ဂူဂဲလ်မှာ လုပ်တဲ့ဝန်ထမ်းက မိုက်ခရိုဆော့ဖ်ကို ပြောင်းလုပ်သွားရင် ဂူဂဲလ် က သူသိထားတဲ့ နည်းပညာ, ထုတ်ကုန်တွေရဲ့ လျှို့ဝှက်ချက်တွေကို ချိုးမဖေါက်ကြပါဘူး။ ဒါကိုပဲ Work Ethics လို့ခေါ်ကြတယ်။ မြန်မာလုပ်ငန်းရှင်တွေမှာ အဓိက ချိုးဖောက်ခံနေရတာက အဆိုးဆုံးက ကျင့်ဝတ်ပါပဲ။ Personal values နဲ့ moral quality အားနည်းချက်ကြောင့် ဖြစ်ကြရတယ်။ ဗူးတစ်ရာ ပိတ်ဖို့ထက် ပါးစပ်တစ်ပေါက်ပိတ်ဖို့က ပိုခက်ကြသတဲ့။ ပညာတတ်, ဘွဲ့ရပေမယ့် ကျင့်ဝတ်တွေ မစောင့်ထိန်းနိုင်ရင်လည်း တန်ဘိုးမဲ့တဲ့သူဖြစ်နေမှာပါ။ အလုပ်တိုင်းမှာ, ပတ်ဝန်းကျင်တိုင်းမှာ ကျင့်ဝတ်ရှိကြတယ်။ Ethics ဆိုတဲ့စကားလုံးကို သုံးရင် ကိုယ်တွေက ကြီးကျယ်လိုက်တာလို့ ထင်ကြတယ်။ ဗမာလို့ ကျင့်ဝတ်ဆိုတဲ့ အဓိပ္ပါယ်မျိုးပဲ။ နေရာတိုင်းမှာ ကျင့်ဝတ်ဆိုတာရှိတယ်။ မိဘကျင့်ဝတ်, သားသမီးကျင့်ဝတ်, လင်မယားကျင့်ဝတ်, မိတ်ဆွေကျင့်ဝတ်, အလုပ်ကျင့်ဝတ်, စသဖြင့် အများကြီးပေါ့။ တကယ်တမ်း ခြုံပြောရရင် ၁) Personal ၂) Common ၃) Professional ဆိုပြီးသုံးမျိုးပဲ ရှိတယ်။ ၁) Personal Ethics ဆိုတဲ့ နေရာမှာ တစ်ဦးတစ်ယောက်ချင်းစီမှာ ထားရမယ့် ကျင့်ဝတ်မျိုး ကိုယ်ကျင့်တရား နဲ့ တန်ဘိုး က အရေးကြီးတယ်။ မိသားစု, မိတ်ဆွေသူငယ်ချင်း, ယဉ်ကျေးမှု, ဘာသာရေး, ပညာရေး နဲ့ အခြားအရာတွေပေါ်မှာ ကျင့်ဝတ်သိက္ခာတွေ စောင့်ထိန်းရတယ်။ ဥပမာ လူမျိုးရေး ခွဲခြားဆက်ဆံတာမျိုး၊ မိတ်ဆွေ,သူငယ်ချင်းတွေပေါ်မှာ စောင့်ထိန်းရမယ့် စည်းကမ်းမျိုး, မိဘ, သားသမိးပေါ်မှာ ကျင့်ရမယ့် ကျင့်ဝတ်မျိုး။ ဒါတွေက personal ethics တွေပဲ။ ၂) Common Ethics ကတော့ အများနဲ့ ဆိုင်တဲ့ ကျင့်ဝတ်မျိုး အများက လက်ခံတဲ့ ကျင့်ဝတ်သိက္ခာမျိုး စောင့်ထိန်းကြရတယ်။ အများမကြိုက်တာမျိုး ရှောင်ရတဲ့သဘော။ ကျင့်ဝတ်ဆိုတာ ဥပဒေမဟုတ်ပေမယ့် မဖြစ်မနေ စောင့်စည်းရတာတွေ ရှိတယ်။ အများ အမြင်မတော်မယ့်ဟာ, အများ နှာခေါင်းရှုံ့စေမယ့် အရာမျိုးတွေ နားလည်စွာ ရှောင်ရတယ်။ ဥပမာ လူအုပ်ကြီးကို လက်ခလယ်ထောင်ပြတာမျိုးပေါ့။ တစ်ခုတော့ရှိတယ်။ နယ်မြေ, နိုင်ငံယဉ်ကျေးမှုပေါ်မူတည်ပြီး Common Ethics က ကွဲပြားနိုင်တယ်။ ၃) Professional Ethics ဆိုတာ အထူးသဖြင့် အလုပ်, လုပ်ငန်းနဲ့ပါတ်သက်တဲ့ ကျင့်ဝတ်မျိုး ဒါကတော့ သိပ်အရေးကြီးတယ်။ ဒီ ပရော်ဖက်ရှင်နယ် ကျင့်ဝတ်ကြတော့ နည်းနည်းကျယ်ပြန့်တယ်။ အလုပ်မှာ ဝန်ထမ်းတစ်ယောက်က အများလက်ခဲံစောင့်စည်းရမယ့်ကိစ္စမျိုး, Customer ကိုစောင့်စည်းရမယ့် ကျင့်ဝတ်မျိုး, Employee အလုပ် (ဝန်ထမ်း)အချင်းချင်း စောင့်စည်းရမယ့် ကျ်င့်ဝတ်မျိုး, Employer (လုပ်ငန်းရှင်) အပေါ်မှာ စောင့်ထိန်းရမယ့်ကျင့်ဝတ်မျိုး, ကိုယ့်ဝန်ထမ်းပေါ်မှာ စောင့်ထိန်းရမယ့် ကျင့်ဝတ်မျိုး, လုပ်ငန်းပေါ်မှာ စောင့်ထိန်းရမယ့် ကျင့်ဝတ်မျိုး အများကြီးပေါ။ ပွင့်လင်းမြင်သာမှုရှိရမယ့်နေရာမျိုးပွင့်လင်းစွားလုပ်ကိုင်တတ်ရမယ်၊ တချို့အရာတွေက လျှို့ဝှက်စောင့်စီးရမယ့် နေရာမျိုး လျှို့ဝှက်လုံခြုံစွာ စောင့်ထိန်းရမယ်။ ဒါတွေကလည်း အလုပ်တိုင်းမှာ အရေးကြီးတဲ့ ကျင့်ဝတ်တွေ။ Confidential မျိုး ချိုးဖေါက်ရင် အလုပ်ရဲ့ ကျင့်ဝတ်ကို ဖေါက်ဖျက်သလို, ပေါ်လစီကိုလည်း ချိုးဖေါက်ရာကျပါတယ်။ ဆက်ပါအုံးမယ်
20
Feb
Related Posts
ညီညွတ်ခြင်းက ဘယ်လောက် ပါဝါကြီးကြီး အနိုင်ယူနိုင်တယ် တဲ့။
February 20, 2024
Emotional skills
February 20, 2024
ဒီနေ့ခေတ်ကမ္ဘာကြီး က
February 20, 2024