Year 9 ပြီး (သို့မဟုတ်) IGCSE Year 10/11 တက်မယ့် အရွယ်မှာ, IG ဖြေဖို့နဲ့(၂)နှစ်လောက်စောင့်လိုက်ရင်၊ အသက် ၁၈ ကျော်သွားမှာစိုးလို့ GED ပဲ ပြောင်းတက်ရမလားတဲ့။
Year 9 ပြီး (သို့မဟုတ်) IGCSE Year 10/11 တက်မယ့် အရွယ်မှာ, IG ဖြေဖို့နဲ့(၂)နှစ်လောက်စောင့်လိုက်ရင်၊ အသက် ၁၈ ကျော်သွားမှာစိုးလို့ GED ပဲ ပြောင်းတက်ရမလားတဲ့။ GED တက်သင့်တဲ့သူတွေက .. ကိုဗစ် နဲ့ နိုင်ငံရေးမတည်ငြိမ်မှုကြား ကျောင်းဆက်မတက်ခဲ့ရဘဲ အသက်ကြီးသွားတဲ့သူတွေ တနည်း.. လက်ရှိ အသက် (၁၇) ဝန်းကျင် နဲ့ Grade 6, Grade 7, Grade 8, Grade 9 ကြား ရောက်နေတဲ့သူတွေ တနည်း ပညာရေးတပိုင်းတစ်စနဲ့ ဆယ်တန်းမဖြေခဲ့ရဘဲ (သိုမဟုတ်) ကျောင်းတက်ခဲ့တဲ့ အထောက်အထားမရှိတဲ့သူတွေ အတွက် ၊ ခုချိန်ကျမှ ကောလိပ်တက်ချင်သူတွေ . . . အတွက် […]
နိုင်ငံတကာ ကျောင်းတွေ လျှောက်တဲ့ အခါ ဘယ်က စရမလဲ၊ ဘာတွေလိုအပ်လဲ၊ ဘယ်လိုမျိုး လျှောက်ရမလဲ တဲ့။
နိုင်ငံတကာ ကျောင်းတွေ လျှောက်တဲ့ အခါ ဘယ်က စရမလဲ၊ ဘာတွေလိုအပ်လဲ၊ ဘယ်လိုမျိုး လျှောက်ရမလဲ တဲ့။ ၁) Application Form ဒါကတော့ သက်ဆိုင်ရာ ကျောင်းဘက်ကပေးတဲ့ ပထမဆုံး Form ဖြည့်ဖို့ လိုအပ်တဲ့အချက်ပါပဲ။ ကိုယ့်ရဲ့နာမည် နဲ့ ကိုယ့်အကြောင်း (ဥပမာ အမည်၊ မွေးသက္ကရာဇ်၊ ဆက်သွယ်ရန်လိပ်စာ , ပညာရေးနောက်ခံ(academic history), တခြား ဆက်စပ်တာတွေ (ဥပမာအလုပ် အတွေ့အကြုံ) နဲ့ လျှောက်ထားသူရဲ့ လက်မှတ် စသဖြင့်။ ၂) Educational Transcripts ဒါကတော့ ကိုယ်ပြီးထား, တက်ထားခဲ့တဲ့ ကျောင်းက ပညာရေးမှတ်တမ်း မူရင်းနဲ့(မြန်မာလိုဆိုရင် Notary ပြန်ရပါမယ်) (ဥပမာ အမှတ်စာရင်း နဲ့ Report Card လိုမျိုး) […]
အများအတွက်ဖြစ်ဖြစ်၊ ကိုယ့်အတွက်ဖြစ်ဖြစ် ဘဝတစ်ခု ရှင်သန်ဖို့က အရေးကြီးသလို၊ ဘယ်နေရာရောက်ရောက် လူစိတ်ရှိဖို့အရေးကြီးတယ်။
