ဒေါ်လာဈေးက ၃၃၀၀ ကျော်သွားတဲ့အချိန်မှာ မိတ်ဆွေတစ်ယောက်က ပြည်ပထွက်ဖို့ နောက်များကျနေပြီလားတဲ့။ ဒီထက်နောက်ကျရင် ဒီထက်ဆုံးရှုံးဖို့ပဲ ရှိတော့တယ်လို့ ပြောလိုက်တယ်။ ငွေကြေးတန်ဘိုးကျနေတယ်ဆိုတာ ပြဿနာ အရဲ့ အဖြေက တစ်ခုတည်းမဟုတ်။ ကိုဗစ်၊ ပြည်တွင်းရှင်းဖို့ခက်လာတဲ့ နိုင်ငံရေးပြဿနာ နဲ့ ရုရှား-ယူကရိန်း ပြဿနာတွေရဲ့ နောက်ဆက်တွဲတွေ။ ထိန်းနိုင်ဖို့နည်းလမ်းထက်၊ ဒီထက်မဆိုးသွားအောင် သီရိလင်ကာ လိုမဖြစ်ပါစေနဲ့ပဲ ဆုတောင်းရတော့မယ်ထင်တယ်။ သူရို့ကတော့ ရွှေဈေး၊ ဒေါ်လာဈေးတွေထိန်းနိုင်ဖို့ စီးပွါးရေးသမားတွေနဲ့ တွေ့ပြီး လက်ချာ ရိုက် အမိန့်တွေနဲ့ ကြပ်လို့ရမယ်ထင်နေတုန်း။ 🙂 တကယ့်အပြင်လက်တွေ့မှာ စီးပွါးရေးသမားကြီးတွေကိုယ်တိုင် ခေါင်းမီးတောက်နေကြပြီ။ ကျောင်းက ဆရာမက အလုံးကြီးအော်နေပေမယ့် အိမ်မှာက ပြားနေတုန်း 😀 ဆီဈေးက တစ်ပိဿာ ၁၂၀၀၀ ဆိုတော့ တို့ပြည်သူတွေလည်း ဂျပန်တွေလို ရေလုံ ပြုပ်စားကြရတော့မယ်။ ဆန်ဈေး၊ ဆီဆေးတွေ မနားတမ်းတက်နေရင် အသေချာဆုံးတစ်ခုက ကိုယ့်ဘာသာ တပိုင်တနိုင် အိုးတွေဝယ်ပြီး စပါးစိုက်ကြရုံပေါ့ 😀 တစ်ခုတော့ ကောင်းတာပေါ့လေ၊ အဆိုးထဲက အကောင်းပြောရမလားပဲ။ ကိုဗစ်တုန်းက ဝခဲ့တဲ့ အဆီတွေ ဒီတခါ တကယ် ဝိတ် ကျ တော့မယ် 😀 ဓါတ်ဆီဈေးကလည်းကြီးရုံတင်မကဘူး၊ ဝယ်ဖို့ခက်လာတော့ စက်ဘီးလေးတွေ တစ်လှည့်၊ လမ်းလျှောက်တလည့်နဲ့ ဘာပဲ ဖြစ်ဖြစ် ကျန်းမာရေးအတွက် ကောင်းတယ်လို့ ပဲ အကောင်းမြင်ကြရုံပေ့ါ 😀
20
Feb
ပြည်ပထွက်ဖို့ နောက်များကျနေပြီလား
February 20, 2024
One Min Read
125
Views
0
Comments
Related Posts
ညီညွတ်ခြင်းက ဘယ်လောက် ပါဝါကြီးကြီး အနိုင်ယူနိုင်တယ် တဲ့။
February 20, 2024
Emotional skills
February 20, 2024
ဒီနေ့ခေတ်ကမ္ဘာကြီး က
February 20, 2024