LV ကိစ္စနဲ့ပါတ်သက်ပြီး မိတ်ဆွေတစ်ယောက် က အမေရိကားရောက်နေတဲ့ ဟိုမင်းသမီး ဘာလို့ ဒီလောက်ချမ်းသာနေတယ်ထင်လဲဆရာတဲ့။ လာပြန်ပြီ ဒီပြဿနာ 🙂 သူများအကြောင်းဘာလို့ဒီလောက်တောင် စိတ်ဝင်စားနေရတာလဲလို့ပြန်မေးတော့ ရီ(ရယ်)တယ်။ တကယ်တော့ LV လိုမျိုး တခြား အတန်းစားတူ တံဆိပ်တွေက အင်္ကျီတစ်ထည် ဒေါ်လာ ၁၀၀၀ (မြန်မာငွေ သိန်း ၃၀) လောက်ကနေ ဒေါ်လာ သောင်းကျော်(သိန်း သုံးလေးရာ)ကျော်တွေအထိအစားစားရှိကြပါတယ်။ မြန်မာပြည်မှာလည်း ဝယ်ဝတ်နိုင်တဲ့သူတွေ သူ့အလွှာနဲ့သူရှိနေကြတာပါ။ သူတို့ဝတ်တာ၊ သူတို့စားတာတွေကိုယ်မမြင်နိုင် မတွေ့နိုင်တာရယ်၊ ကိုယ်တိုင်က LV(LOUIS VUITTON) လောက်ပဲ သိနေတာလည်းဖြစ်နိုင်တယ်။ ပြောရရင် အီလစ် အလွှာ ဆိုတာ သူတို့အတွက် အင်္ကျီဝယ်တာလောက်တော့ ဘာမှ မပြောပလောက်ပါဘူး။ လစဥ်ကုန်နေတဲ့ အိမ်သုံးစရိတ်တွေထဲက တစ်ခုပါပဲ။ ကိုယ်တွေလိုမျိုး အင်္ကျီဝယ်၊ မီးဖိုချောင်ပစ္စည်းဝယ်၊ မီးဖိုးရေဖိုး၊ ဖုန်းဖိုး၊ကားဖိုး စသဖြင့် ကုန်ကျစရိတ်တွေ ရှိနေကြတာ။ မတူတာကတော့ အလွှာမတူတဲ့အတွက် သုံးတဲ့ပစ္စည်း အတန်းစား ကွာသွားကြတာ။ ကိုယ်က တစ်လ လေးငါးသိန်း လောက်အောင်သုံးနေရတဲ့အချိန်မှာ သူတို့က တစ်လ သိန်း ရာချီသုံးနေကြတာ။ ကျားကြီးတော့ ခြေရာကြီးသွားတာပေါ့။ ကိုယ်တွေက ပန်းကန် တစ်ချပ် ၁၀၀၀ တန်ဝယ်ရင် သူတို့က လည်း ၁၀၀၀ တန်ပဲဝယ်သုံးတာပဲ။ မတူတာက ကိုယ်တွေက မြန်မာငွေ၊ သူတို့က ဒေါ်လာ ၁၀၀၀ 😃 ကိုယ်တွေက လူကြားထဲသွားဖို့ ၁၀၀၀၀ ကျော်တန်ဝယ်ရင် သူတို့လည်း ၁၀၀၀၀ ကျော်တန်ပဲလေ 😃 ကိုယ်တွေကားစီးတော့ တိုယိုတာ ခရောင်း မော်ဒယ် ၂၀၀၀ ကျော်ကျော်လေးနဲ့သူဌေးလုပ်စီးကြရတဲ့အချိန်မှာ သူတို့က ဒေါ်လာ သိန်း သန်းချီတန်တဲ့ Rolls Royce နောက်ဆုံးပေါ်ကြီးနဲ့။ ဒါတောင် တစ်စီးတည်းမဟုတ်ဘူး။ သူလည်းလေးဘီး၊ ကိုယ်လည်း လေးဘီးပါတယ်လို့တော့ မပြောနဲ့။ နတ်ပြည် ပထမထပ်နဲ့ ၆ ထပ်တော့ ကိုယ်ရောင်ကိုယ်ဝါ နဲ့ စွမ်းတာချင်းတော့ ဘယ်တူမလဲလေ နော်။ သူလည်းဆန်စားတာပဲ၊ ငါလည်းဆန်စားတာပဲဆိုပြီး မြန်မာဓါတ်ပြားဟောင်းထဲက သီချင်းတွေလို ခပ်တုံးတုံးတောက လေသံနဲ့ ကျေနပ်နေရင် ကိုယ်တိုင်အစွမ်းစ မရှိလို့ သူများကို မနာလိုတာ ဖြစ်သွားမယ်။ ပိုက်ပိုက်ချမ်းသာတဲ့သူတွေရဲ့ နေ့စဉ် သုံးစွဲတာတွေ ထပ်ပြောရရင် သူတို့ တစ်နပ်စာက ကိုယ့် တစ်လ စာ မကပါဘူး။ ထမင်းတစ်ပွဲ ကိုယ်တွေက ၃၀၀၀ ကနေ ၅၀၀၀ ဆို ဆိုင်ရှင်ကို