ပညာတစ်ခုကို သင်ယူတဲ့အခါ ရေစက်တစ်စက်ချင်း စဉ့်အိုးကြီးထဲ ထည့်ရသလိုပါပဲ၊ ဖြစ်ချင်တာ ကြီးလေ၊ လွယ်လွယ်နဲ့မပြည့်လေ ဖြစ်တတ်ပါတယ်။ စဉ့်အိုးကြီးကို မကြည့်ဘဲ ကိုယ့်ထည့်နေတဲ့ ရေစက်ကိုပဲ တစ်နေ့တစ်စက် မှန်မှန် (ဖြည့်)ထည့်ဖြစ်သလား၊ စဉ့်အိုးထဲကို သေချာ ဝင်ရဲ့လား နဲ့ ရောက်သွားတဲ့ရေစက်တိုင်း ကိုယ်လိုချင်တဲ့ ရေ သို့မဟုတ် ကြည်လင်သန့်ရှင်းရဲ့လား ဆန်းစစ်ရပါမယ်။ စိတ်ပါလို့ဖြစ်ဖြစ်၊ သူများလုပ်လို့ဖြစ်ဖြစ် လူတိုင်းကတော့ လေ့လာသင်ယူနေကြတာပါပဲ။ ဒါပေမယ့် ရောက်နေတဲ့နေရာ၊ ရလာတဲ့အတိုင်း မဖြစ်မနေ ရွေးကြရတဲ့အခါ သတိထားရမှာက အချိန်ကုန်သွားမယ့်အတူတူ လက်ရှိဖြစ်သင့်တာကိုပဲ အာရုံစိုက်ပြီး လုပ်နေတဲ့သူဟာ အလကားဖြစ်သွားတဲ့ပညာရယ်လို့ မရှိပါဘူး။ တစ်နှစ်မှာ ရက်ပေါင်း ၃၆၅ ရက်ရှိတာမှာ ဘယ်နှစ်ရက် အဖတ်တင်လဲ၊ ကိုယ့်အတွက် ဘယ်လောက် အကျိုးရှိသွားလဲ ပြန်ဆန်းစစ်ရပါမယ်။ တခါတခါ အရွေ့အဖြစ်နဲ့ သွားနေရပေမယ့် တချို့ ပညာတွေက သို့မဟုတ် အလုပ်တွေက ဆီဆုံလှည့်ခံနေရသလို ခရီးမတွင်ဘဲ ဖြစ်နေတတ်တာလည်း ထည့်စဉ်းစားရပါမယ်။ ပညာဆိုတာ တခါတခါ စာအုပ် စာပေတွေ၊ လုပ်ငန်းတွေ၊ ကုန်ပစ္စည်းတွေက ချည့်ရနေတာမဟုတ်ပါဘူး။ လူတွေဆီက နေ အတွေ့အကြုံတွေ အတွေးမြင်တွေနဲ့ ခံစားမှုတွေ ကနေ တဆင့် လည်း ကြီးမားတဲ့ ပညာတွေ ရတတ်ကြပါတယ်။ ရက်ပိုင်းလပိုင်းနဲသင်ယူလို့ရတဲ့ အတတ်ပညာတွေ ရှိသလို၊ နှစ်ချီပြီး လေ့လာသင်ယူရတဲ့ ပညာတွေလည်း ရှိနေတတ်တယ်။ ဒါပေမယ့် အချိန်အကြာကြီးယူရတဲ့ ပညာနဲ့ အချိန်တိုတိုတွင်းတတ်တဲ့ပညာ တော့ တန်ဘိုးချင်း ဘယ်တူပါ့မလဲ။ အချိန်ကာလ တိုတိုရှည်ရှည် သင်ယူမှုတစ်ခုကနေ အတွေ့အကြုံနဲ့ပေါင်းစပ်ပြီး ကိုယ်တိုင် စဉ်းစားမြော်မြင် ဆင်ခြင်ဉာဏ်တွေနဲ့ ပညာဆိုတာ ဖြစ်လာကြတာ။ ဇွဲရှိရှိနဲ့ ရေတစ်စက်ချင်း မပျက်မကွက် ပုံမှန် ဖြည့်ဆည်းနေတဲ့သူအတွက် အချိန်ကြာလာတာနဲ့ အမျှ တည်ငြိမ် ရင့်ကျက်တဲ့ပညာရှင်၊ ပညာရှိအဖြစ် အများရဲ့ ယုံကြည်ကိုးစားမှုကို ရကြတယ်။ ဒါကြောင့်လည်း ကြီးမြတ်တဲ့ ပုဂ္ဂိုလ်တွေရဲ့ ဘဝလမ်းကြောင်းဟာ လွယ်လွယ်နဲ့ရောက်နိုင်တဲ့ ဖြတ်လမ်းမရှိဘူးလို့ပြောကြတာ။ ဘာဖြစ်ဖြစ် ဘဝမှာ သင်ယူတဲ့အခါတိုင်း ပတ်ဝန်းကျင်ကို သည်းခံခြင်း၊ ကိုယ့်အလုပ်ကိုယ်ကို သည်းခံခြင်း၊ ကိုယ့် ကိုယ်ကို သည်းခံခြင်းဟာ လည်း အောင်မြင်တဲ့ ဘဝတွေရဲ့ အရေးကြီးဆုံး အချက်တွေပါပဲ။ စကားလေးရှိတယ်။ ဘာတဲ့။ Success is no accident. It’s hard work, perseverance, learning, studying, sacrifice and most of all, love of what you’re doing တဲ့။
20
Feb
ပညာတစ်ခုကို သင်ယူတဲ့အခါ
February 20, 2024
One Min Read
171
Views
0
Comments
Related Posts
ညီညွတ်ခြင်းက ဘယ်လောက် ပါဝါကြီးကြီး အနိုင်ယူနိုင်တယ် တဲ့။
February 20, 2024
Emotional skills
February 20, 2024
ဒီနေ့ခေတ်ကမ္ဘာကြီး က
February 20, 2024