ဘုန်းဘုန်းနဲ့ ဆွေးနွေးခဲ့သမျှ မှ (၃) တပည့်တော်တို့ ယဉ်ကျေးမှုက လှူတယ်ဆိုရင် စနစ် အားနည်းပါတယ်၊ တချို့ဆိုသံဃာတော်တွေကို တိုက်တွေ ခေတ်ပေါ်ကားတွေ ဝယ်လှူကြတယ်ဘုရား။ တချို့က အဆင်လေးနည်းနည်းပြေတာနဲ့ လေးငါးနှစ်လောက်စုဆောင်းပြီး ပိုလျှံတွေ ငွေ အကုန်လုံးလိုလို အလှူကြိးလုပ်၊ တစ်ပွဲတည်း ပုံအောပြိးလှူကြတယ်ဘုရား။ ဥပမာ သိန်းတစ်ရာ လှူတယ်ဆိုပါစို့ဘုရား၊ အလှူမှာ ကြွေးတာမွေးတာ၊ ပျော်ပွဲရွှင်ပွဲ လုပ်တာတွေ နဲ့တင် တစ်ဝက်ကျော်ကုန်တာပဲ မဟုတ်လားဘုရား။ တကယ်တော့ တပည့်တော်တို့ရဲ့ အမှားက မလိုအပ်ဘဲ ကုန်နေတဲ့ အလှူတွေ အများကြီးကို ပြောချင်တာပါဘုရား။ အစောက ပြောတဲ့ ရွှေကျောင်းပြောင်ပြောင်, ဝမ်းခေါင်ခေါင် ဖြစ်နေကြတာမျိုးပေါ့။ တို့တက်တဲ့သူတို့နိုင်ငံတွေဆီမှာက လှူတဲ့ပုံစံမတူပါဘူး၊ သိန်းတစ်ရာ ကို စက်ရုံ, လုပ်ငန်းတွေထဲ မှာပဲ ထားပြီး ရလာတဲ့ အမြတ်ငွေကို လှူကြတယ်ဘုရား။ တပည့်တော်ဆို့ဆီကလို ရော့သိန်းတစ်ရာဆိုပြိး ဂေါပက နဲ့ ဘုန်းဘုန်းတို့ ကို လှူသလို မဟုတ်ပါဘူး။ ဒီတော့သူတို့လှူတာက ထိရောက်ပြီး အကျိုးရှိတဲ့နေရာတွေကို ရောက်တာပေါ့ဘုရား။ တကယ်လို့သာ တပည့်တော်တို့က ဗုဒ္ဓဝါဒအတိုင်း အကျိုးရှိရှိ ထိထိရောက်ရောက်လှူူနိုင် မျှဝေနိုင်ရင် တပည့်တော်တို့လည်း တစ်ဘက်က ကြည့်ရင် တိုင်းပြည်တိုးတက်ဖို့ အထောက်အပံ့ ဖြစ်သလို နိဗ္ဗာန်မျက်မှောက်မပြုနိုင်ခင်မှာ သံသရာမှာ လောကီချမ်းသာရနိုင်တာပဲ မဟုတ်လားဘုရား။ ပါချုပ်ဆရာတော်ကြီး မိန့်ဖူးတဲ့ထဲက မှတ်မိသလောက်ပြောရရင် ဗုဒ္ဓဝါဒရယ်မဟုတ်ပါဘူးဘုရား၊ တခြားဘာသာကိုးကွယ်တဲ့သူဖြစ်ဖြစ်, ဘာသာတရား တိတိပပ မရှိတဲ့သူပဲ ဖြစ်ဖြစ် စိတ်ကောင်းစေတနာနဲ့ ပေးကမ်းစွန့်ကြဲနေရင်လည်း နိဗ္ဗာန်လမ်းစဉ် ဟုတ်ချင်မှ ဟုတ်မယ်, လောကီကုသိုလ် ရတာပဲ လို့ မှတ်သားဖူးပါတယ်ဘုရား။ ဒါကြောင့်လည်း ကမ္ဘာကျော် သူဌေးကြီးတွေ ဖြစ်တဲ့ ဘီလ်ဂိတ်တို့, ဝါးရင်း ဘတ်ဖက် တို့ဟာ သူတို့ပိုင်ဆိုင်တဲ့ ဥစ္စာ တစ်ဝက်လောက်ကို လှူကြတယ်ဘုရား။ လှူတဲ့အခါမှာလည်း အစောက တပည့်တော် ပြောသလို, လုပ်ငန်းတွေထဲမှာ ထည့်ပြီး, ဂိတ် နဲ့ မယ်လင်ဒါ ဖေါင်ဒေးရှင်းဆိုပြီး ကမ္ဘာမှာ လိုနေတဲ့ နေရာတွေကို နှစ်စဉ် ဒေါ်လာသန်းနဲ့ချီပြီး လှူနေကြတာပါဘုရား။ နမူနာပြောရရင် ဆူနာမီလို, နာဂစ်လို, အငတ်ဘေးဆိုက်တာ, ကပ်ရောဂါမျိုးတွေက အစ အကုန်လှူနေတာပါ။ အာဖရိက တိုက်က ခြင်ကြောင့်ဖြစ်တဲ့ ယားနား ကြောင့် မျက်စိကွယ်, နောက်ဆုံးလူပေါင်းများစွာ သေဆုံးကြရတဲ့ တပည့်တော်တို့လို ဆင်းရဲတဲ့နိုင်ငံတွေကို လှူနေတာများဆိုရင် ကြက်သီးထလောက်စရာပါဘုရား။ သူတို့လို သူဌေးတွေကြောင့် ကာကွယ်ဆေးတွေ ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံတွေကို အခမဲ့ ဝေနိုင်တာပေါ့ဘုရား။ သူတို့ကြောင့်ပဲ လူသန်းပေါင်းများစွာကို အသက်ချမ်းသာရကြရတာပါဘုရား။ ဒါကလည်း ဟိုခေတ်ကလိုဆို ရေကန်ပေါင်း ရှစ်သောင်းလေးထောင်တို့ဘာတို့ လှူတယ်ဆိုတဲ့ အသောက မင်းကြီးလို သာမန်ပုဂ္ဂိုလ် တွေတော့ မဟုတ်တန်ရာဘူးဘုရား။ တပည့်တော်တို့ကသာ ဘုရားနဲ့နီးပြီး ဆင်းရဲတွင်းနက်, ဘယ်သူ့ဘယ်သူမှ မကယ်နိုင်ဘဲ မသေတမယ် စားနေရတဲ့ ပြည်သူတွေ အများကြီးပါဘုရား။ ရှေးအကုသိုလ်ကြောင့်ဖြစ်မှာပါ ဒကာရယ်လို့ အရှင်ဘုရားတို့ပြောရင် အိမ်နီးနားနိုင်ငံဖြစ်တဲ့ စင်ကာပူက စလို့ ဟိုးအနောက် င်္အဂလန်, ဥရောပ အမေရိကားတွေက ရှေးကုသိုလ်ကောင်းလို့ ဖြစ်မှာပေါ့။ နတ်ပြည်တွေလို ထွန်းကားတိုးတက်ပြီး ချမ်းသာကြွယ်ဝတဲ့နိုင်ံငံတွေမှာ ဘယ်သူမနေချင်ပဲ ရှိကြမလဲ ဘုရား။ ဆရာတော်လည်း ဘန်ကောက်ရောက်ဖူးတယ်လို့ တပည့်တော် သိထားပါတယ်ဘုရား။ ထိုင်းက ဗုဒ္ဓဘာသာဆိုပေမယ့် တပည့်တော်တို့ မြန်မာပြည်လောက် ဘာသာတရားမထွန်းကားဘူးမဟုတ်လားဘုရား။ ဒီလိုဆိုရင် သူတို့နေထိုင်မှုနဲ့ တပည့်တော်တို့နဲ့ ဘယ်လောက်ကွာပါသလဲလို့မေးရင် ဆရာတော်ဘယ်လိုဖြေမလဲဘုရား။ ဆက်ပါအုံးမယ် (အပိုင်း ၄)
20
Feb
ဘုန်းဘုန်းနဲ့ ဆွေးနွေးခဲ့သမျှ မှ (၃)
February 20, 2024
One Min Read
95
Views
0
Comments
Related Posts
ညီညွတ်ခြင်းက ဘယ်လောက် ပါဝါကြီးကြီး အနိုင်ယူနိုင်တယ် တဲ့။
February 20, 2024
Emotional skills
February 20, 2024
ဒီနေ့ခေတ်ကမ္ဘာကြီး က
February 20, 2024