လောကမှာ အဖြူနဲ့ အမဲ၊ အလင်းနဲ့ အမှောင်ဆိုတာရှိနေသလို၊ အကောင်းနဲ့အဆိုးကလည်း ဘယ်လိုမှ ရှောင်ဖယ်လို့မရတဲ့ လောကဓံတွေပါ။ ကိုယ်ကြိုက်ကြိုက်, မကြိုက်ကြိုက်, ဖြစ်ချင်ချင် မဖြစ်ချင်ချင် လောကဓံတရားရှစ်ပါးက မဖိတ်ခေါ်, မမျှော်လင့်ထားပဲ ရောက်လာတတ်တာချည့်ပါ။ အကောင်းတွေလာရင် ပြုံးပြုံးလေး နေပြီး လက်ခံနိုင်ဖို့လိုသလို၊ အဆိုးတွေရောက်လာရင်လည်း အန်တု ရင်ဆိုင်ရဲဖို့လိုပါတယ်။ လူ့ဘဝဆိုတာ ဘယ်တော့မှ ပုံသေနည်းနဲ့ တွက်လို့ရတဲ့ င်္သချာပုစ္ဆာမှ မဟုတ်တာ။ တကယ့် ပန်းတိုင်, အမြင့်ဆုံးကို ရောက်သွားတဲ့သူတိုင်းဟာ အဲဒီ မလိုချင်, မဖြစ်ချင်တဲ့ လောကဓံတွေ ကို ရဲရဲကြီး သတ္တိရှိရှိ ရင်ဆိုင်ကျော်ဖြတ်သွားကြတဲ့သူတွေပါ။ အမြင့်ဆုံးဆိုတာထက် အမြင့်မြတ်ဆုံးပန်းတိုင်းကို ရောက်တဲ့သူတိုင်းဟာ စိတ်ဓါတ်ခိုင်မာသလို၊ လူတိုင်းလေးစားရတဲ့ စိတ်စေတနာကောင်းသူတွေ ချည့်ပါ။ အဆိုးတွေ ဘယ်လောက်လာလာ တကယ် ပါရမီရှိတဲ့သူတွေဟာ သူတို့လုပ်စရာရှိတာ လုပ်ရင်း လူ့လောက ရဲ့ တန်ဘိုးတွေကို ရသလောက် သယ်ယူသွားကြတဲ့သူတွေ။ ရှေ့ကိိုလျှောက်ရင်, ဘယ်တော့မှ နောက်ပြန်မကြည့်တတ်ကြသလို, လျှောက်နေတဲ့လမ်းမှာလည်း လဲကျတိုင်းပြန် ထနိုင်တဲ့ တကယ့်လူသားတွေပါ။ လူတိုင်း အမှောင်ကို ကျော်ဖြတ်ကြရသလို၊ အလင်းမရောက်မချင်း မဟာ ဇနက လို ဇွဲမလျှော့တဲ့သူတွေပေါ့။ အဆိုးလောကဓံတွေ တွေ့တိုင်း ငါတစ်ယောက်တည်းပဲလားလို့ မတွေးသလို၊ လူ့ဘဝ လာရတဲ့ အဓိပ္ပါယ် အမှန် (သစ္စာ) တရားကို သိတဲ့သူတွေ။ ငါအလုပ်လုပ်မှ ဖြစ်မယ်လို့ တွေးပေမယ့်၊ ငါနဲ့ ငါ့မိသားစုအတွက်ပဲလို့ မမြင်တဲ့သူတွေ။ အများစိတ်ဆင်းရဲရင်, မနေနိုင်သလို၊ အများအတွက် ဘုရားလောင်းတွေလို ကျင့်ကြတဲ့ အာဂ လူသားတွေပေါ့။ ခဏခဏ ကျရှုံးတိုင်း အမှားတွေကို ပျော်ပျော်ကြီး အတွေ့ကြုံယူနိုင်သလို၊ အဲဒီအမှားတွေကိုပဲ သုတေသီတစ်ယောက်လို သင်ယူတတ်ကြတယ်။ ဒါကပဲ သူတို့ကို ပညာရှင်၊ ပညာရှိလို့ မြင်ကြ သမုတ်ကြတာပေါ့။ တကယ်တော့ လူဆိုတာ အတူတူပါပဲ။ မတူတာက အလုပ် နဲ့ ခံယူချက်တွေကွာသွားကြတာ။ ဘယ်တော့မှ စိတ်ဓါတ်မကျတဲ့သူတွေ မဟုတ်ပေမယ့်၊ စိတ်ဓါတ်ကျတိုင်း ကိုယ့်ကိုယ်ကို စိတ်ခွန့်အား မြှင့်တင်နိုင်တဲ့သူတွေ။ ပန်းတိုင်ကို ရောက်နေရင်တောင် နောက်ထပ် ပန်းတိုင် တစ်ခုပြီးတစ်ခု လျှောက်နေတဲ့သူတွေ။ ပြောရရင် သံသရာဆိုတာကို လမ်းဆုံးတဲ့ အထိ လျှောက်ရင်း သံသရာထဲက လူသားတွေလို လူသားပီသအောင် နေရင်း၊ လူသားတွေချစ်ကြတဲ့လူသားတစ်ယောက်ဖြစ်အောင် ကြိုးစားနေကြသူတွေပေါ့။ ဆက်ပါအုံးမယ်။
20
Feb
Related Posts
ညီညွတ်ခြင်းက ဘယ်လောက် ပါဝါကြီးကြီး အနိုင်ယူနိုင်တယ် တဲ့။
February 20, 2024
Emotional skills
February 20, 2024
ဒီနေ့ခေတ်ကမ္ဘာကြီး က
February 20, 2024