တကယ်တော့ မနာလိုစိတ်ဆိုတာ သိပ်ကြောက်စရာကောင်းတယ်။ လောဘ နဲ့ မောဟ ပေါင်းစပ်ပြီး ဖြစ်လာတဲ့စိတ်။ လောကကြီး မှာ မငြိမ်းချမ်းတာတွေ, ဖြစ်နေရတာလည်း ဒီစိတ်ကြောင့် ပဲ အဓိက ဖြစ်ကြရတယ်။ ကိုယ့်ထက် သာရင် မနာလိုတာ, ကိုယ့်ထက် ကျောသွားမှာ သာသွားမှာ မလိုလားတာ၊ သူများထက် သာချင်တာ, ကိုယ့်ကို လူတွေ ချီးမြှောက်ဂုဏ်ယူတာကို သဘောကျတာတွေ ဟာ သတိကြီးတဲ့သူတောင် မသိစိတ်လေး မှာ သာယာတွယ်ကပ်နေတတ်တယ်။ ဒါကြောင့် ဒီလို ဉာဉ်ဆိုးလေးတွေက ငယ်ကတည်းက ကပ်ပါလာတတ်လို့သတိပြုရပါမယ်။ ကလေးတွေကို ငယ်ကတည်းက ချီးမွှမ်းသင့်တာ, မြှောက်သင့်တာလေးတွေ လုပ်ပေးသင့်တယ် ဆိုပေမယ့် လိုတာထက်ပိုပြီး ကိုယ့်သားသမီးကို ချီးမြှောက်တာ, ဂုဏ်ပြုတာတွေ များလာရင် ဒီရောဂါမျိုး ကလေးစိတ်မှာ တွယ်ညှိသွားတတ်ပါတယ်။ ငါကတော်တယ်၊ ငါ က ပိုတတ်တယ်, ငါပဲ အမြဲသာနေတယ် လို့မြင်ရင်းမြင်ရင်း ယှဉ်ပြိုင်မှုအလွဲတွေ မပေးသင့်သလို၊ လောဘ စိတ် ပိုကြီးလာအောင်လည်း မလေ့ကျင့်ပေးသင့်ပါဘူး။ ကလေးဘဝလေးတွေဟာ မဝတ်ရသေးတဲ့ အင်ကျီ ဖြူလေးတွေလို ဖြူစင်လို့၊ အရောင် ညစ်တင်လိုက်တာ နဲ့ ထင်းခနဲ့ ရုပ်ဆိုးလှပါတယ်။ ရုတ်တရက်တော့ အစွန်းအထင်းလောက်ရှိတဲ့ အစက်လေးတွေ ဖြစ်ကောင်းဖြစ်နေတယ်ဆိုရင်တောင် ကြာလာရင် ပြန်လျှော်သန့်စင်ဖို့ ခက်ခဲ့သွားမယ်။ တကယ်တော့ လူတိုင်းဟာ မွေးလာတုန်းက အဖြူထည်။ ကိုယ့်ဝန်းကျင်၊ ကိုယ့်အရိပ် ကိုယ့်အနား ပတ်လည်က အမှုန်အမွှားမျိုးစုံ တွယ်ကပ်ညှိပေရင်း စိတ်ရောင်စုံ ဖြစ်ပြီး တချို့ဆို ပျက်စီးသွားကြရတယ်။ အတုမြင်အတတ်သင်ဆိုသလို ပတ်ဝန်းကျင်က သင်ပေးလိုက်ကြတယ်။ ရှေးဘဝ ပါရမီဓါတ်ခံအားနည်းတဲ့သူဆို အရောင်က ပိုအဆိုးခံရတယ်။ ဥပမာ ကြွေသားမကောင်းတဲ့ မစင်အိုးလိုပါပဲ။ ကြွေသားကောင်းရင် ဘယ်လို မျိုး အညစ်အကြေးမှ တွယ်မကပ်နိုင်သလို, ဆေးကြောလွယ်တတ်ပါတယ်။ ဒါက ပါရမီရှိတဲ့သူ အတွက်ပေါ့။ ပါရမီဓါတ်ခံနဲည်းတဲ့သူက ပတ်ဝန်းကျင်မကောင်းရင် ပျက်စီးလွယ်တယ်။ ဒါကြောင့် ပါတ်ၒန်းကျင် ကောင်း ဆိုတာလည်း သိပ်အရေးပါတယ်။ ဆရာတော်ကြီးပြောသလို, ကောင်းတဲ့ဝန်းကျင် ကောင်းတဲ့ရာသိဥတု, ကောင်းတဲ့ ဒေသ မှာနေရခြင်းဟာလည်း လောကီ ကုသိုလ်ထူးပါပဲ။ တခါတခါ ကိုယ်ကိုယ်တိုင်က ဘာမှ မရနိုင်တဲ့ ပညာမဲ့ ဝန်းကျင်မှာ ရောက်နေခဲ့ရင်လည်း ရုန်းထွက်ဖို့ ကြိုးစားကြရတယ်။ တချို့မိဘတွေက အမြင်ကျယ်တယ်။ ကိုယ်တိုင် အားနည်းတဲ့ဝန်းကျင်မှာ နွံနစ်နေရင် သားသမီးးတွေကို မှန်ကန်တဲ့ လမ်းကြောင်းနဲ့ ပညာပေးတယ်။ နေရာကောင်း, ဝန်းကျင်ကောင်းကိုပို့ကြတယ်။ အနည်းဆုံးတော့ ကိုယ့်ထက် ကောင်းတဲ့ ဝန်းကျင်သစ်, ကို ဖန်တီးပေးနိုင်ခြင်းဟာလည်း ကောင်းမွန်တဲ့ အမွေ ပါပဲ။ ဆက်ပါအုံးမယ်။
20
Feb
Related Posts
ညီညွတ်ခြင်းက ဘယ်လောက် ပါဝါကြီးကြီး အနိုင်ယူနိုင်တယ် တဲ့။
February 20, 2024
Emotional skills
February 20, 2024
ဒီနေ့ခေတ်ကမ္ဘာကြီး က
February 20, 2024