ဘာသာစကား အခက်အခဲ (Language barrier) ပြဿနာ နဲ့ ပါတ်သက်ရင် ကိုယ့်ဆရာမတွေကိုလည်း ခဏခဏ ပြောနေရတယ်။ ဘာသာစကား အားနည်းတာနဲ့ ကျောင်းစာအားနည်းတာ အတူတူဆိုပြီး အမှတ်မှားနေကြတယ်။ ဘာသာစကား အားနည်းတာနဲ့ပဲ ဘာမှ လုပ်မရတော့တဲ့ ပုံဖြစ်နေတယ်။ ခုလောလောဆယ် အွန်လိုင်းပေါ်မှာ ပွနေတဲ့ ပြဿနာက ထက်ထက်မိုးဦးကိစ္စက စတယ်ထင်တယ်။ ဂျပန်ကြီး အီးလို မပြောနိုင်တာနဲ့ စီးပွါးမဖြစ်ဘူးလို့ပြောမှ မရတာ။ ထက်ထက်လည်း သူ့ အလုပ်သူလုပ်နိုင်နေတာပဲ။ သူက မြန်မာလူမျိုးမြန်မာစကားနဲံ သရုပ်ဆောင်ပြီး မြန်မာ ကြော်ငြာတွေ ရိုက်နေတာပဲ။ ဒါက အောင်မြင်နေတဲ့သူ့ရဲ့ Career။ ဘာသာစကား အားနည်းတာဟာ လုပ်ယူလို့ရတယ်။ ရှေ့ကသင်ပေးမယ့်သူရယ်, ပတ်ဝန်းကျင်ကောင်းရယ် ရှိရင် လွယ်တယ်။ ဘာသာစကား ဆိုတာ ကြားခဲံဆက်သွယ်ရတဲ့ အရာမျိုး, အသုံးနှုန်းမှားတာ, အသံမှားတာတွေဟာ မြန်မာလူမျိုးလည်း မြန်မာစကားအသုံးအနှုန်းမှားတတ်တာပဲလေ။ ဘာသာစကား အားနည်းတာနဲ့ ဥာဏ်ရည်နိမ့်တယ်လို့ သတ်မှတ်လို့မရဘူး ဆိုတာကို ကိုယ့်ဆရာမတွေကိုလည်း ခဏခဏ ပြောနေရတယ်။ အသက်က ဆယ်နှစ်, ဘာသာစကားမရလို့ဆိုပြီး ၅ တန်းအရွယ်ကို ၃ တန်းလောက်ထားလို့မှမရတာ။ တောမှာ ကျောင်းမနေခဲ့ရတဲ့ ခလေးတွေ ထိုင်းမှာ ထိုင်းလူမျိုးနဲ့ ခွဲမရအောင် ထိုင်းစကား မွတ်နေအောင် ပြောနေကြတာအများကြီးရယ်။ ဒိလိုပဲ အ င်္ဂလန်မှာနေပါများရင် အင်ဂလိပ်တော့ ပြောတတ်တာပဲလေ။ ဘာသာစကားဆိုတာ (ပတ်ဝန်းကျင်ကောင်းမှာ) လေ့ကျင့်ယူရင် လွယ်ပါတယ်။ အသံထွက်ဘိုလို မမှုတ်နိုင်တာနဲ့ပဲ ဘိုသံမပေါက်တာနဲ့ပဲ လောကမှာ ပညာမဲ့ လို့ ဘယ်သူပြောနိုင်မှာလဲ။ ပညာဆိုတာ ချင့်ချိန်မြော်မြင်နိုင်ပြီး, အမှားနဲ့အမှန်ကို ကောင်းကောင်းသိတာ။ တခါတခါ အလုပ်အကိုင် လုပ်နိုင်စွမ်းရည်နဲ့ ပညာတတ်တာ ကို ခွဲမတတ်တဲ့လူတွေက အများသား။ ဘွဲ့တွေ အများကြီးရတာနဲ့ ချမ်းသာအောင် လုပ်နိုင်တာ မတူပါဘူး။ ကိုယ့်အရပ်ကိုယ့်ဒေသမှာ ပညာမတတ်ပေမယ့် သူ့လုပ်ငန်းသူ့နေရာမှာ ဆရာ, သူဌေးဖြစ်တာတွေ နိုင်ငတိုင်း, ဘာသာမတူတဲ့သူတွေတိုင်းမှာ ရှိနေတာပါ။ ဒီလိုပြောလို့ ပညာမတတ်ရဘူး, ဘာသာစကား မကျွမ်းကျင်ရဘူး မရောထွေးစေချင်ဘူး။ ကိုယ့်လုပ်ငန်း, ကိုယ့်အလုပ်ကို ပရော်ဖက်ရှင်နယ် လုပ်နိုင်နေရင် ချမ်းသာအောင် စီးပွါးရှာတတ်ရင်, အဆင်ပြေပြေ နေနိုင်ရင် အဲဒါလည်း ပညာရှင်ပါပဲ။ သူတို့စကားပဲ တတ်တဲ့ ဂျပန်ကြီးသူဌေးကြီးတွေ, တရုတ်သူဌေးကြီးတွေ, အိန္ဒိယ သူဌေးကြီးတွေ ကမ္ဘာမှာ အများကြီးပါ။ ပညာနဲ့ အလုပ်အကိုင်၊ ဘာသာစကား နဲ့ အတန်းပညာ ဗျည်းကွဲအောင် ခွဲတတ်နိုင်ကြပါစေ။