အင်တာနေရှင်နယ်စကူးလ်တော့ပြောင်းချင်ပါတယ်၊ ဒါပေမယ့် ပြည်ပကျောင်းတွေအထိတော့ သွားမတက်နိုင်ဘူးဆိုရင် ရော တဲ့။
IGCSE ပြီးရင် နိုင်ငံတကာ ကျောင်းသွားကို သွားတက်ရမယ်ဆိုတာမျိုး မဟုတ်ပါဘူး။
အနည်းဆုံးတော့ IGCSE ပြီးတာဟာ မြန်မာဆယ်တန်းပြီးသလိုပါပဲ။ ဒါပေမယ့် အင်္ဂလိပ် ဘာသာစကားနဲ့ သင်ရိုး၊ သင်ကြားမှုပညာရေးစနစ်အရ IGCSE ပြီးထားတဲ့ ကျောင်းသားတွေဟာ ဘာသာစကားပိုင်းနဲ့ Critical Thinking ပိုင်းမှာ ပိုသာတာတော့ သေချာပါတယ်။
ဒါ့အပြင် ပြည်တွင်း နိုင်ငံတကာကျောင်းတွေ တက်ပြီး၊ ဒီပလိုမာတွေ၊ ဒီဂရီတွေ ဆက်ယူနိုင်မယ်ဆိုရင်လည်း ပြည်ပအထိ အလုပ်သွားလုပ်နိုင်ကြတဲ့ သူတွေ ခုခေတ်မှာ အများကြီးပါ။
တကယ်တော့ မြန်မာဆယ်တန်းပဲပြီးလို့ဖြစ်ဖြစ်၊ GED, iGCSE ဘာနဲ့ အထက် တန်းပြီးပြီး၊ ပြည်တွင်းက နိုင်ငံတကာ ကောလိပ်လေးတွေပဲ တက်နိုင်၊ တက်နိုင် ၊ ကိုယ်တိုင်က ဆက်မလေ့လာရင်၊ သို့မဟုတ် အပြင် ကိုယ်လိုတာတွေ သီးခြား မသင်ယူဘူးဆိုရင်တော့ ဘွဲ့ရလည်း တကယ်တတ်မှာ မဟုတ်ပါဘူး။
ဥပမာ အိုင်တီ(ကွန်ပျူတာ) ပိုင်းနဲ့ တက်တဲ့ကလေးက Programming ပိုင်း၊ Database ပိုင်းတွေ လက်တွေ့နဲ့ ချိတ်ဆက်ပြီး လေ့လာသင်ယူရတယ်။ Business, Accounting သမားကလည်း ကိုယ်နဲ့သက်ဆိုင်တဲ့ ပညာရပ်တွေရှိတဲ့ ဝန်းကျင်နဲ့ နီးစပ်အောင်ကြိုးစားပြီး လက်တွေ့နဲ့ ပေါင်းစပ်လေ့လာရပါတယ်။
ပညာသင်တဲ့ကျောင်းသားဆိုတာ ပြည်ပကျောင်းဖြစ်ဖြစ်၊ ပြည်တွင်းကျောင်းဖြစ်ဖြစ် Community နဲ့ ဝေးလို့လည်း မရပါဘူး။ ပတ်ဝန်းကျင်သစ်၊ မိတ်ဆွေသစ်တွေ များများရင်းနှီးအောင် လုပ်ကြရတယ်။ ဥပမာ မြန်မာပြည်ဆို AC(American Centre) လိုမျိုးတွေမှာ အသင်းအဖွဲ့တွေထဲ ဝင်တာမျိုးဟာ မိတ်ဆွေအပေါင်းသင်း တိုးလာနိုင်သလို၊ ကိုယ်သွားမယ့် လမ်းကြောင်း လည်း၊ ဘယ်လို ချိတ်ဆက်ရမယ် ၊ ဘယ်လို ပြင်ဆင်ရမယ်ဆိုတာမျိုးတွေ နားလည်လာမယ်။
ဒါတွေကို မိဘကလည်း တွန်းအားပေးရကောင်းမှန်းသိဖို့လိုပါတယ်။
ပြောချင်တာက ဘယ်ကျောင်းတက်တက် တကယ်တတ်မြောက်အောင် သင်ယူနိုင်ဖို့က အဓိကပါ။ ကျောင်းက မပေးနိုင်ရင်၊ ကိုယ်တိုင်က အပြင်ထွက်လေ့လာဖို့လိုပါတယ်။
ကျေးဇူးတင်ပါတယ်
ဆက်ပါအုံးမယ်