အများအတွက်ဖြစ်ဖြစ်၊ ကိုယ့်အတွက်ဖြစ်ဖြစ် ဘဝတစ်ခု ရှင်သန်ဖို့က အရေးကြီးသလို၊ ဘယ်နေရာရောက်ရောက် လူစိတ်ရှိဖို့အရေးကြီးတယ်။ ခုခေတ်က ကမ္ဘာသူကမ္ဘာသား ဖြစ်သွားပြီ။ အရှေ့တွေ အနောက်တွေ၊ ဘာလူမျိုး၊ ညာလူမျိုး ရယ် ခွဲခြားမရတော့ဘူး။ ဒီမြေကမ္ဘာကြီး ဘယ်လောက်ကျယ်ကျယ် လူသားတွေကပဲ နည်းပညာအထူးဆန်းတွေနဲ့ ချုံ့ ပစ်နိုင်ခဲ့ကြသလို၊ ပညာအမြော်အမြင်ရှိတဲ့သူတွေက သူ့တို့လုပ်ငန်းတွေကို အရှေ့အနောက်၊ တောင်မြောက် အစွမ်းရှိသလောက် ခြေဆန့်လာကြတယ်။ ဥပမာ စတားဘတ်ခ် ကော်ဖီ ၊ ကေအက်ဖ်စီ ကြက်ကြော်၊ မက်ခ်ဒါနော် ဘာဂါ၊ အိပ်ချ်အန်အမ် ဖက်ရှင်စတိုး တို့ကို ကြည့်လိုက် နိုင်ငံ အများကြီး, နေရာ အများကြီးမှာ ရှိကြတယ်။ အရှေ့ဂျပန်က တိုယိုတာ ကားတွေကို အနောက်ဥရောပသားတွေက ဝယ်စီးကြသလို၊ အနောက် က မာစီဒီး, ဘီအမ်ဒဗလျူတို့ကို အရှေ့အာရှသားတွက […]
ဒီအချိန်မှာ စာအုပ်ကြီးတိုင်း မလုပ်ကြဖို့နဲ့ အခြေနေ အချိန်ခါ ကို ချင့်ချိန်ပြီး၊ ပါးပါးနပ်နပ် စီစဉ်ဆောင်ရွက်ကြပါလို့ အရင်ဦးဆုံး အကြံပြုပါရစေ။
ဒီအချိန်မှာ စာအုပ်ကြီးတိုင်း မလုပ်ကြဖို့နဲ့ အခြေနေ အချိန်ခါ ကို ချင့်ချိန်ပြီး၊ ပါးပါးနပ်နပ် စီစဉ်ဆောင်ရွက်ကြပါလို့ အရင်ဦးဆုံး အကြံပြုပါရစေ။ အထူးသဖြင့် ကျောင်းတွေ လျှောက်တဲ့အခါ သတင်းအင်ဖေါ်မေးရှင်း ကောင်းကောင်းမရှာဘဲ၊ ကမူးရှုးထိုး နဲ့ ဆန္ဒစောပြီး မလုပ်မိကြဖို့ အရေးကြီးပါတယ်။ နောက်တစ်ခု က ဟိုဟာ မရဘူး၊ ဒါနဲ့ မရဘူးဆိုပြီးလည်း စွတ်မယုံပါနဲ့။ လက်တွေ့ အပြင်မှာ တကယ်ကျောင်းတက်နေတဲ့သူတွေ စကားနဲ့ အတွေ့အကြုံရှိတဲ့သူတွေ စကား သေချာ ယှဉ်ထိုးပြီးမှ ဆုံးဖြတ်ကြပါ။ ပြည်ပ ကောလိပ်၊ တက္ကသိုလ်တွေက IGCSE O’ level နဲ့ မရဘူး၊ ဆယ်တန်းအောင်မရဘူးဆိုရင် အဲလိုပြောတဲ့သူတွေဆိုရင် သတိသာထားပါ။ တိုတိုပဲ ပြောပါမယ်။ ၁) IGCSE, GED, မြန်မာဆယ်တန်း ပြီးရင် […]
ပြည်တွင်းမှာနေရတဲ့သူတွေ အတွက် လောလောဆယ်ပညာသင်နေတယ်ဆိုရင် အသက်အရွယ်ကျော်သွားလည်း စိုးရိမ်စရာမရှိပါဘူး။
