ပြည်တွင်းက နိုင်ငံတကာ ကောလိပ်၊ တက္ကသိုလ်တွေတက်ရင် ပြည်ပက အသိမှတ်ပြုလား၊ အလုပ်အကိုင်အခွင့်အလမ်းရော ရပါ့မလားတဲ့။
ပြည်တွင်းမဟုတ်ဘူး၊ ပြည်ပ က ဘွဲ့ရလာလည်း ရလာတဲ့ဘွဲ့နဲ့ဘာမှ မလုပ်တတ်ရင် အလုပ်ရဖို့မလွယ်ပါဘူး။
ပြည်တွင်းက မြန်မာအစိုးရကောလိပ်က ပြီးပေမယ့် နိုင်ငံတကာ မှာ အတွေ့ကြုံတွေရှာပြီး အလုပ်လုပ်နေကြတဲ့ မြန်မာပြည်ဘွဲ့ရတွေ အများကြီးပါ။
နိုင်ငံခြားကျောင်းတွေက ပြီးပေမယ့် အလုပ်ရမယ်လို့ ဘယ်ကျောင်းကမှ အာမခံပြီး မခေါ်ပါဘူး။ အလုပ်ဆိုတာ ကိုယ်နဲ့ဆိုင်တာပါ။ ဘွဲ့တွေရမှ၊ ကျောင်းကြီးတွေကပြီးမှ ရယ်မဟုတ်ဘဲ၊ ဘယ်ကျောင်းတက်တက် တကယ်ကျွမ်းကျင်အောင်သင်ယူနိုင်ဖို့က အရေးကြီးတာပါ။
ကွန်ပျူတာနဲ့ကျောင်းတက်ဘွဲ့ယူပေမယ့်၊ ပရိုဂရမ် မရေးတတ်၊ ဒေတာဘေ့စ် နားမလည်၊ ဘယ် Programming Language နဲ့ ဘာရေးရမယ်ဆိုတာ မသိဘဲ အိုင်တီဘွဲ့ကြီး ကိုင်ပြီး ပြည်ပသွားလည်း ဘွဲ့နဲ့မဆိုင်တဲ့ ကြုံရာ၊ ရရာ ပဲ အလုပ်ရပါလိမ့်မယ်။
ဒီလိုပါပဲ၊ ဘာနဲ့ကျောင်းပြီးပြီး၊ ကိုယ်တက်ခဲ့တဲ့ သင်ယူခဲ့တဲ့ဘာသာရပ်တွေပေါ်မှာ တကယ် အသုံးချလို့ရအောင် သင်ယူမှသာ တကယ်အလုပ်ရမှာပါ။
တချို့ကျောင်းတွေမှာ သင်ကြားရေးကောင်းတဲ့ဆရာတွေ မြန်မာပြည်မှာလည်း အများကြီးရှိပါသးတယ်။
ဆရာက ဘယ်လောက်သီအိုရီတွေ သင်သင်၊ လက်တွေ့က ကိုယ်လုပ်မှရတာပါ။
ခုခေတ်ကလွယ်ပါတယ်၊ YouTube, ChatGPT နဲ့ Google ခေါက်လိုက်ရင် ကိုယ်ရေးချင်တာ, ကိုယ်သိချင်တာ ဆရာကောင်းတွေလို လိုက်ကူကြတယ်။
အိုင်တီ, computer science နဲ့ ပြီးရင် (တကယ်တတ်မြောက်ရင်) ရနိုင်တဲ့ အလုပ်အခွင့်အလမ်းတွေနဲ့ ဝင်ငွေတွေ အကြောင်း ထပ်ရေးပါမယ်။
ကျေးဇူးတင်ပါတယ်။