လူတွေဆိုတာ ယုံကြည်ရာ၊ တူရာ စုကြတယ်။ ကိုယ့်ထဲက မိဘတွေက တော့ ကိုယ့် ကို ခင်ကြ၊ ချစ်ကြ၊ ယုံကြည်ကြတယ်။ ဒါကြောင့် ကျောင်းလေး လုပ်ဖို့ အားဖြစ်ခဲ့တယ်။ အထူးသဖြင့် ကိုယ်ရစေချင်တာကနယ်က မိဘတွေ ရဲ့ကလေးတွေ။ရန်ကုန်လို ခေါင်းခေါက်ရွေးစရာ မရှိ။ ကျောင်းကောင်းမရှိ။ မိဘက တတ်နိုင်လည်း ထားစရာ၊ ပို့စရာ သင်တန်း ကောင်းကောင်း မရှိ။ ဆရာရှား၊ အဆက်သွယ်ရှား နဲ့။ပြီးတော့ ဝန်ထမ်းတွေ ရဲ့သားသမီးတွေ။ ကောင်းမွန်တဲ့ ပညာရေးကို မတတ်နိုင်။ ပညာရေး ပညာရေး နဲ့ မြန်မာမိဘတွေ ရဲ့ အပင်ပန်းဆုံး ကုန်ကျစရိတ်။သမာရိုးကျတွေ ကို မကြိုက်ပေမယ့် သမာရိုးကျတွေ နေသားကျအောင်နေရင်း အညွန့်တုံးနေကြရတဲ့ မျိုးဆက်တွေ အများကြီး။ကိုယ့်သင်ပေးလိုက်ရတဲ့ သားသမီးတိုင်းကို ကိုယ့်သားသမီးလေးတွေလိုပဲ သားအရင်း သမီးအရင်းနဲ့ မခြား မွေးမြူတယ်။ မိဘတွေက မွေးပေးလိုက်တယ်။ ကိုယ်တွေက ပညာပေး မွေးမြူတယ်။ ပညာရေး နဲ့ပါတ်သက်ရင် ကိုယ်တွေက သူတို့ရဲ့ မိဘပဲ။ နိုင်ငံတစ်ခုရဲ့ ရှေ့ရေးဟာ ပညာရေးပဲ။ ပညာကောင်းရင် နိုင်ငံတိုးတက်မယ်။ နိုင်ငံ့ရဲ့ လူလတ်တန်းစားထဲက ၃၀% ကို ကောင်းမွန်တဲ့ ပညာရေး နဲ့ မွေးထုတ်နိုင်မှ အဲဒီနိုင်ငံက တိုးတက်တယ်တဲ့။ ကောင်းမွန်တဲ့ ပညာရေးနဲ့ ပြည်မ၊ တောင်တန်း အလှမ်းဝေးတဲ့ သားတွေ သမီးတွေကို လက်လှမ်းမီ တဲ့၊ တတ်နိုင်မယ့် အဆင့်မြင့်တဲ့ နိုင်ငံတကာ ပညာရေး ပေးချင်မိတယ်။ ဒီအတွက် ရည်ရွယ်ပြီး အင်တာနေရှင်နယ်စကူးလ် ကျောင်းတွေ ဖွင့်နိုင်အောင်ကြိုးစားပါမယ်။ ကျောင်းစရိတ်မပင်မပန်းဘဲ နိုင်ငံတကာ ကျောင်းတွေ က ဘွဲ့တွေရနိုင်အောင် စီစဉ်ပေးချင်တယ်။ အနည်းဆုံး အမေရိကားက community school လိုမျိုးကျောင်းတွေကို သွားနိုင်ဖို့နဲ့ ကျောင်းကောင်းတွေဆိုလည်း စကောလားရှစ် ပရိုဂရမ်တွေ နဲ့ ချိတ်ဆက် ပြီး တက်နိုင်အောင် စီစဉ်မယ်။လမ်းသိရင် နီးပါတယ်။ ကိုယ်တွေတုန်းက လမ်းညွှန်မယ့်သူမရှိ၊ ခုနှစ်နှစ်၊ ခုနှစ်လ သွားခဲ့ရတာ။ ခုခေတ်ကလေးတွေက ကံကောင်းလာတယ်။ ရက်တိုတိုနဲ့ ဘယ်ကို သွားမလဲ နည်းလမ်းကောင်းလေး သိရင် ခဏလေးပါ။မိတ်ဆွေ မိဘတွေရဲ့ မေတ္တာ နဲ့ သားငယ်သမီးငယ်တွေရဲ့ ချစ်ခြင်းတွေနဲ့ ရှေ့ဆက်ပါအုံးမယ်။ ကျေးဇူးတင်ပါတယ်။#soenaingscibn2021SCIBN College