ဘာမှ မလုပ်နိုင်တော့ရင် ကုသိုလ်ပဲလုပ်ပါ။ ဝတ္ထုမတတ်နိုင်တဲ့ အခါ ကိုယ်ကာယအားနဲ့လှူပါ, ကိုယ်ကာယ အားနဲ့ မလှူနိုင်သေးရင်လည်း နှုတ်လေးနဲ့ ဖေးမ လှူပါ, နှုတ်နဲ့ ပြောမအားသေးရင်လည်း စိတ်လေးနဲ့ မေတ္တာပို့ပါတဲ့။ ကုသိုလ်ဆိုတာ ယူတတ်ရင် ယူစရာတွေချည့်ပါ။ အကြားအလပ် မရှိအောင် အကျိုးပေးချင်တယ် ဆိုရင် အကြားအလပ် မရှိအောင် ကုသိုလ် စိတ်လေးနဲ့ နေပါတဲ့။ ဆရာတော်ကြီးတွေရဲ့ ဆုံးမဩဝါဒနဲ့ အမြဲနှလုံးသွင်းရင်းပဲ ဘာလေးလုပ်လုပ် သတိလေး နဲ့ ကုသိုလ်စိတ် ရသလောက်ပွါးနေမိတယ်။ ကိုယ်ဘယ်လောက်ကောင်းအောင်နေနေ, ကိုယ်ဘယ်လောက် မေတ္တာပို့ပို့ အတိုက်အခံ ဆိုတာ ရှိနေမှာပဲလေ။ သုံးလောက ထွဋ်ထား မြတ်စွာဘုရားရှင်တောင် လောကဓံက နေ လွတ်တာမှ မဟုတ်တာလို့ ဖြေဆည်ရင် လောကကြီးက သိပ်တန်ဘိုးရှိပါတယ်။ ကုသိုလ် ပြုနိုင်တာဆိုလို့ လူ့လောက ပဲ ရှိတာတဲ့လေ။ မနေ့ကထက် ဒီနေ့ပိုကောင်းအောင်, ကိုယ်ကောင်းအောင်လေးပဲ ကြိုးစားနေခြင်းကသာ လူသားပီသာတဲ့ လူသာဖြစ်မှာပါ။ မကောင်းတာလုပ်လုပ်, ကောင်းတာလုပ်လုပ် ကံဆိုတာ နွားနောက်က လှည်းဘီးတွေလိုပဲ ထပ်ကြပ်မကွာ လိုက်နေတာပါတဲ့။ ချက်ချင်းအကျိုးမပေးသေးရင်တောင် သံသရာမှာ စိတ်အေးချမ်းဖို့လိုတာပါ။ မကောင်းတာပြုလုပ်နေကြသူဟာ သေချာတာကတော့ ဘယ်တော့ဖြစ်ဖြစ် သူ့မျက်နှာက မအေးချမ်းသလို, သူ့စိတ်က သောကတွေနဲ့ အနေမဖြောင့်, အသေမဖြောင့်ပဲ ဖြစ်နေကြရတာပါ။ ကောင်းတာလေးတွေ လုပ်နေသ၍ သေချာတာက တစ်နေ့အကျိုးပေးပါတယ်။