မြန်မာ ကျောင်းတက်သင့်သလား သို့မဟုတ် GED, IGCSE ဘက်ပဲ ကူးပြောင်းသင့်သလားတဲ့။
ကိုဗစ်ပြီးတော့ နိုင်ငံရေးအကြပ်တည်းကာလ ဖြစ်နေတာ့ ဖြစ်နိုင်ရင် (တတ်နိုင်ရင်) ခုလိုကာလမှာ GED, IGCSE ကသာ အကောင်းဆုံးအခွင့်အလမ်းလို့ပြောချင်ပါတယ်။
ဒီနေရာမှာ နည်းနည်းတတ်နိုင်တဲ့သူတွေက တော့ ငြီးကြလိမ့်မယ်။ အကယ်၍ GED သို့မဟုတ် IGCSE ကို တတ်နိုင်လို့ တက်လိုက်ပြီပဲထားပါတော့ ပြီးရင် ပြည်ပတက္ကသိိုလ်မတက်နိုင်ရင် ဘယ်လိုလုပ်ရမလဲဆိုတာမျိုး။
ဒါကလည်းလွယ်ပါတယ်။ (၂)မျိုးစဉ်းစားနိုင်တယ်။
၁) ပြည်တွင်းမှာ အများအပြားဖွင့်ထားတဲ့ နိုင်ငံတကာနဲ့ချိတ်ဆက်ထားတဲ့ ကောလိပ်၊ တက္ကသိုလ်တွေ အများကြီးထဲက ကိုယ်နဲ့သင့်ရာ တတ်နိုင်တဲ့ ငွေပမာဏနဲ့ ရွေးတက်နိုင်ပါတယ်။
၂) နောက်တစ်နည်းက IELTS (Band Score) အမှတ်ကောင်း အောင်ပြင်ဆင်ပြီး၊ Fully-funded scholarship တွေ လိုက်တိုးတာမျိုးပါ။ ဒါက အပြောလွယ်ပေမယ့် ခက်တယ်လို့ ငြီးပါလိမ့်မယ်။ တန်ဘိုးရှိတဲ့ အရာတိုင်းလွယ်လွယ်နဲ့တော့ ဘယ်ရပါ့မလဲ။ ကိုယ်က ပြည်ပကို ကျောင်းသွားတက်ဖို့ ဘတ်ဂျက်မတတ်နိုင်ရင် တန်ဘိုးရှိတဲ့ လမ်းကြောင်းရဖို့တော့ ထိုက်တန်တဲ့ ကြိုးစားအားထုတ်မှုလုပ်ရပါလိမ့်မယ်။
လောလောဆယ် နိုင်ငံတကာ ပညာရေးက အခွင့်လမ်းများသလို ကိုယ့်ဘဝ အပြောင်းအလဲ တစ်ခုအတွက် ကြီးမားတဲ့စိန်ခေါ်မှုကို ရင်ဆိုင်ရဲဖို့လိုပါတယ်။
လိုအပ်တာတွေ ပြင်ဆင်လေ့လာရမယ်။ ဒေါ်လာ သောင်းချီတဲ့ (မြန်မာငွေနဲ့ဆို သိန်း ထောင်ချီရမယ့်) စကော်လာ ရဖို့ဆိုရင် သူနဲ့ထိုက်တန်တဲ့ ပြင်ဆင်မှု၊ ဇွဲရှိမှု၊ ကြိုးစားအားထုတ်မှုမျိုး အချိန်ပေးပြီး အလုပ်လုပ်ရမယ်။ ခုခေတ်ကလွယ်ပါတယ်၊ ကိုယ်သိချင်တာတွေ YouTube, Google, ChatGPT တို့လိုမျိုးတွေကနေ ရှာဖွေပြီး ပြင်ဆင်လေ့လာနိုင်တဲ့ခေတ်ပါ။
ဒီနည်းနဲ့ အားမထုတ်ချင်ရင် ပြည်တွင်းနိုင်ငံတကာ ကျောင်းတွေမှာ IT, Programming, Business စတာတွေကို ဘာသာစကားနဲ့တွဲတက်ပြီး professional Career တစ်ခု အဖြစ် ပြောင်းလဲ လုပ်ကိုင်နိုင်ရင်လည်း ကမ္ဘာမှာ ဒေါ်လာစား ဖြစ်နိုင်တဲ့ နည်းလမ်းကောင်းတစ်ခုပါပဲ။
ဒီအကြောင်းတွေ အသေးစိတ်ထပ်ရေးပါမယ်။
ဆက်ပါအုံးမယ်