အစိုးရကျောင်း နဲ့ အင်တာနေရှင်နယ် ဘယ်ကျောင်းရွေးချယ်ရမလဲ တဲ့။ တစ်နှစ်ကို အနည်းဆုံး ဆယ်လေးငါးသိန်း, သိန်းနှစ်ဆယ် တတ်နိုင်တဲ့ လူလတ်တန်းစားမိဘတွေ အတွက်က ပြဿနာ မဟုတ်ပေမယ့်၊ ဝန်ထမ်းလိုမျိုး မိဘတွေအတွက်က တော့ အခမဲ့ ရတဲ့ အစိုးရပ့ညာရေးပဲ ဦးစားပေးစေချင်ပါတယ်။ အစိုးရကျောင်း မနေ့က ပြောသလို သင်ရိုးကတော့ အဆင့်မီအောင် ကြိုးစားထားကြတာချည့်ပါပဲ။ Update ဖြစ်အောင်, ပိုကောင်းအောင်ကတော့ သင်ကြားရေးပိုင်းနဲ့ သင်နည်းစနစ်တွေ ပဲ အရေးကြီးတာပါ။ ကလေးတွေအတွက် ဘာသာစကားလေးနဲ့ သင်္ချာ လိုမျိုး အားနည်းရင် အပြင် သင်တန်းလေးတွေ ဖြည့်ပေးနိုင်ရင် အဆင်ပြေပါတယ်။ မြန်မာကျောင်းက ဆယ်တန်းပြီးလည်း အပြင် က skill ပိုင်းလေးတွေ ဖြည့်ပေးလိုက်တာနဲ့ နိုင်ငံတကာ ကောလိပ်ကျောင်းတွေ သွားတက်နိုင်ပါတယ်။ အစိုးရကျောင်းပဲ တက်မယ့်ကလေးတွေအတွက်။ အပြင်ကနေ ငယ်ကတည်းက ၁) ဘာသာစကား(အ င်္ဂလိပ်) ကျွမ်းကျင် သင်တန်းလေးတွေ တက်ခိုင်းပါ။ ၂) သ င်္ချာ ပိုင်း အားနည်းရင် တက်ခိုင်းပါ။ ၃) နည်းပညာဆိုင်ရာ သင်တန်းတွေ တက်ခိုင်းထားပါ။ ၁၀တန်း သို့မဟုတ် ကျောင်းပြီးရင်လည်း IELTS, TOEFL စတာတွေ ဖြေခိုင်းပါ။ Foundation Diploma တွေတက်ခိုင်းပါ။ ဒါဆိုရင် ပြည်ပကျောင်းတွေဆီ တက်လို့ ရနိုင်ပါတယ်။ အင်တာနေရှင်နယ်စကူးလ် မြန်မာပြည်မှာတော့ အင်တာနေရှင်နယ်စကူးလ် တွေ ခုနောက်ပိုင်းအများကြီးတွေ့နေရပါတယ်။ Cambridge သင်ရိုး, Pearson Edexcel သင်ရိုး, စ င်္ကာပူ သင်ရိုး, အမေရိကန် သင်ရိုးဆိုပြီး အမျိုးမျိုးရှိကြတယ်။ အစောက ပြောသလိုပဲ သင်ရိုးက အရေးမကြိးပါဘူး။ ကိုယ်သုံးမယ့် ဘတ်ဂျက်နဲ့ ကျောင်းက ပေးနိုင်တာ အဆင်ပြေမပြေ, ကျောင်းမအပ်ခင် သေချာ လေ့လာဖို့လိုပါတယ်။ ပေးရတဲ့ တန်ဘိုးထက် အဆင်ပြေတဲ့ ပညာရေးကောင်းရရင် ပိုကောင်းပါတယ်။ ဘယ်လိုကျောင်းပဲ ဖြစ်ဖြစ် အရေးကြီးတာက ကျောင်းမရွေးခင် ဘတ်ဂျက် (School