ပြည်တွင်းမှာနေရတဲ့သူတွေ အတွက် လောလောဆယ်ပညာသင်နေတယ်ဆိုရင် အသက်အရွယ်ကျော်သွားလည်း စိုးရိမ်စရာမရှိပါဘူး။ ဘယ်မှ မထွက်နိုင်တဲ့သူတွေ အတွက် အကောင်းဆုံးနည်းလမ်းရှိတယ်။ ကျောင်းသက်ရှည်အောင် မာစတာ, ပီအိပ်ချ်ဒီ တွေ အထိ ဆက်တက်နိုင်အောင်သင်ကြဖို့ပဲ ရှိတော့တာပေါ့။ ဖြစ်နိုင်ရင်တော့ အလယ်အလတ် မိသားစုအထက်နားကလူတွေကတော့ ကုန်ကျစရိတ်နည်းပြီး ဗီဇာလွယ်တဲ့ အနီးဆုံးနိုင်ငံတွေ ထွက်ခွါတာ ပိုပြီး safe ဖြစ်ပါလိမ့်မယ်။ ဟိုမှာ နေစရိတ်ရှိပြီး၊ ကျောင်းမထားနိုင်ရင်လည်း လက်ရှိတက်နေတဲ့ ကျောင်းသို့မဟုတ် ပြည်တွင်းက အွန်လိုင်းသင်တဲ့ကျောင်းတွေမှာ ဆက်တက်နေ လည်း ပြေပါတယ်။ နေရာသစ်ဆိုတာ ရုတ်တရက်တော့ ခက်ပေမယ့်၊ ဘယ်မှာ ဖြစ်ဖြစ် လုပ်စားကြရတာပါပဲ။ မြို့ကလူတွေက သာ ကုတ်ကုတ် ကုတ်ကုတ်နဲ့ စာလုပ်, ပညာသင်နေကြတာ၊ တောရွာကလူငယ် တွေက မလေး၊ ကိုးရီးယား၊ ဂျပန်ရောက်ကုန်ကြပြီ။ လောလောဆယ်တော့ သူတို့က […]
ခုကာလမှာ အများစု မေးတဲ့မေးခွန်းက ပြည်ပ ကျောင်းသွားတက်သင့်သလား ဆိုတဲ့ မေးခွန်းပဲ။
ခုကာလမှာ အများစု မေးတဲ့မေးခွန်းက ပြည်ပ ကျောင်းသွားတက်သင့်သလား ဆိုတဲ့ မေးခွန်းပဲ။ ကျောင်းတက် ပညာသင်တယ်ဆိုတာ၊ ဘွဲ့ရရင်၊ ကျောင်းပြီးရင် အသက်မွေးဖို့၊ ဘဝတစ်ခု ရပ်တည်နိုင်ဖို့ထက် ပိုတဲ့ ကောင်းမွန်တဲ့လိုက်ဖ်စတိုင် တစ်ခု ရွေးကြတာမဟုတ်လား။ ဒါပေမယ့် ကိုယ့်ဆီ အခြေနေက.. နိုင်ငံတစ်ခုမတည်ငြိမ်ရင် ပညာရေး၊ စီးပွါးရေး ဟာ ကင်ဆာလိုပဲ တစ်စတစ်စ ယိုယွင်း ပျက်စီးသွားနိုင်တယ် တဲ့။ မိတ်ဆွေသူငယ်ချင်းတစ်ယောက်က ပြောတယ်၊ တို့ကတော့ အသက်ကြီးပါပြီ၊ သူတို့လေးတွေ အတွက် ရေကြည်ရာ မြက်နုရာ သွားခိုင်းလိုက်တော့မယ်တဲ့။ အရွယ်ရောက်တဲ့သားတွေသမိးတွေရှိတဲ့ မိဘတိုင်း စိတ်ပူကြတဲ့ သူထဲကပေါ့။ နောက်တစ်ယောက် အမြင်က ကျတော့ – “ကျနော်တို့ကတော့ ပြည်တွင်းမှာပဲ ပြိုကျနေတာတွေ ပြန်ပြင်နိုင်အောင် ကျန်တဲ့ သူတွေနဲ့ ထူထောင်မယ်” တဲ့။ […]
ကိုဗစ်တွေကတည်းက အတန်းတွေ အောက်ပြီး အသက်အရွယ်လွန်သွားတဲ့ သားတွေသမီးတွေအတွက် စိတ်ပူနေကြတဲ့ မိဘတွေ ကို နည်းလမ်းပြောပါမယ်။
