ပညာရေးနဲ့ပါတ်သက်လို့ မိဘတွေလာမေးကြတိုင်း ဖြေရခက်တဲ့ မေးခွန်းတွေ ရှိတယ်။
ဘယ်ကျောင်းတက်ရမလဲ ဆိုတာရယ်၊ ဆရာ့မှာ ကျောင်းရှိလား ဆိုတာရယ်ပဲ
ဘယ်ကျောင်းတက်ရမလဲ ဆိုတာကလည်း ဖြေရခက်တယ်။ သူများ ကျောင်းတွေ ညွှန်ပြန်တော့လည်း ကိုယ့်ကျောင်းမကောင်းလို့ထင်ကြအုံးမယ်။
ကိုယ့်မှာ ကျောင်းရှိတယ်၊ လာတက်ကြပါဗျာလို့ ခေါ်ပြန်တော့လည်း လာရင်တော့ တော်သေး၊ မလာရင် စိတ်ဆိုးရခက်။ အောင့်သက်သက်ကြီး။ တချို့မိဘတွေဆို ဆရာ့ကျောင်းမှန်းမသိခဲ့ဘူး။ ဆုပေးပွဲ တက်မှပဲ သိရဆိုပဲ။
ဒါကြောင့် ဘယ်တော့မှ ကိုယ့်မှာ ကျောင်းရှိတယ် ဆိုတာ မပြောဖြစ်သလို၊ ဘယ်ကျောင်းကောင်းပါတယ်လို့လဲ မညွှန်ခဲ့ပါဘူး။
အကောင်းဆုံးက ကျနော့်ကျောင်းရှိလို့ သိလို့ တက်မယ် ပဲ ဖြစ်ဖြစ် တခြား ကျောင်း တက်တာပဲ ဖြစ်ဖြစ်၊ တခြား ကျောင်းသားမိဘတွေရဲ့ Feedback တွေ နားထောင်ပြီးမှ တက်ပါ လို့ပဲ အကြံပေးဖြစ်တယ်။
ပညာရေးနဲ့ ပါသက်ရင် အလွတ်သဘောပဲ အခမဲ့ ဆွေးနွေးပေးတာပဲ လုပ်ပါရစေ လို့ မိဘမိတ်ဆွေတွေအားလုံးကို မေတ္တာရပ်ခံချင်ပါတယ်။
ကျနော့်ကိုပဲ ပုဂ္ဂိုလ်စွဲနဲ့ ကျနော်ပြောတာချည့်ပဲ မဆုံးဖြတ်ပါနဲ့။
သားတွေသမီးတွေရဲ့ ဆန္ဒ၊ ဝါသနာ နဲ့သူတို့ဖြစ်ချင်တာကို အခြေခံ စဉ်းစားပြီးမှ ကျနော် ပြောတာတွေ ဆွေးနွေးတာတွေ နဲ့ ပေါင်းစပ်ပြီး ကိုယ့် မိသားစု ကိစ္စ ကိုယ့်ဘာသာ ဆုံးဖြတ်တာ အမှန်ကန်ဆုံး ဖြစ်ပါလိမ့်မယ်။
ပညာရေးနဲ့ပါတ်သက်ရင် သိချင်တာတွေ ကြိုးစားပြီး ကျနော်သိလောက် ဖြေပေးပါ့မယ်။
အားမနာတမ်း မေးနိုင်ပါတယ်။
အားလုံးကျေးဇူးတင်ပါတယ်။