နိုင်ငံတကာ ကျောင်းတွေ လျှောက်တဲ့ အခါ ဘယ်က စရမလဲ၊ ဘာတွေလိုအပ်လဲ၊ ဘယ်လိုမျိုး လျှောက်ရမလဲ တဲ့။
၁) Application Form
ဒါကတော့ သက်ဆိုင်ရာ ကျောင်းဘက်ကပေးတဲ့ ပထမဆုံး Form ဖြည့်ဖို့ လိုအပ်တဲ့အချက်ပါပဲ။ ကိုယ့်ရဲ့နာမည် နဲ့ ကိုယ့်အကြောင်း (ဥပမာ အမည်၊ မွေးသက္ကရာဇ်၊ ဆက်သွယ်ရန်လိပ်စာ , ပညာရေးနောက်ခံ(academic history), တခြား ဆက်စပ်တာတွေ (ဥပမာအလုပ် အတွေ့အကြုံ) နဲ့ လျှောက်ထားသူရဲ့ လက်မှတ် စသဖြင့်။
ဒါကတော့ ကိုယ်ပြီးထား, တက်ထားခဲ့တဲ့ ကျောင်းက ပညာရေးမှတ်တမ်း မူရင်းနဲ့(မြန်မာလိုဆိုရင် Notary ပြန်ရပါမယ်) (ဥပမာ အမှတ်စာရင်း နဲ့ Report Card လိုမျိုး)
၃) Standardized Test Scores
ပုံမှန်အားဖြင့် ကျောင်းတွေ အာလုံးအများစုက SAT or ACT လိုမျိုး တောင်းကြပါတယ်။ ဒါပေမယ့် ကိုဗစ်ကာလက စပြီး ဒီလိုတောင်းတာကို Test-optional ပေါ်လစီ ဆိုပြီး ရွေးချယ်ခွင့်ရှိလာတယ်။ ဆိုလိုတာက ကိုယ့်ရဲ့ High School အမှတ်တွေ နဲ့တခြား personal statement လိုမျိုးတွေက ပြည့်စုံ ကောင်းမွန်နေတယ်လို့ ယုံကြည်နေရင် မတင်ဘဲ ရွေးချယ်လို့ရပါတယ်။ တချို့ကျောင်းတွေကလည်း test-blind ပေါ်လစီဆိုပြီးရှိပါတယ်။ ဒီအဓိပ္ပါယ်ကတော့ SAT/ACT တင်လည်း ထည့်သွင်းမစဉ်းစားတာမျိုးပါ။ ဒါကလည်း တခြား အချက်လက်တွေကောင်းနေရင်, သို့မဟုတ် လျှောက်တဲ့ ကျောင်းပေါ်မှာ မူတည်ပါလိမ့်မယ်။ (မှတ်ချက် Ranking အမြင့်ကျောင်းတွေကတော့ SAT/ACT လိုမျိုး တောင်းပါတယ်)
၄) Letters of Recommendation
ဒီအချက်က သိပ်အရေးပါပါတယ်။ အထူးသဖြင့် မာစတာ လိုမျိုးတက်မယ့်သူတွေ အတွက်ပိုအရေးပါတယ်။ ကိုယ့်ပြီးထားတာတွေ အပြင်၊ ကိုယ့်အကြောင်း ၊ ကိုယ့် အောင်မြင်မှု၊ ကိုယ့် character နဲ့ ဖြစ်နိုင်စွမ်းတွေ သက်သေပြနိုင်တဲ့ နည်းပါ။ ကိုယ်တက်ခဲ့တဲ့ ကျောင်း၊ ကိုယ် အလုပ်လုပ်ခဲ့တဲ့ လုပ်ငန်းခွင်က အရေးပါတဲ့သူတွေရဲ့ မှတ်ချက်ကောင်းတွေပါတဲ့ ထောက်ခံမှုမျိုး လိုပါတယ်။
၅) College Essay or Personal Statement
အက်ဆေး ကောင်းကောင်းရေးဖို့ဆိုတာ အခက်အခဲဆုံး အပိုင်းဖြစ်သလို၊ အဆီအငေါ် မတည့်ရင် ကိုယ် အမှတ်ကောင်းကောင်းနဲ့ ပြီးထားတာတွေ, ကိုယ့်ကိုယ်ထောက်ခံပေးထားတာတွေ အလကားဖြစ်စေနိုင်လို့ သတိထားရမယ့် အပိုင်းဖြစ်ပါတယ်။ ကိုယ့်အကြောင်း(story)တွေ, ဖြတ်ကျော်ခဲ့ရတဲ့ အောင်မြင်မှုတွေ၊ စိတ်အားတက်ကြွမှုတွေ ကို ကောင်းကောင်းဖေါ်ကြူးနိုင်ရမယ်။ ဒါကပဲ ကျောင်းဝင်ခွင့်ပေးမယ့် Admission Officer အရာရှိက ကိုယ့်အကြောင်းကို ကိုယ့်ကျောင်းပြီးတာတွေထက် ပိုသိနိုင်မယ့်နေရာဖြစ်လို့ ဂရုတစိုက်ရေးစေချင်ပါတယ်။ ဒီထက် စကော်လာလိုမျိုး ရဖို့ဆိုတာ ဒါက အသက်ပါပဲ။ (မှတ်ချက်။ သူတို့သတ်မှတ်ထားတဲ့ စာလုံးအရေအတွက်ထက် မကျော်အောင် ကျစ်ကျစ်လျစ်လျစ် ထိထိမိမိ ရေးနိုင်ဖို့အရေးကြီးပါတယ်)