Fees) သင့်တင့်သလား အရင်စဉ်းစားဖို့လိုပါတယ်။ နောက်တစ်ခုက ဒီလိုကျောင်းတွေမှာ သင်ကြားရေး အတွေ့ကြုံရှိတဲ့ဆရာတွေ ပါသလား၊ ရှေ့က တက်နေတဲ့ ကျောင်းသားမိဘတွေရဲ့ စကားတွေ သေချာနားထောင်ဖို့လိုပါတယ်။ နောက်တစ်ခုက ကျောင်းတွေမှာ ဦးဆောင်နေတဲ့သူတွေရဲ့ အခန်းကဏ္ဌကလည်း အရေးကြီးပါတယ်။ နိုင်ငံတကာနဲ့ ဘယ်လိုချိတ်ဆက်ပြီး အလုပ်လုပ်နေသလဲ၊ ဘယ်လိုလမ်းကြောင်းတွေနဲ့ နိုင်ငံတကာကျောင်းတွေ ကို သွားနိုင်သလဲ ဆိုတာလည်း အရေးကြိးပါတယ်။ —— အစိုးရသင်ရိုး၊ အစိုးရကျောင်းပဲ ရွေးတဲ့ မိဘတွေအတွက် အစိုးရသင်ရိုးနဲ့ပဲသင်သင်၊ အစိုးရကျောင်းပဲတက်နိုင်တက်နိုင် အားမငယ်ဖို့ လိုပါတယ်။ ကလေးကို အခြေခံကောင်းကောင်း ပေးနိုင်ဖို့ လိုအပ်တဲ့ သင်တန်းကောင်းလေးတွေ သီးသန့် ထားပေးဖို့လိုပါတယ်။ မိဘတိုင်းကတော့ ကောင်းပေ့ညွန့်ပေ့ဆိုတာတွေပဲ ကိုယ့်သားသမီးကို ပေးချင်ကျွေးချင်ကြတာပေါ့။ ဒါပေမယ့် နေ့စဉ် တန်ဘိုးကြီးတဲ့ အစားသောက်ဆေးဝါးတွေ နဲ့ မကျွေးနိုင်မမွေးနိုင်ရင် ကိုယ့်ရှိတဲ့ မီးဖိုချောင်ထဲက အစားအစားတွေနဲ့ ဆေးဖြစ်ဖို့, အားဖြစ်ဖို့ ကျွေးတတ်မွေးတတ်ရမယ်မဟုတ်လား။ ဒိလိုပဲ တန်ဘိုးကြီးတဲ့ ကျောင်းကောင်းတွေ မထားနိုင်ရင် လည်း အားငယ်စရာမလိုပါဘူး။ ရေရှည်မှာ ကိုယ့်သားသမီးကို ကျန်းမာသန်စွမ်းတဲ့ ခွန့်အားနဲ့ ဥာဏ်ရည်မျိုး ပေးနိုင်ဖို့ ဝန်းကျင်ကောင်းရွေးဖို့ လိုပါတယ်။ တစ်ခုရှိတာက ဘယ်ဘုန်းကြီး အရင်ကြွကြွ ဆွမ်းစားရင် အတူတူဖြစ်ဖို့ပဲ အရေးကြီးတာပါ။ ပန်းတိုင်ကို ရောက်ရင် ကိုယ်ရောက်တဲ့ ပန်းတိုင်က တန်ဘိုးရှိဖို့လိုတာပဲ မဟုတ်လား။ —— အင်တာနေရှင်နယ်စကူးလ်ပဲ ရွေးမယ့် မိဘတွေအတွက် မေး ၁) တချို့မိဘတွေက အင်တာနေရှင်နယ်ကို ရွေးနေကြပေမယ့် ရေရှည်ကို တတ်နိုင်ပ့ါမလား စိတ်ပူကြတယ်။ မေး ၂) တချို့ကလည်း အစိုးရ ကျောင်းတွေ ပြန်ဖွင့်နိုင်ခဲ့ရင် အစိုးရကောလိပ်တွေ တက်မရမှာ စိတ်ပူကြတယ်။ ဖြေ ၁) ဒါကလည်း ကိုယ့်ဘတ်ဂျက်ကို အရင်ကြည့်သင့်တယ်။ ဥပမာ ကိုယ့်ဝင်ငွေက တစ်လ ၆ သိန်းရတယ်ဆိုပါစို့။ ကလေးတစ်ယောက်အတွက် တစ်လ ၂ သိန်းသုံးသင့်လား သုံးနိုင်လား စဉ်းစားရမယ်။ သုံးမယ်ဆိုရင်လည်း အဲလိုမျိုး နဲ့ တက်လို့ရမယ့် အင်တာနေရှင်နယ်ကျောင်းကောင်းကောင်းလေး အရင် ရှာသင့်တယ်။ ပြီးတဲ့ အထိ တက်နိုင်မလားလို့ ထပ်မေးရင် တစ်နှစ်ကို ဘတ်ဂျက် သိန်း ၂၀ ဝန်းကျင် သုံးနိုင်တယ်ဆိုရင် ပြီးတဲ့ အထိ ပြေနိုင်ပါတယ်။ ပြည်ပ ကောလိပ်တွေ မတက်နိုင်ဘူးဆိုရင်တောင် ပြည်တွင်းမှာလည်း ဒီပလိုမာတွေ, ဒိဂရီတွေ ပေးတဲ့ ကျောင်းတွေ အများကြီးရှိနေလို့ အလုပ်အတွက် အထောက်အပံ့ဖြစ်မယ့် ဒီပလိုမာတွေ တက်လို့ယူလို့ရပါတယ်။ နိုင်ငံတကာကို သွားနိုင်ခဲ့ရင်လည်း သို့မဟုတ်ကလေးက ကြိုးစားလို့ စကော်လာတွေ ဝင်တိုးရင်လည်း လမ်းကြောင်းတွေ ပွင့်လာနိုင်ပါတယ်။ ဖြေ ၂) အင်တာနေရှင်နယ်ကျောင်းက ပြိးရင် အစိုးရကျောင်းတွေ ပြန်ကူးလို့ရမလား၊ ကောလိပ်ပြန်တက်လို့ရမလားဆိုတဲ့ မေးခွန်းကို အရင်ဖြေရရင် နိုင်ငံရေး ပေါ်မှာ အများကြီး မူတည်မယ်ထင်ပါတယ်။ ပေါ်လစီက အရေးကြိးပါတယ်။ တကယ်တော့ ဗဟိုထိန်းချုပ်မှုတွေ ဖြေလျှော့တဲ့ ပညာရေးစနစ်ဖြစ်လာရင် ဒါတွေက စဉ်းစားစရာ မလိုပါဘူး။ ဖက်ဒရယ်ပညာရေးစနစ် လိုမျိုး အားကောင်းလာရင် ဒီအဖြေက လွယ်ပါတယ်လို့ပဲ ပြောချင်ပါတယ်။ ဘာလို့လဲဆိုတော့ ဘယ်က ပြီးပြီး, ဘယ်လိုနဲ့ ပြိးပြီး Standardised tests ရှိတဲ့ GED (General Educational Development) လို ကောလိပ် Admission Test တွေလုပ်ပေးနိုင်ရင် ဒီပြဿနာ က ဘာမှ မဟုတ်ပါဘူး၊။ အကြားအလပ်, အကူးအပြောင်းမှာ ကြားခံ tests တွေနဲ့ အသိမှတ်ပြုစာမွေးပွဲလေးတွ လုပ်ပေးလိုက်တာနဲ့ အတန်းကူး, အတန်းတင် နိုင်ကြမှာပါ။ ဒီလိုပေါ်လစီတွေ နောင်တစ်ချိန်မှာ အစိုးရသစ်တွေက ချမှတ်ပေးနိုင်ရင် အဖြေက ရှင်းသွားပါလိမ့်မယ်လို့ပဲ ပြောပါရစေ။ ကျေးဇူးတင်ပါတယ်။