ခက်တာက iGCSE ကို အတန်းကျော်တက်တဲ့အခါ ပြဿနာရှိနိုင်ပါတယ်။ မြန်မာမိဘတွေ နားလည်လွယ်အောင်ပြောရရင်၊ အရင် (၇)တန်း၊ (၈)တန်းမှာ က Physics, Chemistry, Biology ဆိုပြီး သီးခြားခွဲမသင်ဘဲ သိပ္ပံ(Science) ဆိုပြီး သင်ကြတယ်။ အကယ်၍ ကလေးက (၇)တန်းကနေ အသက်ကြီးလို့ဆိုပြီး (၁၀)တန်းကို ကျော်တက်မယ်ဆိုရင် အဲဒီ Physics တွေ Chemistry တွေ ဘယ်လိုမှ စာ လိုက်နိုင်မှာ မဟုတ်ပါဘူး။
ဒီသဘောပါပဲ IGCSE ကိုကျော်တက်မယ်ဆိုရင် ကလေးသင်ယူခဲ့တဲ့ အနည်းဆုံး သင်္ချာ ဘာသာရပ်တစ်ခုမှာတောင် လိုက်နိုင်ဖို့ ခက်ပါတယ်။
ဒီထက် IGCSE ဖြေလို့ အောင်မှတ်ရတယ်ထားအုံး။ တခြား ပြည်ပတက္ကသိုလ် တချို့က အကြောင်းတစ်ခုခုကြောင့် Academic Records အနေနဲ့ နောက်ကြောင်းပြန်တောင်းရင် ဥပမာ (Grade 9, Grade 8, ) စသဖြင့် ပြန်တောင်းရင် ပိုခက်ခဲသွားပါလိမ့်မယ်။
iGCSE နဲ့ GED ဘာကွာလဲ
——————
ပုံမှန်က IGCSE အတန်းတွေဟာ Traditional School တွေမှာ အစဉ်လိုက် အတန်းတင်ရတာမျိုးပါ။ အသက် (၆)နှစ်ကနေတွက်ရင် Primary ( Year 1 to 6), Lower Secondary ( Year 7 to 9), IGCSE (Year 10 to 11), A level (12 to 13) ဆိိုပြီး အတန်းကူးပြောင်းကြတယ်။
IGCSE က ပုံမှန် အားဖြင့် အသက်(၁၄- ၁၆) နှစ် ဝန်းကျင်။
အကယ်၍ အတန်းစဉ် တက်လာတာမျိုးမဟုတ်ဘဲ ကောလိပ်ကျောင်းတက်ချင်တယ်ဆိုရင် GED က အသင့်တော်ဆုံးဖြစ်ပါလိမ့်မယ်။
GED နဲ့ IGCSE ပုံစံမတူပါဘူး။
GED မှာက IGCSE လို၊ မြန်မာသင်ရိုးတွေလို Physics, Chemistry တွေ သီးခြား မပါဘဲ သိပ္ပံတွဲလိုမျိုး ပေါင်းဖြေရပါတယ် ။ ဒါကလည်း အမေရိကန် တက္ကသိုလ်တွေနဲ့ ယူကေ တက္ကသိုလ်တွေက ပုံစံကွဲပါတယ်။ ဥပမာ အမေရိကန်က (၄)နှစ်တန်း ဖြစ်ပြီး UK က (၃)နှစ် တက်ရတာမျိုးပါ။
နောက်တစ်ခုက ယူကေ က ပထမနှစ်မှာပဲ မေဂျာ(ကိုယ်ကြိုက်တဲ့ အထူးပြုဘာသာရပ်)နဲ့ ရွေးချယ်တက်ရပါတယ်။ ဥပမာ အိုင်တီ သို့မဟုတ် Business, ဒါကြောင့်လည်း ယူကေက iGCSE နဲ့ A level တွေမှာ Business, Accounting, IT, Computing, တဲ့ တခြား သီးခြား ရွေးချယ်ဖြေကြရလေ့ရှိပါတယ်။
အမေရိကားဘက်က တော့ တက္ကသိုလ် ဒုတိယနှစ်လောက်မှာမှ ကိုယ်စိတ်ဝင်စားရာ ရွေးတက်ကြရတဲ့အတွက် သူတို့အထက်တန်းစာမေးပွဲတွေမှာ သီးခြား selected ရွေးဖြေရတာမျိုး မရှိပါဘူး။
GED နဲ့ iGCSE မှာ ဘာ ဘာသာရပ်တွေ သင်ရလဲ
————————–
GED မှာ ကျောင်းသားတွေက (၄)ဘာသာ ဖြေရပါတယ်။
1) Mathematical Reasoning
2) Reasoning Through Language Arts (RLA)
3) Social Studies
4) Sciences
IGCSE မှာတော့ ကျောင်းသားတွေကို အနည်းဆုံး ၅ ဘာသာကနေ ၁၄ ဘာသာ အထိ ဖြေခွင့်ပေးထားပါတယ်။ အများစုကတော့ ၆ ဘာသာကနေ ၁၀ ဘာသာအထိ ဖြေလေ့ရှိပါတယ်။
၁) Languages
(First Language, Second Language, Foreign Language, etc.)
၂) Humanities and Social Sciences
(e.g., History, Geography, Economics)
၃) Sciences
(e.g., Biology, Chemistry, Physics)
၄) Mathematics
(e.g., Mathematics, Additional Mathematics)
၅) Creative, Technical, and Vocational
(e.g., Art and Design, Business Studies, Computer Science, Information and Communication Technology, Music, Physical Education)
အတန်းကျော်တက်မယ်ဆိုရင်
———
အတန်းကျော်တက်မယ်ဆိုရင် အတန်းငယ်တုန်းမှာ ပြေနိုင်ပါတယ်။ ဒါပေမယ့် မိဘဘက်က နားလည်ထားရမှာက ဥပမာ ကလေးက Grade 5 တက်နေတယ်ဆိုပါစို့၊ ကလေး ရောက်တဲ့ အသက်နဲ့ အတန်းက ကွာနေတယ်ဆိုရင်၊ ဥပမာ Grade 7 ကိုကျော်တက်ချင်တယ်ဆိုရင် Grade 6 ကို သီးခြား အပြင်မှာ သင်ပေးနိုင်ဖို့လိုပါတယ်။
ဒီအကြောင်း အသေးစိတ် ပြန်ရေးပါမယ်။
ကျေးဇူးတင်ပါတယ်။