၆) Proof of English Proficiency
ဒါကတော့ အင်္ဂလိပ်စကား(မိခင်စကား) ပြောနိုင်ငံမဟုတ်တဲ့ နိုင်ငံတိုင်းလိုအပ်ပါတယ်။ TOEFL or IELTS or Duolingo. (ပုံမှန်အားဖြင့် IELTS 6.5 နဲ့ ညီတဲ့ အမှတ်ရဖို့လိုပါတယ်။
၇) Financial Information
ကိုယ်တက်မယ့် ကျောင်း ရဲ့ ကုန်ကျစရိတ် ကို ကာမိ အောင် ပြနိုင်မယ့် Bank Statements ဘဏ်ထဲမှာ ငွေရှိကြောင်းပြနိုင်ရပါမယ်။ အနည်းဆုံး (၆)လလောက်က ထည့်ထားကြောင်းပြနိုင်ရင် ပိုကောင်းပါတယ်။ Bank statement ကို ကိုယ့်မိဘက မဟုတ်ရင် တခြား ဆွေမျိုးတစ်ဦးဦးရဲ့ ဘဏ်နဲ့ပြရင် သူ့ရဲ့ sponsorship letter လိုအပ်ပါမယ်။
၈) Extracurricular Activities
ဒါကလည်း ကိုယ့်ရဲ့ ဝါသနာ၊ ကိုယ့်ကျွမ်းကျင်မှု(ဥပမာ အားကစား) လိုမျိုး နဲ့ လူ့အဖွဲ့စည်းတွေမှာ ပါဝင်ပတ်သက်မှု မှတ်တမ်းတွေ Community services နဲ့ ကိုယ်ခေါင်းဆောင်လုပ်ရတဲ့ အပိုင်းတွေရှိရင် တင်ပြနိုင်ပိုပြည့်စုံပါတယ်။
၉) Interviews
တချို့တက္ကသိုလ်တွေက လိုအပ်ရင် လူတွေ့ အင်တာဗျူးတာမျိုး ခေါ်လေ့ရှိပါတယ်။
သတိထားရမယ့် အပိုင်းတွေက ကိုယ်နဲ့ကိုက်ညီမယ့် ကျောင်း သေချာ ရှာဖွေ၊ ရွေးချယ်ပြီး လမ်းညွှန်ချက်တွေ အတိုင်း Documents စုံစုံလင်လင် နဲ့ သတ်မှတ်ရက်ထက် နောက်မကျစေဘဲ စောစောတင်နိုင်ဖို့ အရေးကြီးပါတယ်။ အကယ်၍ သိပ်နားမလည်လို့ မရှင်းလင်းရင် သက်ဆိုင်ရာ ကျောင်းရဲ့ Admission Office (သို့) Admission Officer တွေကို အီးမေးလ်နဲ့ အာမနာတမ်း စေ့စေ့စပ်စပ် မေးမြန်နိုင်ပါတယ်။
ကျောင်းမရှာတတ်တဲ့သူတွေအတွက်ကျောင်းစရိတ်သင့်တင့်ပြီး နာမည်ရှိတဲ့ ပြည်နယ် တက္ကသိုလ်တချိုနဲ့ ကွန်မြူနတီကောလိပ်တချို့ရဲ့ လျှောက်ထားရမယ့် ဝဘ်ဆိုက်လင့်တွေချပေးထားပါတယ်။
ပြည်နယ်တက္ကသိုလ်များ (United States)
——–
၁) Minot State University, North Dakota
ဒါလေးက medical school လိုမျိုး ကျောင်းတွေ က အစ, အသေးစိတ် သိနိုင်, ရှာဖွေနိုင်၊ အကြံဉာဏ်တောင်းနိုင်တဲ့ ဝဘ်ဆိုက်ပါ။
၂) West Texas A&M University, Texas
၃) South Dakota State University, South Dakota
၄) Eastern New Mexico University, New Mexico
၅) Fort Hays State University (Kansas)
၆) University of Central Missouri (Missouri)
၇) Southeast Missouri State University (Missouri)
