မြန်မာဘဏ်တွေကနေ Visa, Master Card တွေ တပြုံကြီး လုပ်ပြီး ပြည်ပထွက်သွားကြတဲ့ မိဘတချို့ ရဲ့ ဒုက္ခတွေ ကြားပြီး ကိုယ်ချင်းစာမိတယ်။ ကိုယ့်နိုင်ငံက မလုံခြုံဘူးဆိုပြီး မိသားစုလိုက် ရှိတာရောင်းချ ထွက်သွားပြီးမှ နေရာသစ်မှာ ဒီလိုဒုက္ခဆိုတာ တွေ့ရတတ်တာပါပဲ။ မိသားစုလိုက်ပြည်ပကို ထွက်တော့မယ်ဆို ရှုထောင့်မျိုးစုံက စဉ်းစားလေ့လာပြီးမှ ပြင်ဆင်သင့်ပါတယ်။ ပထမဦးဆုံးအနေနဲ့ ပြည်ပမှာ ပုံမှန်ဝင်ငွေမရခင် လုံလောက်တဲ့ အသုံးစရိတ် ကို ဒေါ်လာ ($Cash) နဲ့ တမျိုး ဟိုဘက်ရောက်တာနဲ့ ရောက်တဲ့နိုင်ငံရဲ့ငွေ လဲလှယ်ထားနိုင်ဖို့ တခါတည်းကြိုချိတ်ပြီး ပြင်ဆင်ထားသင့်ပါတယ်။ မိသားစုအတွက်လိုအပ်တဲ့ စာရွက်စာတမ်း (Required Documents) တွေ ပြင်ဆင်သွားပါ။ Birth Certificate (မွေးစာရင်း), Marriage Certificate(လက်ထပ်စာချုပ်), Properties(ပိုင်ဆိုင်မှု), Bank Statements, Student Report Cards or Recommendation Letters (ကလေး ကျောင်းထောက်ခံစာ) National ID (မှတ်ပုံတင်) အားလုံး လိုအပ်တဲ့ အရာ Notary ပြန်သွားပါ။ ဒုတိယ အချက် အရေးကြီးဆုံးက ကိုယ်သွားမယ့်နိုင်ငံမှာ ဘယ်လောက်အထိ အနည်းဆုံးနေထိုင်ခွင့်ရမလဲ ကြိုပြီး သေချာလေ့လာပါ။ ရေရှည်အတွက် ဘာလုပ်စားမလဲ၊ ဘာအလုပ်လုပ်မလဲ ဆိုတာကတော့ ကိုယ့်ရဲ့အစွမ်းအစနဲ့ နေရာသစ်မှာ ကြိုးစားအားထုတ်မှု နဲ စိန်ခေါ်မှုတွေကို ရဲရဲ ရင်ဆိုင်ရဲဖို့ပဲလိုပါတယ်။ နေရာသစ်၊ အထူးသဖြင့်နိုင်ငံသစ်တစ်ခုကို သွားပြီဆိုရင် ကိုယ့်နိုင်ငံလို ချောချောမွေ့မွေ့ ဘယ်တော့မှ မဖြစ်ဘူးဆိုတာ နားလည်ထားပြီး အခက်အခဲတွေကို ရင်ဆိုင်ရတဲ့အခါ ဘယ်တော့မှ ဇွဲမလျှော့ဖို့ပဲ အရေးကြီးပါတယ်။ နောက်တစ်ခုက ကိုယ့်ရဲ့ network (ပေါင်းသင်ဆက်ဆံမှု ကွန်ယက်) ကို ချဲ့နိုင်သလောက် ချဲ့ပါ။ မြန်မာဖြစ်ဖြစ် တခြားလူမျိုးဖြစ်ဖြစ်၊ ရအောင် ပေါင်းပါ။ င်္အဂလိပ်ဘာသာစကား သို့မဟုတ် သူတို့ဘာသာ စကားကို ကျွမ်းကျင်တဲ့အထိ သေချာလေ့လာပါ။ ဇွဲမလျှော့ခဲ့ရင် လေးငါးခြောက်လ ကနေ တစ်နစ်ကြာတဲ့အခါ ကိုယ့်နေရာ၊ ကိုယ်ဒေသလို တဖြည်းဖြည်း နေသားကျပြီး အဆင်ပြေလာပါလိမ့်မယ်။ ဘာဖြစ်ဖြစ် လေ့လာစူးစမ်းမှုက အရေးကြီးပါတယ်။ ဘယ်သူမှ အတွေ့အကြုံမယူဘဲ အတွေ့အကြုံမရပါဘူး။ အလည်ဗီဇာ(Visit Visa) ကိစ္စ၊ ရေရှည်နေထိုင်မှုကိစ္စ(Residence)၊ နိုင်ငံသားခံယူခွင့်ကိစ္စ(Citizenship)၊အလုပ်ပါမစ်(Work permit), ကျောင်းသားဗီဇာ(Student Visa)၊ Asylum (တတိယနိုင်ငံကို ခိုလှုံခွင့်)ကိစ္စ ဒါတွေအားလုံး နားလည်တဲ့သူတွေကို တစ်ယောက်မက မေးမြန်းပါ။ လေ့လာပါ။ အခွင့်အလမ်းဆိုတာ ထိုင်နေလို့တော့ ကိုယ့်ရှေ့ရောက်လာတာမဟုတ်ပါဘူး။ သေချာတဲ့ နည်းကို ပြောရရင် ဆက်ဆံရေးက သိပ်အရေးကြီးပါတယ်။ ကိုယ့်လူမျိုးဖြစ်ဖြစ် ၊ တခြားလူမျိုးဖြစ်ဖြစ် မာနကို ချပြီး အမြဲပြုံးရွှင်စွာ နှုတ်ဆက်တတ်ဖို့ အရေးကြီးပါတယ်။ ကိုယ်သိချင်တာတွေကိုယ့်အခက်ခဲတွေကို တစ်ဦးတစ်ယောက်တည်းကို အားကိုးပြီးလည်း မတိုင်ပင်၊ မမေးမြန်းဖို့ သတိပေးချင်ပါတယ်။ သွားနေတဲ့သူအတွက် တစ်နေ့နေ့တော့ ခရီးရောက်စမြဲပါ။ ဆက်ပါအုံးမယ်