သားတစ်ယောက် က သူ့ကို သူ့သူငယ်ချင်းတစ်ယောက်က ဆဲရေးတိုင်းထွာတဲ့ အကြောင်း တိုင်တယ်။ ဟိုဟာလည်း သား ဒီဟာလည်း သားဆိုတော့ ကြားထဲက ကိုယ်က ခေါ်ငေါက်မချင်။
တိုင်တဲ့သားကိုပဲ ခေါ်ပြီး ဆုံးမရတယ်။
“_
သားက ပိုလိမ္မာတယ်။ အဲဒီတော့ သားက ပိုပြီး သည်းခံနိုင်ရမယ်။ ပိုလိမ္မာ တဲ့ သားတွေဟာ ရှေ့ဆက်လျှောက်ရမယ့် လောကမှာ ဘယ်တော့မှ ဒုက္ခမရောက်ဘူးသား။ ဆဲတတ်တဲ့သူငယ်ချင်းတွေ ကလည်း သူက တကယ် ဆဲချင်လို့ ဟုတ်ချင်မှ ဟုတ်မှာ။ အကျင့်ပါတာလည်း ဖြစ်နိုင်တယ်။ တချို့က ကြတော့ သူ့နေတဲ့ ပတ်ဝန်းကျင်ကနေ တတ်တာ။ မြင်ပါများ ကြားပါများတော့ အကျင့် ဆိုးလေးတွေ စွဲကပ်လာတာမျိုးပေါ့၊ သားက သူတို့လို လူမျိုးကို မပေါင်းချင်ဘူးမိုလား, အဲဒါမှားတယ်သား။ ပတ်ဝန်းကျင်ဆိုတာ မျိုးစုံ။ သစ်ပင်တွေကိုကြည့်လေ။
တချို့က အရိပ်ကောင်းသလို, တချို့က ခပ်ကြဲကြဲ။ တချို့က အသီးတွေက ချိုပေမယ့်, တချို့ အသီးတွေက ခါးတယ်။ တချို့ အပင်တွေက ဘာသီးမှ မသိီးသလို, အရိပ်လည်း ခိုမရ၊ တချို့ ဆို ဆူးတွေ ပဲ ရှိတာ။ တချို့ကြတော့လည်း သူ့အပင်နား သွားရင် မွှေးနေတာ။ တချို့က မွှေးလည်း မွှေးတယ်, လှလည်းလှတယ် သား။
ဒီလိုပဲ သားရဲ့၊ လောကမှာ သစ်ပင်တွေလိုပဲ၊ သား ဘယ်လို သစ်ပင်မျိုး ဖြစ်ချင်လဲ။ သားပေါ်မှာ မူတည်တယ်။ ဆူးပင်လည်း ရှိနေမှာ, အခါးပင်လည်း ရှိနေမှာ သား။
တစ်ခုရှိတယ် အဲဒီအပင်တွေကလည်း လောက အတွက် တစ်ခုခု တစ်နေရာရာ မှာတော့ အသုံးဝင်တယ်ကွယ့်, အနည်းဆုံးတော့ အောက်ဆီဂျင်ထုတ်ပေးနိုင်တာမျိုးပေါ့။
သူတို့မရှိလို့ မရသလို, သူတို့ကြောင့်လည်း သူတော်ကောင်းတွေ, သူပညာရှိတွေ ရင့်ကျက်ပြီး အကျွတ်တရားဝင်ကြရတာ။ ဒါကို ပါရမီဖြည့်ကျင့်ယူတယ်လို့ ပြောကြတယ်။ သည်းခံခြင်းပါရမီလိုမျိုးပေါ့။
သူတို့ကြောင့်သားရဲ့ စိတ်တွေက ပိုရင့်ကျက်လာမယ်၊ သူတို့ကြောင့် ပညာတွေ ပိုရလာတယ်။ သူတို့ကြောင့် သားက လောကကြီးကို ကြင်နာတတ်လာမယ်။ ကူညီတတ်လာမယ်။ အားနည်းတဲ့သူဆိုတာ ပစ္စည်းဥစ္စာ ဆင်းရဲတာမျိုး တစ်ခုတည်းမဟုတ်ဘူးသား။ အသိပညာ ဆင်းရဲတာကိုလည်း အားနည်းတဲ့သူလို့ ခေါနိုင်တယ်။ သူတို့က တကယ်တော့ ပါရမီဖြည့်ဘက်တွေ သား။ သူတို့ကို ကျေးဇူးတင်ရမယ်။ သူတို့ရှိမှ ကိုယ်ကလည်း ဖြည့်ကျင့်လို့ရတယ်။
သူတို့ကို သားမေတ္တာနဲ့ လက်တွဲခေါ်ရမယ်။ သူတို့ လိုချင်တာလေးကို ပေးလိုက်ပါ။ သူတို့ဖြစ်စေချင်တာလေးကို သားလုပ်ပေးနိုင်သလောက် လိုက်လျောနိုင်သလောက် လုပ်ပေးလိုက်ပါ။
ဒါက သားရဲ့ ကျင့်ကြံလာတဲ့ မေတ္တာ ထားနိုင်တဲ့ ပါရမီပေါ်မှာ မူတည်တယ်။ ဒါတွေကို သားထားနိုင်လာနိုင်ပြီဆိုရင် သားဟာ တကယ်မြင့်မြတ်တဲ့ လူသားဖြစ်လာမှာပေါ့။
ကိုယ့်ဝန်းကျင်လေး အေးချမ်းနေတဲ့သူဖြစ်ဖို့ သားကြိုးစားရမယ်။ သူတို့ အားနည်းတာတွေကို အားကောင်းအောင် လုပ်ပေးရမယ်။
အများကြီး မလုပ်ပေးနိုင်သေးရင်တောင် ကိုယ့်ကြောင့် သူတို့ အားနည်းမသွားစေနဲ့ သား။
20
Feb
အများကြီး မလုပ်ပေးနိုင်သေးရင်တောင် ကိုယ့်ကြောင့် သူတို့ အားနည်းမသွားစေနဲ့
February 20, 2024
One Min Read
163
Views
0
Comments
Related Posts
ညီညွတ်ခြင်းက ဘယ်လောက် ပါဝါကြီးကြီး အနိုင်ယူနိုင်တယ် တဲ့။
February 20, 2024
Emotional skills
February 20, 2024
ဒီနေ့ခေတ်ကမ္ဘာကြီး က
February 20, 2024