ရုတ်တရက်ဆိုတော့ မိဘတွေ စိတ်ပူပြီးလာမေးကြတယ်။ အရွယ်ရောက်တော့မယ့်သားတွေ သမီးတွေ အတွက်ဆိုတော့ ကိုယ်ချင်းစာပါတယ်။
သိပ်လည်း ပျာယာမခတ်ကြပါနဲ့။ စိတ်ကို အေးဆေးတည်ငြိမ်အောင်ထားပြီး အခွင့်လမ်းတွေ ရှာဖွေရမှာပါ။
ဆိုင်ရာ ဆိုင်ရာ နားလည်တတ်ကျွမ်းတဲ့သူတွေကို မေးမြန်းကြရမှာပါ။
ဘယ်လောက်ပဲ ခက်ခဲခက်ခဲ၊ ပတ်ဝန်းကျင်ကို နားစွင့်နေတဲ့သူ သို့မဟုတ် Community မှာ ထဲထဲဝင်ဝင် ဝင်ဆန့်တဲ့သူမျိုးအတွက် အခွင့်လမ်းဆိုတာ ရှိနေမြဲပါပဲ။ အပေးအယူ၊ အလျှော့အတင်း တော့ လုပ်ကြရမှာပါ။
ပြည်ပကျောင်းတွေ လျှောက်ရင်လည်း တစ်ခုတည်းပေါ်မှာ(တစ်နိုင်ငံ၊ တစ်ကျောင်းတည်း) မလျှောက်ဘဲ လက်လှမ်းမီသလောက် လျှောက်ကြပါ။ သိတဲ့တတ်တဲ့၊ အတွေ့ကြုံရှိတဲ့ သူတွေကို တဆင့်ချင်း မေးကြပါ။
အစောကပြောသလို၊ အခြေအနေအရ ကိုကြည့်ပြီး တခါတခါ ရတာ မီတာ နဲ့ အမြန်လိုက်နိုင်အောင် ကြိုးစားပါ။
ကျောင်းလျှောက်နည်းတွေ၊ လိုအပ်တဲ့ Documents တွေ အကြောင်းနဲ့ တခြား ပြည်ပ နေထိုင်ခွင့်တွေ အကြောင်း အလျဉ်းသင့်သလို ဆက်ရေးပါမယ်။
အသက်(၁၇)ကျော်သွားမှာကြောက်တဲ့ မိဘတွေ မေးတဲ့အထဲက အရေးကြီးတာ ဖြေရရင်..
အသက် ၁၅ အတွင်းဆိုရင် iGCSE တက်ပြီး သွားနိုင်ပါတယ်။ ၁၆ ထဲရောက်ရင် တော့ နည်းနည်း နောက်ကျသွားနိုင်တဲ့အတွက် GED ပဲ ဖြေဖို့တိုက်တွန်းပါရစေ။ (GED ဖြေခါနီးမှာ IELTS ပဲ တခါတည်း ဖြေနိုင်အောင် အချိန်ပေးဖို့ လိုအပ်ပါတယ်)
ဆက်ပါအုံးမယ်
အားလုံး အဆင်ပြေ ချောမွေ့ကြပါစေ။