တိုင်းပြည်က ဆင်းရဲတွင်းနက်လာတော့ ဆင်းရဲတဲ့လူ လို ပတ်ဝန်းကျင်ကလည်း အဖက်မလုပ်ကြတော့တာ၊ ပိုက်ဆံမရှိရင် လူရာမဝင်သလို ဖြစ်လာတယ်ဘုရား။ ပြည်ပကို သွားဖူးတဲ့ ရောက်နေတဲ့သူတိုင်း ဒီလိုမျိုး ခံစားရတာချည့်ပါဘုရား။ ဘုန်းကြီးတောင် ချမ်းသာတဲ့ဘုန်းကြီးမှ အဖက်လုပ်ချင်ကြတာမိုလားဘုရား။ မြန်မာနိုင်ငံသားဆိုတဲ့ ပတ်စ်ပို့ မြင်တာနဲ့ မတူသလို မတန်သလို ကြည့်ကြတယ်ဘုရား။ ဆင်းရဲခြင်းရဲ့ နောက်ကွယ်မှာ ပြောရရင် အများကြီးပါဘုရား။ ပိုက်ဆံလေး ပြေလို့ ပြည်ပသွားလည်ချင်တာတောင် အနိမ်ခံရတယ်၊ အလုပ်လုပ်သွားတဲ့သူဆို ဆိုဖွယ်ရာမရှိပါဘူးဘုရား။ ကမ္ဘာ့ အညွှန်ကိန်းတွေကို ကြည့်ရင် ကျန်းမာရေး၊ စီးပွါးရေး၊ ပညာရေး အကုန်လုံးနောက်ဆုံးမှာ။ မြောက်ကိုးရီးယား၊ အီသီရိုးပီးယား၊ ဇင်ဘာဗွေတို့နဲ့ နင်လားငါလားပါဘုရား။ ကုသိုလ်လုပ်တိုင်း၊ အလှူဒါန လုပ်တိုင်း ချမ်းသာကြေးဆို ရင် အမေရိကန်နိုင်ငံထက် မသာရင်တောင် အတူတူလောက်တော့ မဖြစ်သင့်ဘူးလား ဘုရား။ ခုတော့ မြန်မာလူမျိုးတွေဟာ သူများနိုင်ငံတွေကို သွားပြီး ကျွန်ခံရသလို ကိုယ်ချစ်တဲ့ အမိနိုင်ငံကို စွန့်ပြီး အလုပ်သွားလုပ်နေကြတာ စိတ်မကောင်းစရာပါဘုရား။ တကယ်တော့ အလှူတွေမှာလည်း ပြောစရာတွေရှိပါတယ်ဘုရား။ တချို့ဘုရားတွေဆို ရွှေတုံး လုံးလုံးဖြစ်ကုန်ပါပြီဘုရား။ သာသနာကိုတော့ တပည့်တော်တို့ အထောက်အပံ့ဖြစ်အောင် လှူကြရမှာပါ။ မှန်ကန်တဲ့ လှူဒါန်းခြင်းနဲ့ မှန်ကန်တဲ့ စေတနာ ဖြစ်ဖို့တော့လိုပါလိမ့်မယ် ဘုရား။ ရဟန်းသံဃာတွေနေဖို့ ကျောင်းကောင်းကောင်းမရှိဘဲလည်း စေတီတွေချည့်တည်နေလို့ မဖြစ်သလိုမျိုးပေါ့ဘုရား။ နံပတ်တစ် အရေးကြီးတာ ဘာလဲ တပည့်တော် တို့မှာ ဥာဏ်မီဖို့ လိုပါလိ့မ်မယ်။ ဆရာကြီး အောင်သင်းစကားလို ရင်ဘတ်ထဲမှာ ဘုရားမတည်နိုင်ရင် တပည့်တော်တို့လည်း အိန္ဒိယလို တစ်နေ့နေ့ ရွှေအိုးကြီး ပျောက်သွားနိုင်ပါတယ်ဘုရား။ စာရိတ္တပိုင်းကစလို့ ဘာသာရေးဆိုင်ရာ ဘာသာရပ် နဲ့ သိပ္ပ၊ ဝိဇ္ဇ အတတ်ပညာ၊ နည်းပညာ ဆိုင်ရာ ဘာသာရပ် တွေမှာ အချိတ်ဆက်ညီညီ ပြဌာန်းသင်ကြားနိုင်ဖို့ အရေးကြီးတယ်မဟုတ်လားဘုရား။ ဒီအတွက် လိုအပ်တဲ့ အထောက်အပံ့တွေ၊ ရင်းနှီးမြုပ်နှံမှုတွေ အများကြီးလိုအပ်ပါတယ်။ ရင်ဘတ်ထဲမှာ ဘုရားတွေ အများကြီးတည်ထားနိုင်မယ်ဆိုရင် မြန်မာလူမျိုးတိုင်းမှာ မြန်မာ ယဉ်ကျေးမှုနဲ့ မြန်မာတွေရဲ့ ရိုးရာ ဓလေ့၊ သမိုင်း အစဉ်လာတွေနဲ့ ဘာသာတရားက ကမ္ဘာကို ဖောက်ထွက်လာနိုင်ပါလိ့မ်မယ် ဘုရား။ ဘာသာတရားအပါအဝင်၊ ဘယ်လိုဝါဒ ပဲ ဖြစ်ဖြစ် လူသားတွေကို အတင်းအဓမ္မ ရိုက်သွင်း စည်းရုံးလို့ မရတာလည်း ဦးဇင်းတို့ ပိုနားလည်ပါတယ်။ ဈေးသည်နဲ့ ဈေးဝယ်လို ပစ္စည်းကောင်းရင် ရောင်းကောင်းမယ်၊ ဝယ်လိုအားကောင်းပါလိ့မယ်။ ဒီလိုပါပဲ ပြည်ပက ယဉ်ကျေးမှု နဲ့ ပညာတွေ တပည့်တော်တို့ဆီကို စိမ့်ဝင်လာကြတယ်ဆိုတာ သူတို့ရဲ့ ပစ္စည်းအရည်အသွေး နဲ့ စွဲဆောင်မှုတွေနဲ့ဆိုင်ပါတယ်။ တပည့်တော်တို့ကိုယ်တိုင် သူတို့ပညာတွေ ကို ဆည်းပူးနေကြရပါတယ် ဘုရား။ ဒါတွေကို ကန့်သတ်ချုပ်ခြယ်လို့ မရသလို၊ ဘောင်ခတ်ပြီး ပိတ်ဆို့လို့လည်းမ ရပါဘူးဘုရား။ အစောက ပြောတဲ့ အိုင်ဖုန်းတို့ မာစီးဒီးတို့ အင်တာနက်တို့ ဟာ တပည့်တော်တို့ နိုင်ငံတွင်းက ထုတ်နိုင်တဲ့ ရိုးရာ ပစ္စည်းတွေ မဟုတ်ဘူးဆိုတာ ဦးဇင်းလည်း သိပြီးသာပါဘုရား။ သူတို့နဲ့ မပတ်သက်ဘူးဆိုပြီးသာ နေခဲ့ရင် ဦးဇင်းနဲ့ တပည့်တော် ခုလို တွေ့ဖို့ တောင် တစ်နေ့တစ်လံ ပုဂံ ဘယ်ရောက်မလဲတွေ ကြုံးဝါးပြီး ဘုန်းဘုန်းတို့ကို လာဖူးရမှာပါဘုရား။ 🙂 မြန်မာ့ယဉ်ကျေးမှုနဲ့ ရိုးရာပညာကို ထိန်းရမယ်ဆိုပြီး ရွှေလှည်းတော်ကြီးနဲ့ တော့ ကမ္ဘာပတ်ဖို့ မပြောနဲ့ နိုင်ငံတွင်းတောင် လျှောက်လည်ဖို့ခက်ပါတယ်ဘုရား။ ————- ဆက်ပါအုံးမယ် (ဘုန်းဘုန်းနဲ့ ပြောခဲ့သမျှ မှ)
20
Feb
ဘုန်းဘုန်းနဲ့ ဆွေးနွေးခဲ့သမျှ မှ (1)
February 20, 2024
One Min Read
408
Views
0
Comments
Related Posts
ညီညွတ်ခြင်းက ဘယ်လောက် ပါဝါကြီးကြီး အနိုင်ယူနိုင်တယ် တဲ့။
February 20, 2024
Emotional skills
February 20, 2024
ဒီနေ့ခေတ်ကမ္ဘာကြီး က
February 20, 2024