။ ပိုက်ဆံဘယ်လောက်ရှိရှိ မြန်မာလူမျိုးဆိုရင်ကို တချို့က မသိကြသလို, တချို့က အဖက်မလုပ်ကြ။ ပိုက်ပိုက်ပြေတဲ့သူတွေ နိုင်ငံကနေ ဘယ်လို ထွက်ခွါနေကြလဲ, ဘယ်လို နည်းလမ်းရှိလဲ။ နည်းလမ်းတွေက အများကြီးပါ။ ငွေကြေးပြေလည်ပေမယ့် ဘယ်နိုင်ငံကြီးတွေမှ ထွက်မရဘူး, မိသားစုနဲ့ ပြည်ပမှာ အခြေချချင်တယ်ဆိုသူတွေ အတွက် အလွယ်ဆုံးနည်းက Second Citizenship (Second Passport) ပါပဲ။ တချို့နိုင်ငံတွေက ဝယ်သလိုမျိုး လှူဒါန်းလိုက်ရတာမျိုး ရှိသလို, တချို့နိုင်ငံတွေက ရင်းနှီးမြုပ်နှံရပါတယ်။ လောလောဆယ် အလွယ်ဆုံးနိုင်ငံတွေက ၁) ဗင်နဝါတူး(Vanuatu) ၂) စိန့်ကစ်(St. Kitts) ၃) ဒိုမီနီကာ (Dominica) ၄) ဂရန်နဒါ (Grenada) ဒီ လေးနိုင်ငံက passport ရဖို့ မြန်ပါတယ်။ ၁) ဗင်နဝါတူးနိုင်ငံ အနည်းဆုံး ဒေါ်လာ ၁၃၀,၀၀၀ ရင်းနှီးမြုပ်နှံရပါတယ်။ အစိုးရကို လှူတဲ့သဘောမျိုးပါပဲ။ Passport ရဖို့ (၄၅)ရက်ကနေ ရက်ပေါင်း ၆၀ စောင့်ရပါတယ်။ ရတာနဲ့ Commonwealth နိုင်ငံတွေ အားလုံးကို ဗီဇာ လျှောက်စရာမလိုဘဲ လေယာဉ်လက်မှတ်ဝယ်ပြီး သွားလည်နိုင်ပါတယ်။ UK (England, Wales, etc), ဩဇီ Australia, Europe (ပြင်သစ်, စပိန်, အီတလီ စသည့် ဥရောပနိုင်ငံများ), ဟောင်ကောင်, စင်ကာပူ စတဲ့နိုင်ငံပေါင်း ၁၃၀ ကျော်ကို Visa free အချိန်မရွေးသွားလည်နိုင်ပါတယ်။ လျှောက်ဖို့အတွက် မိမိနိုင်ငံ ဘာအထောက်အထားမှ မလိုသလို, Dual Citizenship အနေနဲ့လည်းရတဲ့အတွက် မိမိ မူရင်းနိုင်ငံသားလည်း မပျက်ပါဘူး။ မှီခိုနဲ့ Passport လျှောက်ထားနိုင်တဲ့ သားသမီးတွေရဲ့ အသက်က ၁၈ နှစ်အောက်ဖြစ်ဖို့တော့လိုပါတယ်။ ၂) စိန့်ကစ်နိုင်ငံ အထက်က နိုင်ငံလိုပါပဲ။ သူက ဒေါ်လာ ၁၅၀,၀၀၀ လောက်ရင်းတာနဲ့ မိသားစုလိုက် အကုန်ရမှာပါ။ဗင်နဝါတူးနိုင်ငံလိုပဲ Passport ရတာနဲ့ နိုင်ငံပေါင်း ၁၅၅ နိုင်ငံကျော်ကို ဗီဇာလျှောက်စရာမလိုဘဲ လည်ပတ်နိုင်သွားရောက်နိုင်ပါတယ်။ UK နဲ့ EU နိုင်ငံတွေ အကုန်ရပါတယ်။ ဒါပေမယ့် လျှောက်တဲ့ Processing time ကြာချိန်က ၄ လ ကနေ ၅ လ အထိ ကြာနိုင်ပါတယ်။ ၃) ဒိုမီနီကာနိုင်ငံ ဒေါ်လာ ၁၀၀,၀၀၀ ရှိတာနဲ့ လေးလ သို့မဟုတ် ငါးလ စောင့်ပြီး Passport ရယူနိုင်တဲ့နိုင်ငံပါ။ အကယ်၍ မလှူဒါန်းချင်ဘူးဆိုရင်လည်း