အညံ့အဆိုးတွေ, အခက်အခဲတွေက တခါတခါ ကျနော်တို့ကို ကုသိုလ်ပိုလုပ်ဖြစ်အောင် တိုက်တွန်းနေတယ်လို့ပဲမှတ်ပါ။ ဘာလုပ်လုပ်မပြေတာ၊ ဘာမှ ဖြစ်မလာတာတွေဟာ စိတ်ဓါတ်ကျဖို့မဟုတ်ဘဲ, ရင့်ကျက်ပြီး ခံနိုင်ရည်ရှိအောင်လေ့ကျင့်နေရတယ်လို့ သဘောထားရပါမယ်။ ဒုက္ခတွေဆိုတာ မမြင်ကွယ်ရာ, မထင်မှတ်တာတွေကနေ လာတတ်ကြသလို, လာရင်လည်း အဖေါ်လေးတွေနဲ့ ဖြစ်နေတတ်ပါတယ်။ ဒါကိုပဲ လောကဓံလို့ ပြောကြတာပါ။ ပျော်နေရတဲ့နေ့တွေကလည်း မမြဲသလို, အဆင်မပြေမှုတွေကလည်း ခဏပါပဲ။ အမြဲတမ်းနေပူနေတာမှ မဟုတ်တာ။ နေပူနေတဲ့လမ်းကို ဖြတ်နေရရင်တောင် တခါတခါ တိမ်ရိပ်လေးနဲ့ အေးသွားတတ်သလို, တခါတခါ သစ်ရိပ်လေး တွေ့ရတတ်ပါတယ်။ ဘဝဆိုတာ နတ်ပြည်လို လိုတိုင်း, တတိုင်း ရတဲ့ နေရာမှ မဟုတ်တာ။ ကုသိုလ်, အကုသိုလ် နဲ့ ပါရမီတွေ ဖြည့်နိုင်ဖို့ လူ့ပြည်ကို လာကြရတာ။ ငယ်ကတည်းက လဲမကျဖူးတဲ့သူမရှိသလို, လဲတိုင်းပြမထတဲ့သူမှ မရှိတာ။ တကယ်တော့ ပန်းတိုင်ကို ရောက်အောင် သွားနိုင်တဲ့သူတွေဟာ ခဏခဏ လဲကျဖူးတဲ့သူတွေပါ။ အခက်အခဲတွေကို သူများတွေ သိအောင် ငြီးတွားနေတဲ့သူတွေ မဟုတ်သလို, လောကဓံကို ပြုံးပြုံးကြီးရင်ဆိုင်ပြီး စိန်ခေါ် ချီတက်နေတဲ့သူတွေ။ ဘယ်လောက်ပဲ ခက်ခဲနေပါစေ, လုပ်စရာရှိတာသာဆက်လုပ်နေဖို့ပဲ အရေးကြီးတာပါ။ လုပ်လို့ရနေသေးရင်ပဲ, အဆုံးစွန် အသက်ရှုလို့ရနေသေးရင်ပဲ လောကမှာ ငါ ကုသိုလ် စိတ် နဲ့ နေလို့ရနေတာပဲ လို့ ကျေနပ်လိုက်ပါ။ ဆယ်စုနှစ်ဆိုတာ ခဏပါ။ ဘဝဆိုတာ ဆယ်စုနှစ် ဆယ်ခါ နေရဖို့ မှ မသေချာတာ။ ဆယ်စုနှစ် တိုင်းမှာ ငါဘာလုပ်နိုင်လဲပဲ မျှော်တွေးလုပ်ကိုင်ရင်း ပစ္စုပ္ပန်တည့်တည့်မှာ ပျော်ပျော်နေနိုင်နေရင် ဘယ်လိုလောကဓံဖြစ်ဖြစ် ယုံကြည်မှုတွေရှိနေတဲ့သူအတွက် တော့ လောကဓံဆိုတာ ကစားစရာ ဂိမ်းပလေယာ လို ပျော်စရာ ဖြစ်လာပါလိမ့်မယ်။ ဆက်ပါအုံးမယ်။ ကျေးဇူးတင်ပါတယ်။
20
Feb
အညံ့အဆိုးတွေ, အခက်အခဲတွေ
February 20, 2024
One Min Read
133
Views
0
Comments
Related Posts
ညီညွတ်ခြင်းက ဘယ်လောက် ပါဝါကြီးကြီး အနိုင်ယူနိုင်တယ် တဲ့။
February 20, 2024
Emotional skills
February 20, 2024
ဒီနေ့ခေတ်ကမ္ဘာကြီး က
February 20, 2024