ပညာရေးတစ်ပိုင်းတစ်စနဲ့ တောမရောက်တောင်မရောက်ဖြစ်နေတဲ့သားအတွက် ဘာလုပ်ပေးရရင် ကောင်းမလဲဆရာတဲ့။ အကောင်းဆုံးကတော ဘာသာစကားတစ်ခု သေချာသင်။ ဥပမာ အ င်္ဂလိပ်စကားပြောဖြစ်ဖြစ်, ဂျပန် ဘာသာစကားပြော ဖြစ်ဖြစ်ပေါ့။ ဒုတိယ အချက်က ပြည်တွင်းမှာ, KFC လိုမျိုး, Giodeno, Levis, Nike, Adidas, Samsung, Novotel လိုမျိုး ကမ္ဘာနိုင်ငံတိုင်းမှာရှိတဲ့ လုပ်ငန်းမျိုးတွေမှာ ရတဲ့နေရာဝင်လုပ်ပါ။ အနည်းဆုံး ၂ နှစ် ၃ နှစ် ဘာသာစကားနဲ့ နိုင်ငံတကာ တန်းဝင်တဲ့ကုမ္ပဏီမျိုးတွေမှာ ရတဲ့နေရာဝင်လုပ်ရင်း အလေ့ကျင့်နဲ့ လုပ်သက်ယူပါ။ ဘာသာစကားလည်း အတော်အတန် ပြောနိုင်ပြီ, အစောက ပြောတဲ့ နိုင်ငံတကာ နာမည်ရှိတဲ့ တံဆိပ်တွေ ရှိတဲ့ လုပ်ငန်းမျိုးတွေမှာ ဝင်လုပ်တာ လုပ်သက်လည်း အနည်းဆုံး ၂ နှစ်လောက်ရှိပြီဆိုရင် .ဥပမာ စင်ကာပူ၊ ထိုင်း, မလေးရှား နဲ့ ယူအေအီး လိုမျိုးနိုင်ငံတွေမှာ အလုပ်အခွင့်အလမ်းတွေ အများကြီးပါ။ အများအားဖြင့်တိုးတက်နေတဲ့ နိုင်ငံအများစုက ဟိုတယ်ပိုင်း, စားသောက်ဆိုင်ပိုင်း, စူပါမားကက်, နဲ့တခြား ဝန်ဆောင်မှုလုပ်ငန်းတွေမှာ နိုင်ငံတကာ က အလုပ်သမားတေါကို ပဲ ခေါ်သုံးကြတယ်။ တချို့နည်းနည်းအမြင်ကျယ်တဲ့သူ ပညာရေး background ကောင်းတဲ့သူတွေကြတော့ ဥရောပအထိ ဝင်တိုးကြတယ်။ ဒီနည်းလမ်းက သာ နိုင်ငံတကာမှာ ကျွမ်းကျင် တဲ့ skilled Worker အနေနဲ့ အဆင်ပြေသလို၊ လစာကောင်းကောင်းနဲ့ အဆင့်တန်းရှိရှိအလုပ်ရကြပါတယ်။ နိုင်ငံတကာ မှာတွေ့ရသလောက် အများစုက အာဖရိက သူတွေ နေရာတိုင်းမှာရှိကြတယ်။ အစောကပြောတဲ့ ဟိုတယ်ပိုင်း, နာမည်ရှိတဲ့ Brand ဆိုင်ကြီးတွေနဲ့ တခြားနေရာတော်တော်များများ မှာ သူတို့ ဝင်လုပ်နေကြတာတွေ့တယ်။ သူတို့ကိုမေးလိုက်တိုင်း အာဖရိက နိုင်ငံတွေကချည့်ပဲ။ သူတို့က ဘာသာစကား ကောင်းတယ်။ ဖေ့သ်ဘွတ်မှာ နာမည်ရနေတဲ့ ဧမာနွေလ တို့လို ဘာသာစကားပိုင်းလေးတွေ သူများနားလည်လွယ်အောင် ပြောတတ်ကြတယ်။ ကောင်းမွန်တဲ့ ဘွဲ့မှ မရရင်၊ အသက်မွေး ပညာအတွက် တောက်တောက်, တောက်တောက် နဲ့ ပြောတတ်ဖို့ နံပါတ်တစ်အရေးကြီးပါတယ်။ စနစ်တကျ သေချာ သင်ယူမယ်ဆိုရင် ဒိနေ့ခေတ် အွန်လိုင်းမှာ ဘာသာစကား သင်တန်းကောင်းတွေ အများကြီးပါ။ ၆ လကနေ တစ်နှစ်အထိ သေချာတက်ပြီး, လေ့ကျင့်ယူမယ်ဆိုရင် ဆယ်တန်း မအောင်လို့ ဘွဲ့မရလို့ဆိုပြီး စိတ်ဓါတ်ကျစရာမလိုတဲ့ ခိုင်မာတဲ့ အသက်မွေးပညာတစ်ခုခု ရနိုင်မှာပါ။ တခုပဲ ရှိတာပါ။ ကိုယ်တိုင်စွန့်စားရဲရတယ်။ ကိုယ်တိုင် letter, essay ရေးနိုင်ရမယ်။ အင််တာဗျူးကောင်းကောင်း ဖြေနိုင်ရမယ်။ ဒါဆို ကိုယ်ကြိုက်တဲ့နိုင်ငံမှန်းပြီး ကြိုးစားထွက်လို့ရနိုင်တာတွေ အခွင့်အလမ်းတွေ အများကြိးဆိုတာ မမေ့ပါနဲ့။ အစောက ပြောတဲ့ အလုပ်မျိုးတွေဟာ တချို့ က ဘွဲ့တောင်းပေမယ့် အများစုက မလိုပါဘူး။ ဘာသာစကားနဲ့ လုပ်သက်ကို အဓိကထားကြတယ်။ နိုင်ငံတကာမှာ နာမည်ရှိတဲ့ တံဆိပ်တွေမှာ ဝင်လုပ်ဖူးတဲ့ အတွေ့ကြုံက အရေးပါပါတယ်။ အကောင်းဆုံးကတော့ ကိုယ်တိုင်လေ့လာပါ။ လုပ်သက်ယူပါ။ ဘာသာစကားကို အသက်မွေးပညာလို့ မှတ်ယူပြီး လေ့ကျင့်ပါ။ ပြီးရင် စွန့်စားပါ။ အခွင့်အလမ်းဆိုတာ အမြဲတမ်း တံခါးခေါက်ပါတယ်။ ကိုယ်က မကြားနိုင်သေးတာပဲ ရှိတာပါ။ အခွင့်အလမ်းဆိုတဲ့ တံခါးခေါက်သံကြားနိုင်ဖို့ ကြားနိုင်တဲ့ စွမ်းရည်ရှိအောင် လေ့ကျင့်ဖို့ပဲလိုပါတယ်။ အားလုံး အဆင်ပြေပြေ ကြိုးစားရုန်းထွက်နိုင်ကြပါစေ။