ရင်းနှိးမြုပ်နှံချင်တယ်ဆိုရင် ဒေါ်လာ ၂၀၀,၀၀၀ တော့ရင်းရပါလိ့မ်မယ်။ သူကတော့ Real Estate အိမ်ခြံမြေတွေမှာ ဝယ်ရင်းရတာပါ။ ပုံမှန်အားဖြင့်တော့ နိုင်ငံအများစုမှာ အိမ်ခြံမြေဝယ်ရင် အနည်းဆုံး Residence ရလေ့ရှိပါတယ်။ ကိုယ်ဝယ်ထားတဲ့အိမ်ခြံမြေကို ငါးနှစ်အတွင်းတော့ ပြန်လည်ထုတ်ရောင်းခွင့်မရပါဘူး။ အထက်က နှစ်နိုင်ငံလိုပဲ နိုင်ငံပေါင်း ၁၄၀ကျော်ကို ဖရီးသွားလာလို့ရပါတယ်။ သံရုံးဗီဇာလျှောက်စရာမလိုပါ။ ရောက်တဲ့နိုင်ငံကနေ ကိုယ်သွားချင်တဲ့နိုင်ငံကို သွားလည်ရုံပါပဲ။ UK, EU, Australia နိုင်ငံကြိးတွေ အကုန်ပါပါတယ်။ ၄) ဂရင်နဒါနိုင်ငံ ဒီနိုင်ငံကတော့ စိတ်ဝင်စားစရာ အကောင်းဆုံးနိုင်ငံတစ်နိုင်ငံပါ။ ယူအက်စ်နဲ့နီးသလို, ယူအက်စ်ကို ဝင်လည်လို့ရတဲ့ တစ်ခုတည်းသောကျွန်း နိုင်ငံပါ။ လှူမယ်ဆိုရင် ဒေါ်လာ တစ်သိန်းခွဲလောက် စလှူရပါတယ်။ အိမ်ခြံမြေဆိုရင်လည်း ဒေါ်လာ ၂၂၀,၀၀၀ လောက် ရင်းနှီးမြုပ်နှံဖို့လိုပါတယ်။ လျှောက်ထားဖို့ (၆)လ လောက်စောင့်ရပါတယ်။ သူလည်း နိုင်ငံပေါင်း ၁၄၀ ကျော်ကို သွားလို့ရသလို, မှီခို သားသမီးတွေရဲ့ အသက်က အသက် (၃၀)အောက်ထိ ရပါတယ်။ မိဘ နဲ့ မောင်နှမ အရင်းအခြာဆိုရင်လည်း အသက် အသက် ၁၈ အောက် အကုန်ရပါတယ်။ တမျိုးလုံး Second Passport ရနိုင်တဲ့တစ်ခုတည်းသောနိုင်ငံပါ။ ဒါက နိုင်ငံငယ်လေးတွေ။ ယူကေ, ယူအက်စ် နဲ့ တခြားနိုင်ငံကြီးတွေလည်း Residence ကနေ တစ်ဆင့် နိုင်ငံသား ရအောင်လျှောက်တဲ့နည်းလမ်းတွေရှိပါသေးတယ်။ ဆက်ပါအုံးမယ် (သိသလောက်မျှဝေခြင်းသက်သက်ပါ။ ကြော်ငြာခြင်း မဟုတ်ပါ 😀 ။ ကိုယ်တိုင်လည်း ဝန်ဆောင်မှု မလုပ်ပါ၊ လုပ်နေတဲ့ မိတ်ဆွေတွေ ဆီက information လေးတွေ မျှဝေခြင်းဖြစ်ပါတယ်၊ ဓါတ်ပုံက Passport တကယ်ရထားတဲ့ ဓါတ်ပုံကို ကိုယ်တိုင်ဓါတ်ပုံရိုက်ယူလာခဲ့တာပါ။ ဒီလူက ဥရောပ နဲ့ အိုင်ယာလန် ကို လတ်တလော သွားထာပြီးသားပါ။)
20
Feb
နိုင်ငံကနေ ဘယ်လို ထွက်ခွါနေကြလဲ, ဘယ်လို နည်းလမ်းရှိလဲ
February 20, 2024
2 Mins Read
238
Views
0
Comments
Related Posts
ညီညွတ်ခြင်းက ဘယ်လောက် ပါဝါကြီးကြီး အနိုင်ယူနိုင်တယ် တဲ့။
February 20, 2024
Emotional skills
February 20, 2024
ဒီနေ့ခေတ်ကမ္ဘာကြီး က
February 20, 2024