မိသားစုအေးချမ်းဖို့ပဲ ဖြစ်ဖြစ်, တည်ငြိမ်တဲ့ ဘဝတွေ ဖြတ်သန်းဖို့ တစ်ခုတည်းသောနည်းလမ်းက စိတ်ခံစားမှုကို ထိန်းနိုင်တဲ့သူဖြစ်ဖို့ အရေးကြီးပါတယ်။ မကောင်းတာကို သိရက်နဲ့ ဇွတ်တိုးနေမိတာမျိုး၊ မလုပ်သင့်တာကို သိရက်နဲ့ လုပ်နေမိတာမျိုး၊ အကျိုးနည်းပြီး အဆိုးကိုပဲ တွန်းပို့နိုင်တယ်ဆိုတာကို သိသိနဲ့တခါတခါ စိတ်အလိုလိုက် ကာ လုပ်နေမိပြီဆိုရင် ကံကြမ္မာဆိုးတွေ ပဲ ကိုယ့်ဆီဝင်လာမှာပါ။ ကောင်းတာတွေ, ကောင်းတဲ့ကံကြမ္မာတွေ လူတိုင်းလိုချင်ကြတာပါ။ ကောင်းတာတွေဖြစ်လာဖို့ ကိုယ့်စိတ်ကို ကိုယ်နိုင်မှ, ဥပမာ ဆယ်တန်းစာမေးပွဲလိုပါပဲ၊ စာတွေကျက်ရမှာသိသိနဲ့ နေ့ရွှေ့ညရွှေ့ ရွှေ့တတ်ကြနဲ့ ကိုယ့်ကိုယ် ကို ဆင်ခြေဆင်လက်တွေနဲ့ အချိန်တွေဖြုန်းတတ်ကြတယ်။ လူဆိုတာ ပျင်းရတာကိုပိုကြိုက်တယ်လေ။ နိမ်ကျခြင်း, ဆင်းရဲခြင်းဟာ အတိတ်ကံတွေနဲ့ဆိုင်တယ်ဆိုပေမယ့်, ပစ္စုပ္ပန်ကလည်း မပံ့ပိုး, အလုပ်မကြိုးစားရင် ပိုဆိုးတဲ့ ဘဝတွေနဲ့ပဲ ရင်ဆိုင်ရမှာပါ။ ဥပမာ အတိတ်ကံအရ ကိုယ်က ဥာဏ်မကောင်းဘူးဆိုပါစို့, ဒီဘဝမှာ ပိုပြီး ၂ ဆလောက်ကြိုးစားရမယ်။ ကိုယ့်ဆီမှာလိုအပ်နေတာ, မပြည့်သေးတာ ဖြည့်ကျင့်ရမယ်။ သူများလို ဖြစ်ချင်တယ်, အားကျတယ်, ဘာသာစကားတွေ ပြောတတ်ချင်တယ်, ဆိုရင် သူများတွေ ဘယ်လိုကြိုးစားအားထုတ်လည်း သိဖို့ကြိုးစားရမယ်, ပြီးရင် လေ့ကျင့်ရမယ်။ ကံ, ဥာဏ်, ဝိရိယ တဲ့လေ။ အလုပ်လုပ်ခြင်းကသာ ဘဝ လှပကြတာပါ။ သင်ယူသင့်တာ, လေ့ကျင့်သင့်တာ တွေ အချိန်မဖြုန်းဘဲ တစ်နေ့ ငါ ဘယ်နှစ်နှစ်နာရီ လုပ်မလဲ, အချိန်ပေးမလဲ ကိုယ့်ကိုယ်ကို စီမံကိန်းလို ချမှတ်ပြီး ၅ နှစ်တန်စီ, ၁၀ နှစ်တန်စီ မပျက်မကွက် ကြိုးစားရမယ်။ ရှိသင့်တတ်သင့်တဲ့ ပညာတွေ ဆည်းပူးဖြည့်ဆည်းထားနိုင်မှ လိုချင်တာ လုပ်ချင်တာ ဖြစ်လာရမှာပါ။ ဂျပန်သွားမယ်ဆိုရင် ဂျပန်ဘာသာစကားကောင်းကောင်းတတ်အောင် အရင်လုပ်ရင် မဖြစ်နိုင်ဘူးဆိုတာ ရှိပါ့မလား။ အလုပ်နဲ့ ကျွမ်းကျင်ခြင်း ဟာ တန်ဘိုးတစ်ခုလို တိုးနေသလို, ဘဝအဆင့်တန်း တစ်ခုကိုလည်း ထောက်ပံ့ပေးနိုင်ပါတယ်။ စာရေးစာချီထက် မန်နေဂျာက လစာဘာလို့ကောင်းတာလဲ။ မန်နေဂျာ ထက် ဒါရိုက်တာတွေ က အဆင့်မြင့်ကြတယ်။ ပညာနဲ့အတွေ့အကြုံတွေ ပေါင်းစပ်ရင် လှေခါးထစ်တွေလို အဆင့်တွေကွာခြားကြပါတယ်။ ပညာကို ကြိုးစားရင်း သင်ယူရတယ်၊ အတွေ့ကြုံကို သည်းခံ အလုပ်လုပ်ရင်းနဲ့ ဖြည့်ဆည်းရတယ်။ ဒီလိုဖြည့်ရတဲ့အခါ စိတ်ခံစားမှုကို ကောင်းကောင်းထိန်းချုပ်ပြီး လိုချင်တဲ့ပန်းတိုင်မရောက်မချင်း, လဲတိုင်းပြန်ထပြီး, အရောက်လှမ်းမယ်ဆိုတဲ့ခိုင်မာတဲ့စိတ်ဓါတ်နဲ့ သွားနိုင်ဖို့လိုပါတယ်။ ဒါမှ သာ အစောက ပြောတဲ့ ကိုယ့်မိသားစုပဲဖြစ်ဖြစ်, ကိုယ်ကိုယ်တိုင်ပဲဖြစ်ဖြစ် တည်ငြိမ်ရင့်ကျက်ပြီး အဆင့်အတန်းရှိတဲ့ လှပတဲ့ဘဝတွေ သေချာပေါက်ရရှိမှာပါ။ တကယ်တော့ မတူတဲ့ဘဝတွေ၊ မတူတဲ့အဆင့်တန်းတွေ ဖြစ်နေကြတယ်ဆိုတာ မတူတဲ့ ကြိုးစားမှုတွေ, မတူတဲ့ အလုပ်လုပ်နိုင်ခြင်းတွေ ကွားသွားတဲ့အတွက်ကြောင့်ဆိုတာ သထိထားမိဖို့လိုပါလိမ့်မယ်။ ဆက်ပါအုံးမယ် ကျေးဇူးတင်ပါတယ်
20
Feb
Related Posts
ညီညွတ်ခြင်းက ဘယ်လောက် ပါဝါကြီးကြီး အနိုင်ယူနိုင်တယ် တဲ့။
February 20, 2024
Emotional skills
February 20, 2024
ဒီနေ့ခေတ်ကမ္ဘာကြီး က
February 20, 2024