ဒီနေ့ အပိုင်း ၄ နဲ့ ပဲ ဖြတ်လိုက်ပါမယ်။ တော်ကြာ ဘုန်းဘုန်းတွေကို တရားပြန်ဟောနေတာ ထင်မှာစိုးရတယ်။ ခက်တာက ဆရာစိတ်က ရင့်သွားတော့ ဆရာဦးအောင်သင်းပြောသလို တွေ့သမျှ ကိုယ့်တပည့်ချည့်မှတ်နေတဲ့ စိတ်က စာရေးရင်တောင် လေသံက လျှော့မရ 😀 ဆရာတော်တွေနဲ့ကလည်း စကားပြောနေကြ။ အသက်ရွယ် ၃၀ ကျော် ဆရာတော် ပေါက်စတွေဆိုလည်း ကိုယ်က စာသင်ပေးခဲ့ရတာ များတယ်လေ။ ဒီတော့ လေသံ လေး သည်းခံပေးပါ။ တချို့ ဆရာတော်တွေက တော်ပါတယ်။ သာသနာရေး နိုင်ငံတကာရေး တွေမှာ ပါးနပ်ကြတယ်။ ပါချုပ်ဆရာတော်ကြီးလိုပေါ့ မြန်မာ့သမိုင်း၊ ကမ္ဘာသမိုင်း နှံ့စပ်သလို ဟောတဲ့ အခါလည်း နှစ်ဘက် အစွန်းမထွက်အောင် ဟောနိုင်တယ်။ သိပ်ကြည်ညိုဖို့ကောင်းပါတယ်။ ဘာသာရေး နဲ့ နိုင်ငံရေး ဆက်စပ်နေတာတော့ မှန်ပေမယ့်၊ တာဝန်တွေ က မတူပါဘူး။ သမ္မတက နိုင်ငံ့အရေးကို လုပ်ရတယ်။ သာသနာပိုင် ဥက္ကဌကြီးတွေက သာသနာရေးလုပ်ကြရတယ်။ နိုင်ငံရေးလုပ်တဲ့ သမ္မတက သာသနာကို ကူညီထောက်ပံ့ရတယ်။ သာသနာပိုင်ဆရာတော်ကြီးတွေကလည်း နိုင်ငံရေးကို မှန်ကန် တည့်မတ်အောင် တရားတော်နည်းနဲ့ အကြံပေးဟောကြကြရတယ်။ တခုတော့ရှိတာပေါ့။ ဘာသာရေးလို့ပြောရင် အမေရိကားဆိုရင် ခရစ်စယန် တွေများတယ်။ မြန်မာပြည်ကတော့ ဗုဒ္ဓဘာသာများတယ်။ နိုင်ငံတစ်ခုမှာ တခြားဘာသာ တွေလည်း ရှိကြတာပါ။ နိုင်ငံသားတိုင်း ခရစ်ယာန်ကို ကိုးကွယ်ရမယ်၊ ဗုဒ္ဓဘာသာကို ကိုးကွယ်ရမယ်တော့ ဥပဒေနဲ့ ကိုင်လို့မရဘူး။ မြန်မာပြည်မှာ ဖြစ်တဲ့သမ္မတက ဗုဒ္ဓဘာသသာဆိုရင် သူက သူ့အိမ်မှာတော့ သူကိုးကွယ်ချင်တာ ကိုးကွယ်မှာပေါ။ အိုဘာမားက သူ့ပြည်သူတွေကို ဂေါ့ဒ်ဘလက်ယူ တို့ဘာတို့တော့လုပ်တာပေါ့။ မြန်မာသမ္မတလည်း နှစ်ကူးတရားတွေလုပ်ချင်လုပ်မှာပေါ။ ဒါကလည်း ရှင်းပါတယ်။ အိန္ဒိယ၊ တရုတ် အတူတူပါပဲ။ အများစုကိုးကွယ်လာတဲ့အပေါ်မှာ မူတည်တယ်။ နိုင်ငံနဲ့တွက်ရင် လူနည်းစု ဘာသာတရားတွေကိုလည်း အလေးအမြတ်ပြုကြရတယ်။ ဒါကို ပဲ လွတ်လပ်စွာကိုးကွယ်ခွင့်ပေးတယ်လို့ ပြောကြတာပေါ့ဘုရား။ နိုင်ငံတိုးတက်ရင် ဘာသာတရား မှိန်သွားနိုင်တယ်ဆိုတဲ့ အမြင်မျိုးကတော့ တောကျတဲ့ အတွေးခေါ်မျိုးပါ။ အမေရိကန်ဟာ ကမ္ဘာအချမ်းသာဆုံးအတိုးတက်ဆုံးနိုင်ငံပါ။ သူတို့ဘာသာရေး မမှိန်သွားသလို၊ တတိယနေရာမှာရှိနေတဲ့ ဂျပန်ဆိုရင် လည်း ဗုဒ္ဓဘာသာ ပါပဲ။ နိုင်ငံတိုးတက်လာတာနဲ့ ဘသာတရား ကျသွားတာမျိုးဆိုရင် သူဌေးတွေအကုန်လုံး ဘာသာတရား မရှိသလို အဓိပ္ပါယ်မသက်ရောက်နေဖူးလားဘုရား။ ဘာသာတရားကိုးကွယ်တဲ့နေရာမှာ တပည့်တော် အမြင်နဲ့ ပြောရရင် နှစ်မျိုးရှိနိုင်ပါတယ်ဘုရား။ တမျိုးက မိရိုးဖလာကိုးကွယ်တဲ့သူ။ နောက်တစ်မျိုးက လွတ်လပ်စွာ ယုကြည်ကိုးကွယ်တဲ့သူ ဆိုပြီးရှိပါတယ်။ မိရိုဖလာသမားကတော့ မွေးရာပါ လို သူများပြောလို့ ယုံကြည်ကိုးကွယ်တဲ့သူတွေပေါ့ဘုရား။ ဒါကလည်း ဗုဒ္ဓဘာသာရယ်မှ မဟုတ်ပါဘူးဘုရား။ နိုင်ငံကြီးတွေမှာလည်း တချို့ ပညာတတ်ကြီးတွေ သူဌေးကြီးတွေလည်း ပါကြပါတယ်ဘုရား။ လွတ်လပ်စွာယုံကြည်ကိုးကွယ်တဲ့သူကြတော့ မျိုးရိုးစဉ်ဆက်ကိုးကွယ်လာတာတွေကို ဟုတ်မဟုတ်, မှန်မမှန် ပြန်ဆန်းစစ်ပြီး လက်တွေ့နဲ့ မှ ယုံကြည်ကိုးကွယ်ကြသူတွေပေါ့ဘုရား။ တချို့ပညာတတ်တွေက ဒီလိုမျိုး ယုံကြည်ကိုးကွယ်သူတွေပေါ့။ ဘာသာတရားကိုးကွယ်တဲ့ အခါ ပညာတတ်ခြင်း, မတတ်ခြင်းနဲ့တော့ မဆိုင်ဘူးဆိုတာ ဘုန်းဘုန်းတို့လည်းသိမှာပါဘုရား။ မြင်းခြံဘက်က စွန်းလွန်းဆရာတော်ကြီးတို့ ဆို အထင်ကရပါ။ ပညာရှိဆိုတာ နဲ့ ပညာတတ်ဆိုတာနဲ့တော့ ဗျည်းကွဲဖို့လိုပါလိမ့်မယ်ဘုရား။ ခေတ်ပညာ အသက်မွေးမှုပညာ တစ်ခုခုကို လုပ်တတ်ကိုင်တတ်ကျွမ်းကျင်တဲ့သူတွေကို ပညာတတ်, ပညာရှင်လို့ပြောကြတာပါဘုရား။ ပညာရှိကြတော့ ဘယ်အကြောင်းအရာမျိုးမဆို, ဟုတ်လားမှန်လား ကိုယ်တိုင်စဉ်းစားချင့်ချိန်, မြော်မြင်တွေးခေါ်နိုင်သလို, လက်တွေ့တွေနဲ့ ယှဉ်ပြိး အတွေ့အကြုံနဲ့ရင့်ကျက်မှုတွေ ပိုင်ဆိုင်ထားတဲ့သူလို့ တပည့်တော်တော့ သုံးသပ်ပါတယ်ဘုရား။ အချုပ်ကို ပြန်ပြောရရင် ဘာသာတရား နဲ့သာသနာ ၊ နိုင်ငံရေးနဲ့ လူမျိုးရေးဆိုတာ မှာ လောကုတ္တရာ နဲ့ လောကီ လမ်းကြောင်းနှစ်ခု ဖြစ်တဲ့အတွက် ကိုင်တွယ်ရတဲ့ အခါမှာလည်း မတူတဲ့ ဥပဒေသတွေနဲ့ သွားကြရတာပါဘုရား။ နိုင်ငံရေးနဲ့လူမျိုးရေးက ရုပ်ပိုင်းကို တိုးတက်အောင် လုပ်ကြရသလို၊ ဘုန်းဘုန်းတို့ လောကုတ္တရာကလည်း စိတ်ပိုင်ဆိုင်ရာကို တိုးတက်အောင် ငြိမ်းချမ်းအောင် ဖေါ်ဆောင်ဟောပြောကြရတာမို့လားဘုရား။ ဒီလိုကိုင်တွယ်ရတဲ့ အခါ ဟန်ချက်ညီညီနဲ့ အမြော်မြင်ရှိရှိနဲ့ ဦးဆောင်ဦးရွက်ပြုသူတွေက ပြည်သူပြည်သား တွေ ငြိမ်းချမ်းဖို့, တရားသောနည်းနဲ့ တရားမျှတစွာ အုပ်ချုပ်ဖို့, နဲ့ တိုင်းပြည်တိုးတက် စည်ပင်ထွန်းကားအောင် သူ့နေရာနဲ့သူ သူ့တာဝန်နဲ့သူ ခေါင်းဆောင် ကောင်း, နောက်လိုက်ကောင်း ပီသ ကြရင် တပည့်တော်တို့ ခုလို ရာစုနှစ်တစ်ခု နောက်ကျနေစရာအကြောင်းမရှိပါဘူးဘုရား။ ကျေးဇူးတင်ပါတယ်။
20
Feb
ဘုန်းဘုန်းနဲ့ ဆွေးနွေးခဲ့သမျှ မှ (4)
February 20, 2024
2 Mins Read
103
Views
0
Comments
Related Posts
ညီညွတ်ခြင်းက ဘယ်လောက် ပါဝါကြီးကြီး အနိုင်ယူနိုင်တယ် တဲ့။
February 20, 2024
Emotional skills
February 20, 2024
ဒီနေ့ခေတ်ကမ္ဘာကြီး က
February 20, 2024