ကိုးရီးယားက Halloween Day ည မှာ လူတွေကျိတ်ကျိတ်တိုးလို့ လူပေါင်း ၁၀၀ ကျော်သေကြတယ်။ တခါ ရက်သိပ်မခြားဘဲ အိန္ဒိယမှာ ကြိုးတံတား ပြတ်ကျလို့ လူပေါင်း ၁၀၀ ကျော် သေပြန်တယ်တဲ့။ သဘာဝဘေးကြောင့် သေရသလို၊ စစ်မက်လိုမျိုး လူကြောင့်လည်း သေနေကြရတာတွေ အွန်လိုင်းမီဒီယာ ခေတ်ဆိုတော့ တစ်နေ့တစ်မျိုး ကြားနေကြရတယ် စိတ်မချမ်းသာစရာတွေ အများကြီး။ ဒါတောင် သတင်းမီဒီယာတွေ လက်လမ်းမမီတဲ့ တနေ့တနေ ပျောက်ဆုံး၊ သေဆုံးနေတဲ့သူတွေ ဘယ်လောက်များမလဲမှ မသိတာ။ အားလုံးကတော့ သေမျိုးတွေချည့်ဆိုတော့ တမျိုးမျိုးနဲ့တော့ ဒီလမ်းက ကြုံကြရမှာပါ။ ဒီသတင်းတွေ မကြားချင်ရင် Facebook ဖွင့်မကြည့်ရုံပဲ ရှိတာပေါ့။ ဒါပေမယ့် ဒီလိုကြတော့လည်း ငါ့အိမ်ရှေ့ အနိဌာရုံတွေ မဖြတ်ရဘူးလို့မှ တားမရတာ။ သ င်္ခါ ရ ကို သိနေရင်ပဲ အမှန်ကို မြင်တဲ့စိတ်နဲ့ လူ့ဘဝဟာ နေတတ်ရင်လည်း တန်ဘိုးရှိပါတယ်။ မကောင်းတာတွေပေါ် စိတ်ညစ်ခံစားနေရုံနဲ့ ဘဝက ရပ်ထားလို့မှ မရတာ။ သွားစရာရှိတာ သွားကြရမှာပါ။ လုပ်စရာရှိတာ ဆက်လုပ်နေကြရမှာ။ ဒီအသက် ဒီခန္ဓာ မြဲနေသေးသ၍ ကောင်းမှုဘက် များမယ့် အလုပ်မျိုး ကိုယ့်အကျိုး၊ အများအကျိုး မျှတအောင်လုပ်နိုင်နေရင်ပဲ နေရသလောက် တန်ဘိုးရှိလာမှာပါ။ မြင့်သောမြတ်သောစိတ်ကို ပဲ မွေးပါ။ ဒုက္ခကို နာကြင်ခံစား မနေဘဲ ဒုက္ခထဲက လူ့တန်ဘိုး အနစ်သာရတွေကို ရှာကြရပါလိ့မ်မယ်။ ဒုက္ခကို ပါရမီဖြည့်တယ်လို့ သဘောထားတတ်ရင် ဒုက္ခက ပဲ သုခဖြစ်လာပါလိ့မ်မယ်။ ဒုက္ခမရှိဘဲ ပါရမီရင့်ကျက်အောင် ဖြည့်လို့မရနိုင်တဲ့အတွက် ဒီလောက ကနေ လွတ်မြောက်ရာကို သွားချင်ရင် ဒုက္ခကို တွန်းလှန်းနိုင်အောင် ပဲ ကြိုးစားကြရမှာပါ။ အောင်မြင်တဲ့သူပဲဖြစ်ဖြစ်၊ ချမ်းသာတဲ့သူပဲဖြစ်ဖြစ် ဘုရား၊ ရဟန္တာ မဖြစ်သေးသ၍ ဒီသံသရာထဲမှာ ဒုက္ခ၊ သုခ တလှည့်စီ လူတိုင်းတွေ့နေကြရမှာပါ။ သံသရာမှာ ကျင်လည်နေရအုံးမယ့်အတူတူ၊ ငရဲသွားမယ့်သူတွေနဲ့ ရထားအတူတူ မစီးမိဖို့ပဲ အရေးကြီးပါတယ်။ ဒါကြောင့် မိတ်ဆွေ သူတော်ကောင်းတွေတွေ့အောင်ရှာကြပါ။ ရသလောက် ကုသိုလ်စိတ်နဲ့နေပါ။ မျှတတဲ့ ကြိုးစားမှုနဲ့ ရသလောက် ရှာဖွေပါ။ အပေါ်ဆုံးဘုံကို မရောက်နိုင်သေးရင် အောက်ဘုံ လမ်းကို မရွေးမိပါစေနဲ့။ မေတ္တာဖြင့် ဆက်ပါအုံးမယ်
20
Feb
Related Posts
ညီညွတ်ခြင်းက ဘယ်လောက် ပါဝါကြီးကြီး အနိုင်ယူနိုင်တယ် တဲ့။
February 20, 2024
Emotional skills
February 20, 2024
ဒီနေ့ခေတ်ကမ္ဘာကြီး က
February 20, 2024