စိတ်ဆိုးချင်လာပြီ။ သူတို့က ဘာမဟုတ်တဲ့ အချိုရည်၊ သားရေစာ မုန့်လေးတောင် ဒေါ်လာ ရာကျော် (မြန်မာငွေ ၃ သိန်းကျော်) စားနေကြတာ။ ကုန်ကုန်ပြောရရင် လမ်းမှာ ကိုယ် ဝယ်သောက်တဲ့ရေသန့်ဗူးက တစ်ဗူး ၄−၅၀၀ ကျပ်၊ သူတို့က ၄−၅၀၀၀ ကျပ်တန်။ ပြောရရင် မကုန်ဘူး။ မျက်နှာသစ်၊ မိတ်ကပ်၊ အလှဆီ အားလုံး တစ်လွာစီ အဆရာနဲ့ချီ ကွာနေကြတာ။ လေယာဥ်စီးရင်တောင် ကိုယ်တွေက အကော်နမီ ရိုးရိုးတန်း ဒေါ်လာ ၁၀၀၀ တန်စီးရင် သူတို့က First Class ဒေါလာ ၁၀၀၀၀ အထက်။ တချို့ဆို ကိုယ်ပိုင်လေယာဥ်ကြီးနဲ့ 😃 တစ်ခုပဲပြောချင်ပါတယ်။ စိတ်ကောင်းစေတနာလေးထားပြီးသာ ကြိုးစားပါ။ တစ်နေ့နေ့ ဖြစ်ပါတယ်။ အမြင်တွေပြောင်းပါ။ ကိုယ့်ထက် မြင့်တဲ့စီးပွါးရေးသမားတွေကို ချဥ်းကပ်ပါ။ တံငှါနားနီးတံငှါတဲ့။ သူဌေးတွေနဲ့နီးမှ သူဌေးတွေလို နေတတ်ကျင့်တတ်ꩻ လုပ်တတ်ကြတာပါ။ လူကြားထဲမှာ ခရင်းလေး ဘယ်လိုကိုင်လဲကအစ၊ နိုင်ငံတကာမှာ ရင်းနှီးမြုပ်နှံမှုတွေ ဘယ်လိုလုပ်ကြလည်း အဆုံး ရှေ့က အတွေ့အကြုံရှိတဲ့ စီးပွါးဖြစ်နေတဲ့သူတွေနဲ့ ချဥ်းကပ်ရင်းနှီးမှသာ သိနိုင်တာပါ။ ကိုယ်တွေသိသလောက် သေချာတာကိုပြောရရင် အမေရိကားလိုမျိုးနိုင်ငံကြီးတွေမှာ တကယ်မချမ်းသာဘဲ မြန်မာပြည်လိုဘယ်လိုချမ်းသာလာမှန်းမသိဘဲ နေလို့မရပါဘူး။ Source of Funds လို့ခေါ်တဲ့ ဝင်ငွေလမ်းကြောင်းပြရပါတယ်။ သူတို့လိုနိုင်ငံကြီးတွေမှာ သန်းချီတန်တဲ့အိမ်ကောင်း၊ ကားကောင်းကြီးတွေ စီးနိုင်တယ်ဆိုကတည်းက သေချာတဲ့စီးပွါးရေးတစ်ခု တရားဝင်ရှိထားကြလို့သာ နေနိုင်တာပါ။ ပွင့်ပွင့်လင်းလင်းပြောရရင် ပိုက်ဆံရှိတဲ့သူတွေ အနေနဲ့ US မှာ တရားဝင်နေထိုင်ချင်ရင် ဒေါ်လာ တစ်သန်း မြုပ်နှံရင် ရပါတယ်။ Risk တော့ ရှိပါတယ်။ Processing Time အနေနဲ့ စောင့်ရတာက ၂ နှစ်ပါ။ လျှောက်ထားတာရပြီဆိုရင်နေထိုင်ခွင့် Green ကဒ် ကို မိသားစုလိုက် ရ ပါတယ်။ ငါးနှစ်ပြည့်ရင် နိုင်ငံသား ခံယူနိုင်ပါတယ်။ ကုန်ကုန်ပြောရရင် ပိုက်ပိုက်ရှိတဲ့သူတွေအနေနဲ့ နိုင်ငံကြီးတွေ အများစုက Welcome ပါပဲ။ နည်းလမ်းတွေအများကြီးရှိပြီးသားပါ။ ပိုက်ပိုက်ပဲလိုတာပါ 😃 ။ ကိုယ့်ဘက်က Souce of Funds ပြနိုင်အောင်သာပြင်ထားပါ။
20
Feb
Related Posts
ညီညွတ်ခြင်းက ဘယ်လောက် ပါဝါကြီးကြီး အနိုင်ယူနိုင်တယ် တဲ့။
February 20, 2024
Emotional skills
February 20, 2024
ဒီနေ့ခေတ်ကမ္ဘာကြီး က
February 20, 2024