ကား ဝယ်ရင် ကားပွဲစားမေးရတယ်။ နွားဝယ်ရင် နွားပွဲစားမေး ဝယ်ရတယ်။ တခါတခါ မှာ သူ့နယ်ပယ်နဲ့သူ ကျွမ်းကျင်ရာ ကျွမ်းရာတွေ တိုင်ပင်တာ အကောင်းဆုံးပဲ။ မဟုတ်ရင် ပိုက်ဆံကုန်ပြီး ကိုယ်နဲ့ အသုံးမတည့်တာမျိုးဆို အချိန်ကုန် ငွေပန်း ဖြစ်ကရော။ ပစ္စည်းဝယ်ရင် (ပိုက်ဆံပေါတဲ့သူကတော့ထားပေါ့) ကောင်းပေ့ညွန့်ပေ့ ဆိုတာမျိုးတွေ ရွေးဝယ်တာ ဝယ်နိုင်ရင်ကောင်းပေမယ့် လူလတ်တန်းစားကြတော့ ဘာမဆို တွက်နေရတယ်။ ကိုယ့်အိပ်ကပ်ထဲ ပြန်ပြန်ကြည့်နေရတယ်။ ဝယ်တိုင်းလည်း ကိုယ်နဲ့ ကိုက်ချင်မှ ကိုက်တာ။ ကိုယ့်အတွေ့အကြုံလေး တစ်ခုပြောပါမယ်။ လွန်ခဲ့တဲ့ ၁၅ နှစ်လောက်က ပိုက်ဆံနည်းနည်းပြေလည်တဲ့ မိဘတစ်ယောက်က သူ့သမီးအတွက် ၁၈ သိန်းလောက်ပေးရတဲ့ ကွန်ပျူတာ ကြီး ဝယ်လာပြီး ပြတယ်။ အဲတုန်းက နောက်ဆုံးပေါ်ပေါ့။ ရုတ်တရက်ဆို ဘာပြန်ပြောရမှန်းမသိဘူးဖြစ်သွားတယ်။ ကလေးသင်နေတာက ကွန်ပျူတာ အခြေခံ သာသာ။ ၆ သိန်း ၇ သိန်းလောက်ဆိုရင် ကို တော်တော ကောင်းနေပြီ။ ခက်တာက မြန်မာမိဘတွေ မှာ အကြွားလေးက လည်း တစ်ဘက်ဆိုတော့ ကိုယ်နဲ့ အသုံးတည့်တာမတည့်တာ က နောက်မှ။ ပြီးတော့ ကွန်ပျူတာ စက်ပိတ်ပြီး အိမ်ဉီးခန်း စားပွဲပေါ် ပေါ် အလှတင်ထားရော။ ဒီခေတ်က ဒီနေ့ဝယ်၊ မနက်ဖြန် ဒိတ်အောက် တာလေ။ သူငယ်ချင်း တစ်ယောက်ဆိုလည်း ကား အကောင်းစား သိန်းထောင်ဂဏန်းပေးဝယ်တယ်။ ပြီးတော့ စောင်ခြုံထားတယ်။ တစ်နှစ်မှ ကျောင်းပိတ်ရာသီ လောက်ပဲ သုံးလေးခေါက် ခရီးထွတ်တယ်။ မြို့ထဲ ထွက်စီးတာမျိုး မလုပ်ဘူး။ ဆိုင်ကယ်နဲ့သွားတယ်။ အလှူ၊ မင်္ဂလာ ရှိမှ ရှိုးထုတ်ပြတယ်။ ဟိုတစ်ယောက်ပြောသလို ဂုဏ်ကို ငွေပေးဝယ်ထားတဲ့သဘော။ ဘာလေး ဝယ်ဝယ်၊ ဥပမာ ပညာရေး ကျောင်းတစ်ခုခု ရွေးတာက အစပေါ့၊ ကိုယ်နဲ့ အဆင်ပြေပြီး၊ ကိုယ့် ဝင်ငွေနဲ့ ကိုညီမယ့် ဟာမျိုး ဆိုရင် သူ့အပိုင်းနဲ့သူ နားလည်တဲ့သူကို ယှဉ်းကပ်တာ အကောင်းဆုံးပါပဲ။ မေတ္တာဖြင့်