ကိုဗစ်တွေကတည်းက အတန်းတွေ အောက်ပြီး အသက်အရွယ်လွန်သွားတဲ့ သားတွေသမီးတွေအတွက် စိတ်ပူနေကြတဲ့ မိဘတွေ ကို နည်းလမ်းပြောပါမယ်။ အသက်ရွယ်လွန်သွားပေမယ့်လည်း လက်ရှိတက်နေတဲ့ကျောင်းသား ဖြစ်ကြောင်းပြနိုင်ရမယ်။ ပြည်တွင်းကောလိပ် သို့မဟုတ် ပြည်ပ ကျောင်း တက်နေပါတယ်ဆိုတဲ့ အထောက်အထား ပြနိုင်ရင် ဘာမှ စိတ်ပူစရာမရှိပါဘူး။ ယာယီဆိုင်းငံ့တာမျိုးနဲ့ ပညာကို ဆက်သင်ပါ။ မနေ့ကပြောသလို တည်တည်ငြိမ်ငြိမ် နဲ့ လုပ်စရာရှိတာလုပ်ကြပါ။ ဘယ်ကျောင်းဖြစ်ဖြစ် ကျောင်းတွေ လျှောက်ပါ။ ရတဲ့(သင့်တဲ့) ကျောင်းတက်ပါ။ ပြည်ပဖြစ်ဖြစ်၊ ပြည်တွင်းဖြစ်ဖြစ် ပညာရေးကိုပဲ အာရုံစိုက်စေချင်ပါတယ်။ ပြည်ပကျောင်းတွေကိုလျှောက်တဲ့အခါမှာလည်း တစ်နိုင်ငံ၊ တစ်ကျောင်းတည်းကို ဦးတည်ပြီး မလျှောက်ပါနဲ့။ အကုန် ကြိုးစားကြည့်ပါ။ လိုအပ်တာတွေ အကုန်ပြင်ပါ။ လူငယ်တွေ၊ သားတွေသမီးတွေကို ပြောချင်တာက အင်အားရှိသလောက် အဝေးဆုံး အမြင့်ဆုံးအထိ ပျံသာပျံပါ။ တချိန်မှာ အမေ(အဖေ)နဲ့ […]
အခြေအနေ တစ်ခုခု ဖြစ်တိုင်း စိတ်တည်ငြိမ်ဖို့အရေးကြီးပါတယ်။
အခြေအနေ တစ်ခုခု ဖြစ်တိုင်း စိတ်တည်ငြိမ်ဖို့အရေးကြီးပါတယ်။ ဉာဏ်ရှိရင်၊ ဗဟုသုရှိရင်၊ သတင်းအင်ဖေါ်မေးရှင်း ရရင် ရှောင်လွှဲနိုင်စရာတွေ အများကြီးပါ။ ကျိုးကြောင်းဆက်စပ်တွေးပြီး ကိုယ့်အခြေအနေနဲ့ နိုင်ငံအခြေနေ နားစွင့်ပြီး ချင့်ချင့်ချိန်ချိန် တည်တည်ငြိမ်ငြိမ် ဆုံးဖြတ်ကြပါ။ အရမ်းလည်း စိတ်မပူကြပါနဲ့။ အသက်ရွယ် စဥ်းစားခြင်း ——– တချို့ နယ်က မိဘတွေ နည်းနည်းရှုပ်ထွေးနေတာလေး နည်းနည်းပြန်ရှင်းပါမယ်။ အသက် ၁၅ အောက်ဆိုရင် မြန်မာကျောင်းက grade 9 ဆိုရင် IGCSE (Year 10-11) ကူးဖို့ အဆင်ပြေနိုင်ပါတယ်။ ၁၆ ထဲ ရောက်ရင်တော့ GED တက်သင့်တယ်လို့ပဲ အကြံပေးချင်ပါတယ်။ ဥပမာ ကလေးက ခု (အသက် ၁၅) အောက် Grade 9 တက်နေတယ်ဆိုပါစို့။ International […]
