အသက်(၅၀)ကျော်ရုံလေး ရှိတဲ့ အမတစ်ယောက်က အမက သွေးတိုး ရှိတယ်, တခါတခါ ဖျုစ် ပြတ်မတတ် ငါ့မောင်ရေ တဲ့။ ပြောသေးတယ်, အမက အစားအသောက်ကြိုက်တယ်။ အားရင် အစားအသောက်ပဲ လုပ်စားနေတာ။ အိမ်က ငြီးလာရင် အပြင်ထွက်စားပလိုက်တယ် တဲ့။ အဲဒါနဲ့ပဲ ဝတုတ်ပြီး လမ်းသိပ်မလျှောက်နိုင်တော့ဘူးကွယ့်တဲ့။ မြန်မာတွေက ဆီ စားများသလို အငံ တွေလည်း သိပ်စားကြတယ်။ အချိုမှုန့်မပါရင် အရသာ မရှိဘူးလို့ထင်တာက ပိုဆိုးတယ်။ ကျန်းမာရေး နဲ့ ပါတ်သက်တဲာ သိပ်မသိပေမယ့် အငံ, အစပ် နဲ့ ဆီ တွေ လျှော့မစားရင် ကျန်းမာရေးအတွက်ရေရှည်မှာ သိပ်မကောင်း။ ခုခေတ်တော်တော်များများ အနီးနားဝန်းကျင်က မိတ်ဆွေတွေကြည့်ရင် အသက် ငါးဆယ်ကျော်လာတာနဲ့ တစ်ဝက်ကျော်က သွေးတိုး, ဆီးချို တွေ ကြားနေရတယ်။ အဘိုးက မှာဘူးတယ်။ အစာလည်း ဆေး, ဆေးလည်း အစာ တဲ့။ ကိုယ့်ညီတစ်ေယောက်ဆို အသက်က ၄၀ ကျော်ရုံလေးရှိသေးတယ်။ စစ်လို့မရတဲ့ ရောဂါတွေက အသက်ထက် များနေတယ်။ သူက အသား မပါရင် မစား။ ဟင်းရွက်ကို ဗိုက်ထဲ အမှိုက် ရှုပ်သတဲ့။ အသားငါးထဲ အသီးအရွက်ထည့်ရင်တောင် စိတ်ဆိုးတဲ့ ကောင်။ အမဲသားဆို သိပ်ကြိုက်တဲ့။ လူကလည်း အမဲရောင် မည်းညစ်လို့။ သူစိမ်းက တွေ့လို ညီအကို ပါလို့ ပြောရင် မယုံကြ။ ဘာလေး စားစား, ကျန်းမာရေး အသိနဲ့ စားကြရတော့မယ်။ အရင်ခေတ်က သူဌေးတွေက ဗိုက်ပူနေမှ သူဌေး။ ဒီခေတ်က စလင်းဖစ်ထ် ဖြစ်နေမှ သူဌေး။ အသက် (၇၀) ကျော်နေရင်တောင် အမေရိကန်သမ္မတ ဘိုင်ဒန် တို့လို ဖလန်းဖလန်းနဲ့ သမ္မတ သက်တမ်း ၂ ခါဆိုရင်တောင် လုပ်အုံးမယ့်သဘော။ ဟိုနေ့က ကြီးမေတစ်ယောက်က ငါ အသက် ၇၀ ပြည့်ပြီဟဲ့လို့ပြောတော့ အကိုကြီးဘိုင်ဒန်က အသက် (၇၇) နော်, ကြီးမေ က အလန်းကြီး ရှိသေးလို့ စခဲ့ရသေးတယ်။ မြန်မာတွေ အသက်တိုလာတာ အစားအသောက် တွေကြောင့်ဆိုတာ ပြန်ဆန်းစစ်ကြရလိမ့်မယ်။ ကမ္ဘာ့အသက်အရှည်ဆုံး ဂျပန်တွေလို နေထိုင်စားသောက်မှုပုံစံပြောင်းရတော့မယ်။ လူဆိုတာ အကျင့်ပါပဲ။ အစပ်နဲ့စားနေကျသူက အစပ်ပါမှ၊ အငံလေး တိုးထည့်ရင်း ထည့်ရင်း ငံလွန်းတာတွေမသိတော့တာဖြစ်တတ်ပါတယ်။ အသီးအရွက်တွေ စားပါများတော့ အသားတွေကို ငြီစော် နံတယ်လို့ ထင်လာတယ်။ အချိုမှုန့်မပါဘဲအရသာရှိအောင် ချက်ပြုတ်လို့ရတာတွေ အများကြီးပါ။ ဆီနည်းနည်းထည့်ပြီး ပြုတ်ချိုလေး ချက်တတ်တဲ့သူတွေဆိုရင် ချိုမြနေတာပါ။ ကျန်းမာရေး နဲ့ အစားအစာ, အနေအထိုင်တွေ အသက်ရှည်ဖို့ အရေးကြီးဆုံး အလေ့အဓ တွေပါပဲ။ ဆက်ပါအုံးမယ်။