၈) Western Illinois University (Illinois)
၉) Wichita State University (Kansas)
Community Colleges များ (United States)
——
(University Transfer programs အတွက် strong ဖြစ်တဲ့ ကောလိပ်တွေဖြစ်ပါတယ်။)
1) Lone Star College (Texas)
2) Columbus State Community College (Ohio)
3)Pasadena City College (California)
4) Miami Dade College (Florida)
5) Pima Community College (Arizona)
6) Santa Monica College, California
UK တက္ကသိုလ်များ
—-
ယူကေ တက္ကသိုလ် အများစုကတော့ (vocation school တချို့ကလွဲရင်) A level သို့မဟုတ် Foundation ပြီးထားကြောင်းပြနိုင်ရပါမယ်။ နိုင်ငံတကာ ကျောင်းသားတွေ အတွက် အဆင်ပြေနိုင်တဲ့ ကျောင်းတချို့ပါ။
1) Staffordshire University
2) Teesside University
3)University of Cumbria
4)University of Sunderland
5)Leeds Trinity University
UK ကတော့ https://www.ucas.com ကနေ ဝင်ရှာဖွေလည်းရပါတယ်။ တက္ကသိုလ် အားလုံး ဒီနေရာကနေ ဝင်ရှာတာ ပိုလွယ်ကူပါတယ်။
ကျောင်းတွေ လျှောက်တဲ့အခါ ကိုယ်နေနိုင်မယ့် ပတ်ဝန်းကျင်၊ ကုန်ကျစရိတ်သက်သာမှု၊ post-graduate အခွင့်အလမ်း၊ စကော်လာရှစ်အခွင့်အရေး နဲ့ ရေရှည် အလုပ်ကိုင် အခွင့်အလမ်း စသဖြင့် အရင် လေ့လာသင့်ပါတယ်။
ကျောင်းတွေလျှောက်တဲ့ အခါ တစ်ခုတည်း တစ်ကျောင်းတည်း၊ တစ်နိုင်ငံတည်း မလျှောက်ဘဲ၊ ကိုယ့်ဘတ်ဂျက်နဲ့ ကိုက်ညီမယ့် ပရိုဂရမ်ဖြစ်မဖြစ် နဲ့ ကိုယ် တကယ် ရေရှည် အသက်မွေးနိုင်မယ့် ဘွဲ့ဖြစ်တဲ့ အထိ သေချာစဉ်းစားစေချင်ပါတယ်။ ကျောင်းတွေ မှာ အများအားဖြင့် ကျောင်းတစ်ဘက်တက်ရင် အလုပ်လုပ်ခွင့် မရှိတဲ့အတွက် မိဘဘက်က ထောက်ပံ့နိင်ဖို့ ဘတ်ဂျက်အားနည်းရင် ကိုယ်ရွေးချယ်မယ့် နိုင်ငံ၊ ပြည်နယ်တွေ မှာ မြန်မာ community နဲ့ နီးစပ်ဖို့လည်း ထည့်သွင်းစဉ်းစားရမယ့် အချက်တစ်ခု ဖြစ်ပါလိမ့်မယ်။
ခြုံပြောရရင်..ကိုယ်က မပြည့်စုံရင် လူ့အဖွဲ့စည်းတွေထဲမှာ ထဲထဲဝင်ဝင်ပါနိုင်လေလေ ကိုယ့်အတွက် အခွင့်လမ်း များလေလေပါ။ တစ်ကြိမ် သို့မဟုတ် တစ်ကျောင်း မရလို့စိတ်ဓါတ်ကျစရာမလိုသလို၊ personal statements (college essay), recommendation letters လိုမျိုး သေချာပြင်ဆင်ပြီး၊ ခုပေးထားတဲ့ ကျောင်းတွေ အပြင် နီးစပ်ရာ ကျောင်းတွေကို ဂူဂဲလ် များများခေါက် သေချာ စေ့စေ့ငုငု စစ်ဆေးပြင်ဆင်ပြီး လျှောက်ထားရင် မရစရာ အကြောင်းမရှိပါဘူး။
အားလုံး ကံကောင်းကြပါစေ။ လိုရာခရီး အမြန်ရောက်ကြပါစေ။
ဆက်ပါအုံးမယ်။
ကျေးဇူးတင်ပါတယ်။