ရုတ်တရက်ဆိုတော့ မိဘတွေ စိတ်ပူပြီးလာမေးကြတယ်။ အရွယ်ရောက်တော့မယ့်သားတွေ သမီးတွေ အတွက်ဆိုတော့ ကိုယ်ချင်းစာပါတယ်။
ရုတ်တရက်ဆိုတော့ မိဘတွေ စိတ်ပူပြီးလာမေးကြတယ်။ အရွယ်ရောက်တော့မယ့်သားတွေ သမီးတွေ အတွက်ဆိုတော့ ကိုယ်ချင်းစာပါတယ်။ သိပ်လည်း ပျာယာမခတ်ကြပါနဲ့။ စိတ်ကို အေးဆေးတည်ငြိမ်အောင်ထားပြီး အခွင့်လမ်းတွေ ရှာဖွေရမှာပါ။ ဆိုင်ရာ ဆိုင်ရာ နားလည်တတ်ကျွမ်းတဲ့သူတွေကို မေးမြန်းကြရမှာပါ။ ဘယ်လောက်ပဲ ခက်ခဲခက်ခဲ၊ ပတ်ဝန်းကျင်ကို နားစွင့်နေတဲ့သူ သို့မဟုတ် Community မှာ ထဲထဲဝင်ဝင် ဝင်ဆန့်တဲ့သူမျိုးအတွက် အခွင့်လမ်းဆိုတာ ရှိနေမြဲပါပဲ။ အပေးအယူ၊ အလျှော့အတင်း တော့ လုပ်ကြရမှာပါ။ ပြည်ပကျောင်းတွေ လျှောက်ရင်လည်း တစ်ခုတည်းပေါ်မှာ(တစ်နိုင်ငံ၊ တစ်ကျောင်းတည်း) မလျှောက်ဘဲ လက်လှမ်းမီသလောက် လျှောက်ကြပါ။ သိတဲ့တတ်တဲ့၊ အတွေ့ကြုံရှိတဲ့ သူတွေကို တဆင့်ချင်း မေးကြပါ။ အစောကပြောသလို၊ အခြေအနေအရ ကိုကြည့်ပြီး တခါတခါ ရတာ မီတာ နဲ့ အမြန်လိုက်နိုင်အောင် ကြိုးစားပါ။ ကျောင်းလျှောက်နည်းတွေ၊ လိုအပ်တဲ့ […]
IGCSE သိုမ့ဟုတ် GED သို့မဟုတ် မြန်မာဆယ်တန်းပြီးကျောင်းသားများအတွက်
ကလေးက အသက် ၁၇ ထဲမှာ၊ ဆယ်တန်းပြီးပြီ၊ iGCSE ပြီးပြီ၊ GED ပြီးပြီ ဆိုတဲ့ ကိုယ်နဲ့နိီးစပ်တဲ့ အဆင်ပြေတဲ့ မိတ်ဆွေ မိဘတွေကို ခဏခဏတိုက်တွန်းမိပေမယ့် (သူများတွေက A level ပြီးမှဆိုလို့ဆရာတဲ့) ခုတော့ ဆရာပြောကတည်းက ထွက်လိုက်ရင် ဆိုတာမျိုးတွေ ငြီးလာကြတယ်။ အခြေနေက ဘာမဆိုဖြစ်လာနိုင်တယ်ဆိုတာ ခန့်မှန်းလို့ရနေလို့၊ တိိတ်တိတ်လေးပြောခဲ့ပေမယ့် မမြင်ကြတဲ့သူတွေ ရှိတယ်။ IGCSE သိုမ့ဟုတ် GED သို့မဟုတ် မြန်မာဆယ်တန်းပြီးတာနဲ့ အနီးစပ်ဆုံး ထိုင်း ကျောင်းတွေ ဈေး အရမ်းသက်သာပါတယ်။ ကိုယ့်နိုင်ငံထဲက တချို့ ကောလိပ်ကျောင်းတွေနဲ့ ဈေးအတူတူလောက်ပါပဲ။ ပြီးတော့ ထိုင်းဆိုရင် စားစရိတ်နဲ့ နေစရိတ်က ကိုယ့်ရန်ကုန်လောက်ပဲ ရှိတာ။ ခုတလော ယူအက်စ်ဘက်ကလည်း ကျောင်းတွေ student visa […]