ပညာရေးဆိုတာ ကျောင်းကိုသွားတာ တစ်ခုတည်းမဟုတ်သလို၊ ကျောင်းကနေ ပြီးတာနဲ့ လည်း ပြည့်စုံတဲ့ ပညာရေး လို့ မပြောနိုင်ပါဘူး။ တွေ့တဲ့ ကျူရှင်အကုန်တက်ပြီး၊ မနားရအောင် သင်တန်းတွေ တက်နေတိုင်းလည်း ထူးချွန်သွားတာမဟုတ်ပါဘူး။ ကျောင်းကောင်းကြီးတွေတက်ရမှ ဘဝမှာ အောင်မြင်နိုင်တယ်လို့ လည်း တစ်ထစ်ချ ပြောမရသလို၊ အဆင့်မရှိဘူးလို့ အများသတ်မှတ်ထားတဲ့ ကျောင်းက ထွက်လာလို့လည်း ဘဝဟာ နိမ့်ကျသွားမယ်လို့ ဘယ်သူပြောနိုင်မှာလဲ။ ဘယ်က ပြီးပြီး ဘာဘွဲ့ဖြစ်ဖြစ်၊ အပြင်စာတွေ မဖတ်ရင်, အပြင်လောကကြီးကို မလေ့လာရင်, အတွေ့အကြုံတွေ မယူ၊ မပေါင်းစပ်နိုင်ရင်, ကိုယ့်ဘာသာ အိမ်အကြီးအကြီးတော့ဆောက်ထားပြီး အိမ်ထဲမှာပဲ တခါးပိတ်သော့ခတ်ထားပြီး နေတဲ့သူလိုဖြစ်နေမှာပါ။ ဘာလို့စာဖတ်သင့်လဲ မေးရင်၊ စာအုပ်တစ်အုပ်ဖြစ်ဖို့ စာရေးသူတွေ, သုတေသီတွေ, ပညာရှင်တွေ ဟာ များစွာသော သက်ဆိုင်ရာ အကြောင်းအရာတွေကို အသေးစိတ်လေ့လာ စုဆောင်းပြီးမှ ပြုစုရေးသားကြရသလို၊ သူတို့တစ်ဦးချင်းစီရဲ့ အတွေ့အကြုံနဲ့ အတွေးအခေါ်တွေကို ညစ်ထုတ် ပေါင်းစပ် ရေးကြရတယ်။ ဒါကြောင့် အကြောင်းအရာ တစ်ခု နဲ့ ပျိုးလိုက်တဲ့ ခေါင်းစဉ်အောက်က စာတွေဟာ အသေးစိတ်အချက်အလက် အစုံအလင် နဲ့ နက်ချိုင်းတဲ့ ပညာဗဟုသုတတွေ ကောင်းကောင်းရနိုင်ပါတယ်။ ဒီလို တစ်အုပ်ချင်းစီက ရသ, ဗဟုသုတ တွေ ခုလိုမျိုးရနိုင်တယ်ဆိုရင်၊ စာအုပ် ပေါင်းများစွာ ဖတ်နိုင်တဲ့သူဟာ ပညာရှင်ပေါင်းများစွာရဲ့ ဦးနှောက်နဲ့ အမြော်အမြင်အတွေးအခေါ်တွေကို ဆွဲစုပ်ယူလိုက်တဲ့သဘောမျိုး ဖြစ်သွားတဲ့အတွက်၊ စာအုပ်စာပေ ပုံမှန်ဖတ်ရှုနိုင်, များများဖတ်နိုင် တဲ့သူဟာ ပညာရှိလို လူအများရဲ့ ကြည်ညိုခြင်း၊ လေးစားအားကိုးခြင်း နဲ့ လူဘုံအလယ်မှာတင့်တယ်နိုင်ပါတယ်။ ခေတ်သိပ္ပပညာတွေကောင်းကောင်းတတ်ပြီး, ဒီလိုစာပေမျိုးစုံဖတ်ရှုနိုင်တဲ့သူအတွက်တော့ ဘဝ မှာ အမြဲတမ်း အဆင့်တန်းမြင့်မြင့် နေသွားကြရမှာ သေချာပါတယ်။ တိုးတက်တဲ့နိုင်ငံကြီးတွေကို ကြည့်ရင် ကလေးတိုင်း လူကြီးတိုင်းဟာ စာဖတ်ခြင်းအတွက် သီးခြား အချိန်ကုန်စေကြတယ်။ စာကြည့်တိုက်ယဉ်ကျေးမှုတွေလည်း ကောင်းကောင်းဖွံ့ဖြိုးကြသလို၊ စာဖတ်ခြင်း အလေ့ကျင့်ကောင်းနဲ့ ဆွေးနွေးခြင်း၊ ငြင်းခုန်ခြင်းကို လူ့အဖွဲ့အစည်းတစ်ခုရဲ့ ကောင်းတဲ့ယဉ်ကျေးမှုတစ်ခုလို ဖန်တီးကြတယ်။ ဒါကြောင်း ကျနော်တို့မိဘတွေ အနေနဲ့ သားငယ်သမိးငယ်တွေ, မျိုးဆက်သစ်တွေ အတွက် ဒီလို ဝန်းကျင်ကောင်းကို ဖန်တီးပေးပြိး အနာဂတ် နိုင်ငံတော်အတွက် ပြင်ဆင်ထားကြရပါလိမ့်မယ်။ ဘယ်လောက်ပဲ ဉာဏ်ကောင်းကောင်း စာမဖတ်သော သူဟာ ဘယ်သောအခါမှ ပညာရှိမဖြစ်နိုင်တဲ့လေ။ ဆက်ပါအုံးမယ်။