ဗယ်လင်တိုင်းဒေး ဆိုလို့ သတိရမိတယ်။ (၁၀)တန်းပြီးရင် Foundation program တစ်ခု တက်ပြီး၊ ပြည်ပကို ပို့ဖို့ သမီးမွေးထားတဲ့ သူငယ်ချင်းကို အကြံပေးတော့ သူငယ်ချင်းက ခေါင်းခါငြင်းတယ်။ နိုင်ငံခြားမှာ သူ့သမီးငယ်လေးကို စိတ်မချနိုင်ဘူးဆိုပြီး ပြည်တွင်းက နည်းပညာတက္ကသိုလ်တစ်ခုကိုထားလိုက်တယ်။ သမီးလေးက မင်းသမီးလေးလို နုပြီးချောတော့ ထုံစမ်းတိုင်း ပဲလေးနဲ့ဆိုတော့ မကြာဘူး ပထမနှစ်နဲ့တင် Boyfriend ရတာပေ့ါ။ ပြဿနာက သမီးရှိတဲ့ အဆောင်ကိုသွားတော့ Valentine Day နဲ့ ပါသွားရော။ အဆောင်ပိတ်ချိန်ရောက်ပေမယ့် သမီးဖြစ်သူ က ပြန်မလာနိုင်တဲ့ အဝေးကြီးမှာဆိုတော့… ဘာတွေဖြစ်ကုန်လဲ စဉ်းစားကြည့်ပေတော့။ အရွယ်ရောက်လာတဲ့ ကလေးတွေ ကို အပြစ်တင်ခြင်းမဟုတ်ပါ။ အရွယ်ရောက်ရင် ဖြစ်ရ, တွေ့ရမယ့် သဘာဝတရားတွေပါ။ ပတ်ဝန်းကျင်ရဲ့ လှုံ့ဆော်မှုအတိုင်းသာ သူတို့ဘဝတွေလည်း ကျင်လည်နေကြရတာပါ။ ရွာတွေမှာနေတဲ့ လူငယ်တွေ (၉၀)ရာခိုင်နှုန်းက အသက်(၁၆)နှစ် မတိုင်ခင် အိမ်ထောင်ကျကြတာများပါတယ်။ ဒါ ဘာကြောင့်လဲဆိုတော့ သူတို့မှာ ဘာဖြစ်ရမယ်ဆိုတဲ့ ပန်းတိုင်မှ မရှိတာကိုး။ ဒီသဘောပါပဲ။ ပတ်ဝန်းကျင်မှာ အားတက်စရာ၊ အားကျစရာ ပေါ်မှာ မူတည်ပြီး လူငယ်တွေက ရွံ့ရုပ်တွေလို ပုံစံပြောင်းသွားကြတာပါ။ ဒါကြောင့် ကျွန်တော်ပြောခဲ့သလို၊ ဝန်းကျင်ကောင်းကို ဖန်တီးပေးဖို့လိုပါတယ်။ တိုးတက်နေတဲ့ နိုင်ငံတွေမှာ လူငယ်တွေကိုယ်တိုင်က သူတို့ဘဝတွေကို သူတို့ဘာသာ ထိန်းကျောင်းပြီး တက်တက်ကြွကြွနဲ့ ပညာသင်ယူနေကြရတယ်။ ပညာသင်ချိန်မှာ ဆုံးခန်းတိုင်တဲ့ အထိ အသက်မွေးမှုကောင်းကောင်းလုပ်နိုင်တဲ့ အထိ သင်ယူစေချင်တာပါ။ ရည်းစားနဲ့ အမြဲ တွတ်တွတ်ပြောနေဖို့ အချိန်မလောက်သလို၊ ကိုယ့်ဆီက ဆယ်တန်းစာမေးပွဲလို ခေါင်းမဖေါ်ဘဲ ကြိုးစားနေရတာမဟုတ်ပေမယ့်၊ Project တွေ Assignment တွေ နဲ့ တစ်လစာ တစ်လစာ မအား။ Library ပြေးလိုက်၊ Group Discussion လုပ်လိုက်နဲ့ မူးချာလည်နေကြတာ။ အမှန်တော့ ပိုက်ဆံနည်းနည်းသုံးနိုင်တယ်ဆိုရင် ချင့်တွက်ပြီး၊ ပြည်တွင်းနိုင်ငံတကာ ကောလိပ်၊ ပြည်ပကောလိပ်လိုမျိုး စိတ်ချရမယ့် ပညာရေး မှာ ရင်းနှီးမြုပ်နှံစေချင်တယ်။ ပြည်ပကို ပို့ရမှာ စိတ်မချနိုင်ဘူးဆိုတာက ကိုယ်သားသမိးတွေကို ကလေးလို မြင်နေတာရယ်၊ ရင့်ကျက်မှုမရှိသေးတာရယ်ကြောင့်ပါ။ ကလေးလေး လိုမြင်နေရတာကလည်း တချို့ဆို(၇)တန်းလောက်ကတည်းက ဘော်ဒါ ပို့ပစ်ကြတာဆိုတော့.. ပတ်ဝန်းကျင်နဲ့ ဝေးကုန်ကြတယ်။ အပြင်ရောက်တော့ မျက်စိသူငယ်၊ နားသူငယ်။ Foundation level လိုမျိုး Communication Skills လိုမျိုး ပြောရဲဆိုရဲ ပြောတတ်ဆိုတတ် လာရင် အသက်ရွယ်ကလည်း (၁၈)နှစ်ပြည့်လာရင် ကိုယ့်ကိုတောင် ရှေ့ကဦးဆောင်မယ့်သားသမီးတွေဖြစ်လာမှာပါ။ ကျွန်တော်ပြောချင်တာက (၁၀)တန်းပြီးတာနဲ့ ပြည်ပလွတ်လိုက်ဖို့ မဟုတ်ပါ။ ပြည်တွင်းကျောင်းတွေမှာပဲ ပြည်ပကိုသွားနိုင်တဲ့ Foundation program ကို တစ်နှစ်လောက် ကောင်းကောင်းထားလိုက်ရင် ဘယ်နိုင်ငံလွတ်လွတ်ပြေလာပါလိမ့်မယ်။ အဲဒီ Foundation Program ပြီးရင် ကိုယ်ကတောင် ပို့စရာမလိုဘူး။ သူတို့ဘာသာ သူတို့ ရွေးသွားတတ်ပါတယ်။ တိုးတက်တဲ့နိုင်ငံတွေဟာ၊ လုံခြုံမှု နဲ့ တစ်ဦးချင်းစီရဲ့ အခွင့်အရေးကို ကိုယ့်ထက် ပိုပြီး အလေးထား ဂရုစိုက်ကြပါတယ်။
20
Feb
Related Posts
ညီညွတ်ခြင်းက ဘယ်လောက် ပါဝါကြီးကြီး အနိုင်ယူနိုင်တယ် တဲ့။
February 20, 2024
Emotional skills
February 20, 2024
ဒီနေ့ခေတ်ကမ္ဘာကြီး က
February 20, 2024