ငယ်ငယ်က ဥပုသ်သီလ စောင့်တိုင်း အဓိပ္ပါယ်ကောင်းကောင်းနားမလည်ဘဲ ရေရွတ်ခဲ့ရဖူးတယ်။ ရန်သူမျိုးငါးပါး၊ ဝိပတ္တိတရားလေးပါး၊ ဗျသနတရား ငါးပါး တို့မှ (အခါခပ်သိမ်း) ကင်းလွတ်ငြိမ်း၍ ဆိုပြီး သီလမယူခင် အရင်ဆုံး ဆုတောင်းကြရတယ်။ – ရန်သူမျိုးငါးပါး ထဲမှာ (ရေ၊ မီး၊ မင်း၊ သူခိုး(ခိုးသူ)၊ အမွေခံဆိုး) တဲ့။ – ဝိပတ္တိတရားလေးပါး ထဲမှာ ၁) ကာလဝိပတ္တိ – မင်းဆိုးမင်းယုတ် အုပ်စိုးသောကာလတို့မှာလူဖြစ်ရခြင်း ၂) ဂတိဝိပတ္တိ – အပါယ်လေးပါး စသည့်မကောင်းသော ဂတိတို့မှာ ဖြစ်ရခြင်း ၃) ဥပဓိဝိပတ္တိ – ရုပ်ဆင်းင်္အဂါ ချို့တဲ့ခြင်း ၄) ပယောဂဝိပတ္တိ – အသိ၊ ဥာဏ်ပညာ၊ သတိဝိရိယ မရှိဘဲ ပြုမူ၊ပြောဆို၊ ကြံစည်မှုစသည့် မကောင်းသော အဖြစ်ဆိုးတို့နှင့်ကြုံရခြင်း – ဗျသနတရား ငါးပါး (၁) ဉာတိဗျသန = ဆွေမျိုးပျက်စီးခြင်း (၂) ဘောဂဗျသန = စည်းစိမ်ဥစ္စာ ပျက်စီးခြင်း (၃) ရောဂဗျသန = အနာရောဂါဖြစ်ခြင်း (၄) ဒိဋ္ဌိဗျသန = မှားယွင်းသော မိစ္ဆာအယူကိုယူခြင်း (၅) သီလဗျသန = သီလပျက်ခြင်း။ ခု တော့ ဒီခေတ်ဆိုးတွေထဲကိုယ်တိုင်ရောက်လာရပြီ။ ဆရာတော်ကြီးတွေမိန့်မှာသလို ကံငါးပါးကို မြဲအောင်ပဲ ကြိုးစားကြပါ။ သိတဲ့နေ့ကစပြီး၊ ရသလောက်၊ တတ်နိုင်သလောက်စောင့်ထိန်းကြရမှာပါ။ အစာလိုတဲ့သူတွေကို အစာထောက်ပံ့ရင်း ရသလောက်ဒါန ယူပါ။ မြတ်သောအကျင့်၊ ကောင်းသော သူတို့ကို ကိုးကွယ်ပါ။ မိစ္ဆာအယူမှားနေသော ဝန်းကျင်ကနေ ခွါနိုင်အောင် ကြိုးစားပါ။ ဒီကာလ၊ ဒီအချိန်ဟာ သူတော်ကောင်းတွေ အပြစ်မဲ့သူတွေအတွက် အခက်အခဲဆုံးတွေပါ။ ကိုဗစ်လိုပဲ ဒီကာလကြီး အမြန်လွတ်မြောက်နိုင်ဖို့ မိတ်ဆွေတို့အတွက် အမြဲမေတ္တာပို့သလျက်ပါ။ အားလုံးအဆင်ပြေပြေ ဘေးကင်းကြပါစေ။
20
Feb
Related Posts
ညီညွတ်ခြင်းက ဘယ်လောက် ပါဝါကြီးကြီး အနိုင်ယူနိုင်တယ် တဲ့။
February 20, 2024
Emotional skills
February 20, 2024
ဒီနေ့ခေတ်ကမ္ဘာကြီး က
February 20, 2024