မိဘတိုင်း သားသမီးတွေကို အရွယ်ရောက်တာနဲ့ ကျောင်း တွေ ပို့ကြတယ်။ ကျောင်းတွေ ပို့တိုင်း ကိုယ့်ကလေးကို ဘာအတွက် စာသင်စေတာလဲ သတိပြုဖို့ အရေးကြီးပါတယ်။ ပညာသင်တယ်ဆိုတာ ကိုယ်တတ်ကျွမ်းတဲ့ ဘာသာရပ် သို့မဟုတ် ကိုယ် အသက်မွေးနိုင်မယ့် အလုပ်တစ်ခုကို ကျွမ်းကျင်ကျင်နဲ့ ဘဝ ရပ်တည်နိုင်ဖို့ ရည်ရွယ်ကြတာချည့်ပါ။ တကယ့်စာသင်ကျောင်းတွေ ဆိုတာ စာသင်ရုံသက်သက် မဟုတ်ဘဲ၊ ၁) အချင်းချင်း ဘယ်လိုပူးပေါင်းမလဲ (Cooperative learning) ၂) ဘယ်လို တွေးခေါ်မလဲ (Critical Thinking) ၃) ဖန်တီးမှု အသစ်တွေ ဘယ်လိုလုပ်မလဲ (Creativity & Productivity) ၄) ဈေးကွက်ဝင်အောင် စနစ်တကျ ဘယ်လို တည်ဆောက်မလဲ (Market Segmentation) ၅) အခက်အခဲတွေ ကို ဘယ်လို ကိုင်တွယ်ဖြေရှင်းမလဲ (Problem-solution) ဒီလိုမျိုး skills တွေ တိုးတက်လာအောင် မွေးမြူကြတယ်။ ပညာရေးဟာ နိုင်ငံတစ်ခုအတွက် အရေးပါတဲ့ အခန်းကဏ္ဌ မှာ ရှိသလို၊ နိုင်ငံသား တစ် ဉီးချင်းစီ အတွက်လည်း သူတို့ရဲ့ လုပ်အားကျွမ်းကျင်မှု နဲ့ ထုတ်ကုန်စွမ်းအား တွေမြှင့်တက်လာဖို့ ပညာရေးစနစ်ကောင်းလိုအပ်ပါတယ်။ ပညာရေးစနစ်ကောင်းတဲ့ ကျောင်းတွေဆိုတာ သီအိုရီ (theoretical) နဲ့ လက်တွေ့(practical) မျှအောင် သင်ယူကြရတယ်။ ခြုံပြောရရင် ကျောင်းတွေက ပေးလိုက်တဲ့ ပညာဟာ တကယ့် အပြင်ဘဝတွေမှာ သူတို့ရဲ့ အလုပ်အကိုင်(career) နဲ့ ဆက်စပ်မြော်မြင်နိုင်တဲ့ ပညာဗဟုသုတ မျိုး အထောက်အပံ့ ဘယ်လောက်ဖြစ်သလဲ ဆိုတဲ့ အရည်အချင်းမျိုး ပေးနိုင်မှ ပညာရေးကောင်းဖြစ်တာပါ။ ဥပမာ အင်္ဂလိပ် သင်တယ်။ အင်္ဂလိပ်လိုမပြောတတ်ဘူးဆိုရင် ဒါ အရည်အချင်းပြည့်တဲ့ ပညာရေး(Qualitative education) မဖြစ်တော့ဘူး။ ပညာရပ်(ဘာသာရပ်) တိုင်းဟာ လက်တွေ့ နယ်ပယ်မှာ အသုံးချ(apply) နိုင်စွမ်းရှိရမယ်။ သင်္ချာ၊ ပထဝီ၊ သမိုင်း စတဲ့ ဘာသာရပ်မျိုးတွေ က အစ သူ့နေရာနဲ့သူ လက်တွေ့နယ်ပယ်မှာ အသုံးဝင်ကြတယ်။ ထိပ်တန်းပညာရေးကောင်းတဲ့ နိုင်ငံတွေမှာ ပြန်ကြည့်ရင် စာသင်ကြားရေး နဲ့ လက်တွေ့ နယ်ပယ်ကို မျှခြေဖြစ်အောင် လုပ်ကြတယ်။ ကလေးတွေကို စာအုပ်တွေထဲကနေ အပြင်ကို ထွက်ကြည့်ခိုင်းတယ်။ ဒီကမှ တီထွင်ဖန်တီးနိုင်စွမ်းဉာဏ်ရည်ကိုမွေးမြူကြတယ်။ ပြောရရင် ကျောင်းသားတွေကို သမာရိုးကျ (traditional learning) စာသင်ကြားရေး ကနေ ဖောက်ထွက်ပြီး work-based learning မျိုး တကယ့် ဘဝတွေမှာ တွေ့ကြုံရတဲ့ အလုပ်တွေနဲ့ တိုက်ရိုက်ထိစပ် ပြီး real-life work experience မျိုး အတွေ့ကြုံတွေ ရဖို့လိုသလို၊ ပညာပိုင်း(academic)ရော၊ နည်းပညာပိုင်းကျွမ်းကျင်မှုရေ(technical skill) ရော နားလည်တတ်ကျွမ်းစေဖို့ အရေးကြီးပါတယ်။ ဆက်ပါအုံးမယ်